Breaking News

အောင်မြင်ဖို့ အတွက် ဘွဲ့ရစရာမလိုတဲ့ အကြောင်းအရင်း (၇) ချက်


၁။ ကျွမ်းကျင်မှုနဲ့ အရည်အသွေး
အလုပ်အကိုင်ရရှိမှုဟာ ကျွမ်းကျင်မှုနဲ့ အရည်အသွေးကို မူတည်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်လည်း ဒီအချက်တွေပေါ်မှာပဲ မူတည်တာပါ။ တက္ကသိုလ်တွေဟာ ပညာရေးအတွက် ကောင်းတဲ့နေရာတွေဖြစ်ပေမဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ နေရာတွေ မဟုတ်ပါဘူး။
၂။ ဘွဲ့မရသူ
ဘွဲ့မရရင် အောင်မြင်နိုင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဘွဲ့မရဘဲနဲ့လည်း အောင်မြင်မှုကို ရယူနိုင်တယ်လို့ ဆိုလိုတာပါ။ စတိဗ်ဂျော့၊ ဟင်နရီဖို့ဒ်၊ စတီဗင်စပီးဘာ့ဂ်ျ စတဲ့သူတွေဟာ တက္ကသိုလ်က ဘွဲ့ရသူတွေ မဟုတ်ပါဘူး။
၃။ အပြင်ဘဝ
စာသင်ခန်းထဲမှာထက် အပြင်ဘဝက သင့်ကို ပိုသင်ကြားပေးနိုင်ပါတယ်။ သင်လိုအပ်တာတွေကို ပိုပြင်ဆင်ပေးနိုင်ပါတယ်။ တကယ်လက်တွေ့လုပ်ရင်း သင်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။
၎။ ရွယ်တူတွေထက် သာတယ်
သင်နဲ့ရွယ်တူ တက္ကသိုလ်တက်သူတွေထက် သင်နှစ်သက်ရာ နယ်ပယ်မှာ ပိုရှေ့ရောက်နေပါလိမ့်မယ်။ အဆက်အသွယ် ပိုကောင်းပါလိမ့်မယ်။
၅။ ရှိတာနဲ့လုပ်လို့ရ
ဒီနေ့ခေတ်မှာ ဘွဲ့ရမှ မဟုတ်ဘဲ သင့်မှာရှိပြီးသားအဆက်အသွယ်၊ ကျွမ်းကျင်မှု၊ ငွေကြေးနဲ့ သင့်ဘဝကို အောင်မြင်စွာ ထူထောင်လို့ရနေပါပြီ။ တက္ကသိုလ်မှာ သင်ကြားတဲ့ ပညာရပ်တွေကိုလည်း အပြင်မှာ လေ့လာလို့ရနေပါပြီ။
၆။ စွန့်ဦးတီထွင်
ဖောက်ထွက်တွေးခေါ်တတ်တာ၊ စွန့်ဦးတီထွင်ချင်တာတွေကို တက္ကသိုလ်က ထိရောက်အောင် သင်ကြားမပေးနိုင်ပါဘူး။ ဘောင်တွေ၊စနစ်တွေထဲက လာတဲ့လူမဟုတ်တဲ့အတွက် သင့်တွေးခေါ်မှုက ပိုပြီးလက်တွေ့ကျတတ်ပါတယ်။
၇။ အနည်းငယ်သာ အသုံးဝင်
တက္ကသိုလ်မှာ သင်ကြားခဲ့တာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အနည်းငယ်ပဲ အသုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Source: TN
Credit sayar.com.mm

No comments