ဆရာဝန်တစ်ဦး၏ ရယ်စရာ လွဲလွဲလေးများ
ဆရာဝန်တစ်ဦး၏ ရယ်စရာ လွဲလွဲလေးများ
၁။”ဆရာလေးဆီသာသွား…ဗိုက်ကြီးစေရမယ်”
“ဆရာ ကျွန်မကို လုပ်ပေးနော်။ မမနွယ်က ပြောတယ်။ ဆရာဆီသွားပြီးမှ သူဗိုက်ကြီးတာတဲ့။ ကျွန်မကိုလည်း လုပ်ပေးနော်”
တောသူတွေ စကားပြောတာ အဲ့လို ဗွင်းဗွင်းကြီးပါဆို။မြန်မာစကားရဲ့ ရှုပ်ထွေးပုံကြောင့် ကျုပ်ကသာ မျက်နှာတွေ ပူ၊
သူနဲ့အတူ ပါလာတဲ့သူ့ယောက်ျားကို အားတွေနာနေတာ။ သူမယောက်ျားကလည်း
“ဟုတ်တယ်ဆရာ။ ဆရာလေးဆီသာ သွား။ နင့်မိန်းမ သေချာပေါက် ဗိုက်ကြီးစေရမယ်လို့ မမနွယ်ကပြောလိုက်တယ်”
[ ဟိုတလောက မမနွယ် ဆေးခန်းလာပြတယ်။ အိမ်ထောင်ကျတာ ၂နှစ်ပြည့်ပြီ။ကလေး မရသေးလို့တဲ့။ဘယ်ရပါ့မလဲ။
သူ့ယောက်ျားက ကားသမားကိုး။ မကြာခဏ ခရီးထွက်နေရတာ။ ဒါနဲ့ သူမရဲ့ ရာသီလာတဲ့ရက်တွေမေး ။
ခင်ပွန်းနဲ့ အတူနေရမယ့် ရက်တွေကို တွက်ပေးလိုက်တာ။ တန်းပြီး အိုကေ သွားတာပဲ။ဒါပေမယ့် မမနွယ် လုပ်ပုံကတော့ ဒုက္ခပဲ။
ဘာတဲ့ ….”ဆရာလေးဆီသာသွား..သေချာပေါက် .ဗိုက်ကြီးစေရမယ်”တဲ့လား:-P
၂။”ဖုန်းဆက်မလာသေးဘူး”
အရင်လနဲ့အခုလ အတွင်း ဆေးခန်းကို လာပြတဲ့ ၁၅နှစ်၁၆နှစ်အရွယ် လူပျိုပေါက် ၈ယောက်မှာ Gonorrhoea(ဂနို။ ဆီးပူညောင်းကျ။ကာလသားရောဂါ) လက္ခဏာတွေ တွေ့ရတယ်။
သူတို့ ၈ယောက်လုံးက ကျွန်တော့်ရွာနဲ့ မနီးမဝေးမှာရှိတဲ့ တစ်ရွာထဲကပါ။ ရောဂါရဲ့ Source(ရင်းမြစ်)ကို ရှာဖို့ သူတို့၈ယောက်ကို အမျိုးမျိုး လှည့်ပတ်မေးတဲ့အခါ ၄ယောက်က အမှန်တိုင်း ၀န်ခံကြတယ်။
၎ယောက်ကတော့ ငြင်းဆန်ကြတယ်။ ဒီရောဂါက လိင်ဆက်ဆံရာက တစ်ဆင့်ပဲ ကူးစက်နိုင်တာပါ။
Source(ရောဂါဖြန့်ဝေသူ)ကို သိရတဲ့အခါ သူတို့၈ယောက်ရဲ့ ဒီဆီးပူညောင်းကျ ရောဂါက သောက်ဆေး သို့ ဆေးတစ်လုံးထိုးပေးလို့ပျောက်ပေမယ့် တခြားနောက်ဆက်တွဲရောဂါ(HIV) အတွက် ကျွန်တော် တွေးပူမိပါတယ်။
သူတို့ လိင်ဆက်ဆံစဉ် ကွန်ဒုံး မသုံးခဲ့ဘူးလို့ ပြောကြတယ်။ကွန်ဒုံးသုံးဖို့ ပညာပေးရပြန်ပါတယ်။
သူတို့ကို ရောဂါကူးစက်စေသူကတော့ အဲ့ရွာက အလှဖန်တီးရှင်တစ်ဦးပဲ ဖြစ်တယ်။ကလေး၎ယောက်ကပြောတယ် ကွမ်းဖိုး၊ဆေးလိပ်ဖိုးလည်း မာမီကပေးတယ်တဲ့။ ကလေး၈ယောက်စလုံးက ၄တန်းထိပဲ ပညာသင်ကြားခဲ့သူတွေပါ ။
တိုက်ဆိုင်စွာပဲအဲ့ အလှဖန်တီးရှင် မနေ့က ဆေးခန်းလာပြတယ်။ သာမန် အအေးမိတုတ်ကွေးပါ။ဂနိုက သူ့မှာရှိနေပေမယ့် ရောဂါ် လက္ခဏာ ပြ မနေပါဘူး။
