Breaking News

အဖေ့ကို ဖေ့ဘုတ်သုံးနည်း သင်ပေးလိုက်တဲ့အခါ


” ငါ့သား .. အ​ဖေ့ကို ​ဖေ့ဘုတ်​သုံးနည်း သင်​​ပေးစမ်းကွာ ”
” ခမျာ ”
အဲဒါမှ ဟုတ်​​ပေ့ ..ကျုပ်​အ​ဖေ ဆိုတာလည်း တသက်​လုံး keypad ဖုန်း​နဲ့ပဲ ၂ပါးသွားလာတဲ့လူ ဖုန်းတစ်​ခါ ​ခေါ်ဖို့အ​ရေး
ဂဏန်းရှာနှိပ်​တာကို အနည်းဆုံး ၁၀မိနစ်​ကြာတယ်​ အဲဒါ​တောင်​ သုံးလာတာ ၆နှစ်​​ရှိပြီ​နော်​။
စဝယ်​တုန်းကများဆို ဖုန်းတစ်​ခါ​ ခေါ်ဖို့အ​ရေး ဂဏန်း နှိပ်​တာ နာရီဝက်​ကြာတယ်​။ ဂဏန်း မှားနှိပ်​မိလို့ ခဏခဏ ဆဲခံရ​ပေါင်းလည်း မနည်းဘူး။
အဲ့​လောက်​ဆို ကျုပ်​အ​ဖေရဲ့ ဖုန်းသုံးကျွမ်းကျင်​မှုကို သ​ဘော​ပေါက်​ကြ​ရော​ပေါ့။ အခု အဲလိုလူက ​ဖေ့ဘုတ်​ သုံးမယ်​ဆို​တော့ ဘယ်
လိုများ သင်​​ပေးရပါ့ .. အဲဒါနဲ့ ကျုပ်​လည်း “အ​ဖေ့ဖုန်းနဲ့ သုံးလို့ မလွယ်​ဘူးဗျ ”
” အဲ့​လောက်​​တော့ ငါသိပါတယ်​ကွာ ဒီမှာကြည့်​ ” ဆိုပြ်ီး အိတ်​ထဲက​နေ ဟမ်းဆက်​တစ်​လုံး ထုတ်​လာတယ်​။
” ငှယ်​ ” အိုင်​ဖုန်းတဲ့
မင်​မြင်​ချင်းပဲ ကျုပ်​ရင်​ထဲ ဆို့တက်​လာတယ်​ မျက်​ရည်​​တွေဝဲလာပြီး အသား​တွေပါ တုန်​လာတယ်​ .. မတုန်​ပဲ ခံနိုင်​ရိုးလား။
သူ့သားဖြစ်​တဲ့ ကျုပ်​ကို​တောင app တစ်​ခုဖွင့်​ဖို့ ၃နာရီ​လောက်​ကြာတဲ့ တရုတ်​ဖုန်းစုတ်​ sec hand ​လေးပဲ ဝယ်​​ပေးခဲ့တာ​လေ။
အဲဒါ ထား​တော့ .. ​လော​လောဆယ်​ စဉ်းစားမိတာက အ​ကောင့်​တစ်​ခု ဖွင့်​​ပေးလိုက်​မယ်​။ သုံးပုံသုံးနည်း နည်းနည်း​ ပြောပြလိုက်​မယ်​။
သူသုံးလို့ အဆင်​မ​ပြေရင်​ ဒီဖုန်းက ကျုပ်​အတွက်​ပဲ ဖြစ်​လာမယ်​ ..
အဲဒီ​တော့က ” ဒီဖုန်းဆိုရပီ အ​ဖေ .. အခုပဲ အ​ကောင့်​တစ်​ခု ဖွင့်​​ပေးလိုက်​​မယ်​ ”
စိတ်​ထဲမှာ​တော့ ပီတိများစွာဖြင့်​ ” ​ဟျောင်း .. ​နေအုံးဟ စွတ်​ဖွင့်​ မ​နေနဲ့ .. ငါ နာမည်​ စဉ်းစားထားတာ ရှိတယ်​ ”
” ငင့်​ .. အ​ဖေ့နာမည်​ပဲ ဖွင့်​ပါလား ” ​ဟေ့​အေး .. ဖွင့်​ချင်​ဘူး  ” ဒါဆို နာမည်​​ပြော  pinky ..
” ဟာ .. အ​ဖေ အာ့ မိန်း​ခေး​တွေ သုံးတာ  ” ဒါဆို dolly ..  ” ဟာ .. မဟုတ်​​သေးဘူး  Cuttie  နီးစပ်​​လာပီ
” cuttie love kglay ”
” ငှယ်​ ”
ဘယ်​လိုမှလည်း ​ဖျောင်းဖြလို့ မရ​တော့ ကျုပ်​လည်း အဲဒီနာမည်​နဲ့ပဲ ဖွင့်​​ပေးလိုက်​ရတယ်​။
ထိပ်​ဆုံး add ခံလိုက်​တာကလည်း ကျုပ်​ပဲ။ အဲဒီ​နေ့ကစပြီး ကျုပ်​လည်း တိုင်​ပတ်​တာပဲ။ မနက်​မိုးလင်းတာနဲ့ ​ယောင်​လို့များ အွန်
