Breaking News

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )” တာဝန်နှစ်ခု “



( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )
” တာဝန်နှစ်ခု ”
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ် မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို မင်းတို့ဘဝတွေထက်ပိုပြီး ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်
“အချိန်ဆိုတာ ဘဝ”
မင်းအသက် ၃၀ ငါ့အသက် ၈၆ ဒါအချိန်ပဲ အချိန်ကဘဝပဲ အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင် မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်
” နှလုံးသားလှဖို့လိုတယ် ”
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ် ငါအချစ်ဆုံးပဲ သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး သူတို့ကနှလုံးသားမရှိလို့
” အားခဲထားနိုင်ရမယ် ”
စိတ်ပျက်လက်ပျက်ဆိုတာမျိုးမဖြစ်စေနဲ့ စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့
” အကျင့် ”
လူတွေက မကောင်းတာလုပ်ဖြစ်ရင် မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ် မကောင်းတာအကျင့်လုပ်ရင် မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ ကောင်းတာကိုလည်း အကျင့်လုပ်ရင် ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ
” ရခဲမှရတနာ”
အောက်တန်းကျဖို့ဆိုတာ ကြိုးစားနေဖို့မလိုဘူး တစ်နေ့ ငါအောက်တန်းကျရမယ်လို့ အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ ခဲယဉ်းသွားပြီ
” သတိမမူရင် ဂူမမြင်ဘူး ”
လူတွေကသူများထီပေါက်ရင်သာ ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ သူများကျရှုံးရင် ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ သတိဆိုတာပို တယ်မရှိဘူး
” အခိုက်အတန့် ”
လူတွေက ချမ်းသာခြင်းသာ သင်္ခါရလို့ထင်တယ် တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ မင်းကြိုးစားနေသမျှကာလပတ်လုံး အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲေ၇သာခို အချောင်နေနေသရွေ့ မင်းအတွက်ဆင်းရဲခြင်းက ထာဝရပဲ
” တောင်းမှာအကွပ် ”
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန် ဝတ္တရားရှိသောသူတွေကိုက ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.
“စာနာမှု”
“ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း ကြည့်ပေးနိုင်တာကလည်း ယဉ်ကျေးမှုပဲ”
“ရိုးသားပါ ”
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့.. ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်
” လူမိုက်နှင့် လူလိမ္မာ ”
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ် လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့
“ရင်ဆိုင်ပါယှဉ်ပြိုင်ပါ ”
တညည်းညည်း တညူညူနဲ့ “ငါတော့ ကံဆိုးတာပဲလို့ အောက်မေ့နေရင် အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့.. အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး.. ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။
ဆရာကြီးအားလေးစားလျက်ပါ။
Credit:Original uploader.

No comments