ဂနိုရောဂါအတွက် ထိုးဆေးကို ထိုးပေးလိုက်တယ်။ သူ့ကိုခွင့်မတောင်းမိပါဘူး။ အပြစ်ရှိသလိုတော့ ခံစားရပါတယ်။ နောက် HIV နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းနဲ့ ကွန်ဒုံးသုံးဖို့ တိုက်တွန်းထားတဲ့ စာရွက်တွေ ဖတ်ဖို့ ထည့်ပေးလိုက်တယ်..။
ကျွန်တော်ကလည်း သူ့တစ်ကိုယ်လုံး သိမ်းကျုံး စမ်းမိတာဝန်ခံပါတယ်။[HIV ရှိနေမလား။ ယားနာဖုအမည်းလေးများ(HIVလူနာရဲ့လက်တွေမှာရှိတတ်ပါတယ်။ရေယုံတွေ ရှိနေမလားလို့ပါ]။
သူ့စိတ်ထဲ ဘယ်လိုထင်သွားလဲမသိဘူး။ သူက ပြန်ခါနီး ကျွန်တော့်ဖုန်းနံပါတ်တောင်းသွားတယ်ဗျ:-P
ကျန်းမာရေးရာ တိုင်ပင်ချင်လို့ပဲဖြစ်မှာပါနော့:-P “ကွန်ဒုံး သုံးစေချင်ပါတယ်”
၃။”နောက် မမေးရဲတော့ပါဘူး”
“သားကြီးလာရင် ဘာလုပ်မှာလဲ”
၅နှစ်အရွယ် ကလေးငယ်ကို ကျွန်တော် မေးမိသည်။ ဆေးခန်းနှင့်ဆရာဝန်ကို ကြောက်မနေစေရန် ကျွန်တော့် ဆေးခန်းလာတဲ့ကလေးတိုင်းကို ရင်းရင်းနီးနီး ကျွန်တော် စကားပြောတတ်သည်။
“သားကြီးလာရင် ကိုကြီးလို ဆရာဝန်လုပ်မယ်”
ကလေးငယ်က မဆိုင်းမတွ ဖြေသည်။ ဆေးခန်း၌ ထိုင်စောင့်နေသော အသက်၂၀အရွယ် မိန်းကလေးသုံးယောက်က ကလေးငယ်ကို လေးစားစွာ ကြည့်ကြသည်။
ကလေးငယ်၏မိခင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံး၏။ကျွန်တော်က ကလေးငယ် ကိုသွေးပေါင်တိုင်းရင်း
“ဟ..တယ်မိုက်ပါလား။ဘာလို့ဆရာဝန် ဖြစ်ချင်တာလဲကွ”ဟုမေးတော့ ကလေးငယ်ဆီက စကားသံ ချက်ချင်း ထွက်မလာ။ ကျွန်တော့်အမေးကို ပြန်ဖြေရန် စဉ်းစား နေပုံပေါ်သည်။
“ပြောလေ သား…။ဘာလို့ ဆရာဝန် ဖြစ်ချင်တာလဲ”
“ဆရာဝန်ဖြစ်ရတာ မိုက်တယ်ကိုကြီးရ။ ကောင်မလေးတွေ ဖင်ကို နေ့တိုင်းလှန်ကြည့်ရတယ်လေ”
“အို..ဘာတွေ လျှောက်ပြောနေတာလဲ” ကလေးငယ်၏မိခင်က ကလေးငယ်ကို မျက်ရိပ်မျက်ကဲပြပြီး အော်သည်။
ကျွန်တော်က ကလေးငယ်ကို ဘာပြန် ပြောရမည်မသိ ။ကောင်မလေးသုံးယောက် ကတော့ ခေါင်းငုံပြီးပြုံးနေကြသည်။
၎။”Non Stop နှင့် အို….ဆရာကလဲ”
“ရှမ်း၊မြီးရှည်၊ဆီချက်၊ဆန်ပြား၊ ကြေးအိုးမြေအိုးမြီးရှည်၊ ထမင်းသုပ်၊ ထမင်းဆီဆမ်း၊ လက်ဖက်ထမင်း၊ မုန့်တီ၊မုန့်ဟင်းခါး”
မိတ်ဆွေ တို့ လက်ဖက်ရည်ဆိုင်ထိုင်လို့ စားစရာဘာရလဲမေးတဲ့အခါ စားပွဲထိုးလေးတွေက အထက်ပါစာစုလေးကို Non Stop ရွတ်ပြတာ ကြုံဖူးကြပါလိမ့်မယ်။