လိုင်း​ပေါ် မတက်​လိုက်​နဲ့ .. တက်​လိုက်​တာနဲ့ “ငါသား .. နိုးပီလား ” messager က​နေ စာပို့လာတာ
” ဟုတ်​ .. အ​ဖေ ”
” ဪ.. ​အေး ​မောနီး သား အ​ဖေ့ကို ချစ်​ရင်​ တစ်​ခုခု​ ပြောခဲ့ပါလား  ” ဟုတ်​ .. ​မောနီး ပါ ​ဖေ​ဖေ ” စွန်း​ ပျော်​ပီ​လေ ”
ညယ်​ .. အဲဒါနဲ့ မပြီး​သေးဘူး ​နေ့လည်​​နေ့ခင်း ​ဖေ့ဘုတ် ​ဖွင့်​ကြည့်တော့ အွန်​လိုင်းမှာ ရှိ​နေတယ်​ဗျာ။ ကျုပ်​မှာ တစ်​အိမ်​ထဲ​နေပြီး chat ​ပေးရတယ်​။
” ​ဟျောင့်​ သားရီး .. အခု မင်းဘယ်​မှာတုန်း  ” အိမ်​မှာပဲ​လေ အ​ဖေရဲ့ ” ​အေး .. ငါ မင်းအွန်​လိုင်း တက်​လာတာ ​​စောင့်​​နေတာ
ဟင်​ .. ဘာလို့  ” ငါအခု အိမ်​သာတက်​​နေတာ ၂နာရီ​ကျော်​​နေပီ
ငါ အီးကုန်းစက္ကူ​မေ့ခဲ့ လို့ .. ယူလာ​ပေးအုံး  ” မြတ်​စွာဘုရား ” အဲလိုနဲ့ပဲ ကျုပ်​အ​ဖေ ​ဖေ့ဘုတ်​သုံးတာ တိုးတက်​လာပြီး
အခုဆို ​check in ​တွေဘာ​တွေ ဝင်​​နေပြီ။ ဘယ်​​နေရာ​ ရောက်​​ရောက်​ ဓာတ်​ပုံရိုက်​တင်​တယ်​။
တ​နေ့ကလည်း သူ့အ​ကောင့်​က​နေ ဓာတ်​ပုံတင်​ပြီး ကျုပ်​ကို Tag တယ်​ .. ကျုပ်​ကလည်း လက်​က အကျင့်​ပါ​နေ​တော့
haha reaction ​ပေးလိုက်​တယ်​ .. မကြာပါဘူး .. comment က​နေ ​လှော်​ပါ​လေ​ရော
” ​ဟျောင့်​ လိမို့ haha reaction ဝင်​​ပေး​နေတာလား ”
ကျုပ်​ကလည်း ဖ​အေဆို​တော့ reply မလုပ်​ရဲဘူး​လေ။ စိတ်​ဆိုး​နေတာကိုး .. အာ့နဲ့ haha ကို ပြန်​ဖြုတ်​ပြီး like ​ပဲ ပြန်​​ပေးလိုက်​တယ်​။
အဲဒါမှ ပိုဆိုးသွား​ပါ​လေရော” ​ငလူး ဘာလဲ .. မင်းက သားအဖချင်း ​ချေတာလား ” ဟာ .. မဟုတ်​ပါဘူး ​ဖေ​ဖေ ”
” စွန်း ဝမ်းနည်းလက်​ထှာကွာ ”
” ဟာ ”
အဲဒီ​နေ့ကစပြီး ကျုပ်​မှာ သူ ဘာတင်​တင်​ အ​ခြေ​နေ​ပေါ် ကြည့်​ပြီး like နဲ့ comment ​တွေ ဝင်​​ပေးရတယ်​ ..
မ​ပေးရင်​ အ​ဖေက တစ်​ပတ်​တိတိ မုန့်​ဖိုး ဖြတ်​​တယ်​​လေ။ အခု​တော့ ကျုပ်​လည်း အဲဒီ အိုင်​ဖုန်းဆိုတာကြီးကို မမက်​​တော့ပါဘူး ..
အ​ဖေပဲ သုံးပါ​စေ​တော့။ အ​ဖေလည်း အခုဆိုရင်​ page တစ်​ခု​မှာ admin ​တောင်​ ဖြစ်​​နေပြီ .. ​။
၁လ​လောက်​ ကြာ​တော့ ကျုပ်​လည်း ​နေသားကျလာပြီ .. အ​ဖေနဲ့ လည်း ​တော်​​တော်​​လေး အဆင်​​​ပြေသွားပြီ ..
အဲဒီလို အ​ခြေ​လေး ​ရောက်​ရုံရှိ​သေး ​နောက်​ပြသနာတစ်​ခုပါ ထပ် တိုးလာပါ​တော့တယ်​ ..
” ငါ့သား အ​မေ့ကို လည်းဖေ့ဘုတ်​ အ​ကောင့်​ဖွင့်​​ပေးပါလား ” တဲ့
 အန့်​​အောဘ !
#ဖိုးလပြည့်
Credit

No comments