ထိုအတူ ကျွန်တော်လည်း သွေးတိုးလူနာလာရင် “ငါးပိ၊ငါးခြောက်၊အငံ၊ဆား၊၀က်သား၊အဆီကဲတဲ့ဟင်းတွေ၊ရယ်ရီမိတ်ဟင်းတွေ၊ အချိုမုန့်ရှောင်”အစာအိမ်လူနာလာရင်
“ကော်ဖီ ၊လက်ဖက်၊အပူအစပ်၊အစာမာ၊ကောက်ညှင်း၊ပြောင်းဖူး၊လက်လုပ်ချဉ်၊ဂျုံနဲ့လုပ်တဲ့မုန့်တွေရှောင်”လို့ ပုံသေနည်းလေးထုတ်ပြီး Non Stopပြောတတ်ပါတယ်။
ဒီမနက် အသက်၂၅နှစ်အရွယ် ကောင်မလေး ဆေးခန်းလာပြတယ်။ခေါင်းမူးလို့လာပြတာတဲ့။ စမ်းသပ်ကြည့်တဲ့အခါ သွေးအားနည်းလက္ခဏာနဲ့တခြား ရောဂါတွေ မတွေ့ရဘူး။
သွေးပေါင်က ပုံမှန်။မျက်ကွင်းနှစ်ဘက်တော့ ညိုနေတယ်။အဲ့ဒီတော့ ခေါင်းမူးတဲ့လူနာတွေကို ကျွန်တော်ပြောနေကြဖော်မူလာအတိုင်း
“အစ်မမှာ စိုးရိမ်စရာရောဂါရယ်လို့ မရှိပါဘူး။ ။ အစားအသောက်ချိန်မေ့ပြီး မှန်မှန်မစားဘဲ အလုပ်ထဲဇွဲကပ်နေတာရယ်။
စိတ်လှုပ်ရှား ပင်ပန်းပြီး အိပ်ရေးပျက်များတာတွေရယ်ကြောင့် ဖြစ်မယ်”လို့ပြောလိုက်တော့ သူမရဲ့ပါးနှစ်ဘက်က နီရဲလာပြီး
“အို….ဆရာကလဲ” လို့ပြောတယ်။
သူမနဲ့အတူပါလာတဲ့ ကောင်လေးက ရယ်နေတယ်။ ကျွန်တော်ပြောတဲ့အထဲ ရှက်စရာ၊ရယ်စရာ မပါဘူးလေဗျာ။ကျွန်တော်တောင် နည်းနည်းကြောင်သွားတယ်။
သူတို့ ပြန်သွားမှ သိရတာက သူတို့အတွဲ ခိုးပြေးလာတာက ၅ရက်ပဲရှိသေးတယ်တဲ့:-P
အဲ့လိုသိရတော့ ကျွန်တော်မှာ မျက်နှာပူပြီး အားနာလိုက်တာဗျာ…..
၅။(`Discount)
အခုချိန် ဆိုင်တိုင်း ဆိုင်တိုင်း Discount တွေချနေကြတော့ Third MBတုန်းက ကြုံခဲ့ရတာလေးကို သတိရမိတယ်။ ကျွန်တော့်ဖုန်းသံမြည်လို့ ကောက်ကိုင်လိုက်တော့ ကျော်ထက်ဆီက ဖုန်းဖြစ်နေတယ်။
(ဟမ်စိုင်း) –ဟယ်လို
(ကျော်ထက်)–အေး သားကြီး။ 78က”Square” အင်္ကျီဆိုင်က 50%Discount ပေးနေတာဟ။ အခု ငါ့သူငယ်ချင်းဖုန်းဆက်လို့။ သွားဝယ်မလို့။မင်းလိုက်ဦးမလား”
(ဟမ်စိုင်း)__မလိုက်တော့ဘူးကွာ။ လက်ထဲငွေ သိပ်မကျန်တော့ဘူး။
(ကျော်ထက်)..အေး။ ဒါဆို ဒါပဲ။ညနေမှ မင်းအဆောင်လာခဲ့မယ်
ညနေရောက်တော့ ကျော်ထက်က ကျွန်တော့်အဆောင်ကို ရောက်လာတယ်။
(ဟမ်စိုင်း)__ဘယ်လိုလဲ။ Discount ပေးတဲ့ဆိုင်က အင်္ကျီတွေ လန်းလား။
(ကျော်ထက်)…မမေးပါနဲ့ကွာ(ပြုံးစိစိမျက်နှာဘေးနဲ့)
(ဟမ်စိုင်း)ဟ…ဘာဖြစ်လို့လဲ။ပြောပါဟ
(ကျော်ထက်)__ဟီးဟီ။
(ဟမ်စိုင်း)ပြောပါဟ။ ရယ်နေသေးတယ်။
(ကျော်ထက်)မင်း မရယ်နဲ့နော်။
(ဟမ်စိုင်း) အေးပါ။ပြောစမ်းပါ။
(ကျော်ထက်)Discountချတဲ့ဆိုင်က အမျိုးသမီး ဘလာစီယာနဲ့အတွင်းခံဘောင်းဘီ ရောင်းတဲ့ဆိုင်ကြီးကွ
(ဟမ်စိုင်း)ဟား…..ဟား….ဟား…..Discountကြိုက်တဲ့ကောင် မှတ်ရော။
၆။ “ရှောင်လင်သိုင်းတတ်ချင်သည့် ဆရာဝန်”
ကိုရင်ဟမ်စိုင်း ရှောင်လင်သိုင်းပညာကို အပူတပြင်း သင်ချင်၊တတ်ချင်နေပါတယ်။
ဆေးခန်ကို ၁၅ရက်သားအရွယ် ကလေး လာပြတယ်။ လက်သည်နဲ့ပဲ မွေးထားတာတဲ့။ ဆီးတွေဝါနေလို့ လာပြကြတာတဲ့။ကလေးကို ကုတင်ပေါ်တင်
ကလေးမှာ Jaundice(အသားဝါရောဂါ) ဖြစ် မဖြစ် အသည်းကြီး မကြီး စမ်းဖို့ အနှီးကို ဖယ်၊ ကျွန်တော့် ခါးကို ကုန်းပြီးအကြည့်နဲ့ကလေးရွှေပန်းက ရှူးရှူးတွေ ပန်းထွက်လာတာ တစ်ပြိုင်နက်တည်း ဖြစ်။
မ၀တ်စဖူး ၀တ်ထားတဲ့ Step shirt အင်္ကျီနဲ့ စတိုင်ပင်လေး သေးတွေ ရွှဲစို။
အသက် ၂၈နှစ်အရွယ် ကလေး မိခင် ဆေးခန်း လာပြတယ်။
“ဆရာ ကျွန်မ နို့တစ်ဖက်က နို့ကြောင်းပိတ်နေလို့”
သားဦးမိခင်တွေမှာ နို့ကြောင်းပိတ်။အကြိတ်အခဲဖြစ်ရာက တဆင့် ပြည်တည်နာဖြစ်သွားတတ်တယ်။ အကြိတ်ဖြစ်တာနဲ့ ရေနွေးထည့်ထားတဲ့ ဖန်ပုလင်း နဲ့ လှိမ့် ပေးဖို့လိုပါတယ်။
ဒါကြောင့် မိခင်ရဲ့ ရင်သားကို ကျွန်တော်စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ခက်တာက ကျွန်တော် ၈တန်းတုန်းက သူမက ၁၀တန်းကျောင်းသူ။
အသက်က သိပ်မကွာဘူး ။ ကျွန်တော် ပါးစပ်က ရင်သားလှန်ပြတာပြောဖို့ အခက်တွေ့နေတာကို သူမက သိပုံရပါတယ်။
“ဒီဘက်က ပိတ်နေတာဆရာ”
သူမက အင်္ကျီကို ပြောပြောဆိုဆို လှန်ပြီး နို့ကြောင်းပိတ်နေတဲ့ ရင်သားကို လက်နဲ့ ဖိကိုင်ပြတယ်။ကျွန်တော့်က အကြည့် သူမရဲ့ နို့ရည်တွေက ရေပန်းအလား ပန်းထွက်လာ။ကျွန်တော့် မျက်လုံးထဲ ၀င်သွားတယ်ခင်ဗျ။
“ဟင်…..ပြောတော့ အစ်မနို့ကြောင်း ပိတ်နေတာဆို.”
“အယ် စောရီးဆရာ။ ကျွန်မ ပြတာ ဘက်မှားသွားလို့။ ဒီဘက်ဆရာ”တဲ့။
ကျွန်တော့် အနောက်ကို ခြေလှမ်း ၃လှမ်းဆုတ်လိုက်မိတယ်။
ကိုရင်ဟမ်စိုင်း ရှောင်လင်သိုင်းပညာကို အပူတပြင်း သင်ချင်၊တတ်ချင်နေပါတယ်လို့
###@###
ပြုံးပျော်ကြစေသော်
ပြုံးပျော်ကြစေသော်
ဟမ်စိုင်း(ဆေး\မန်း)
Health Updates Journal
May,27,2015
Health Updates Journal
May,27,2015

No comments