Breaking News

ကိုယ့်ထက်အသက်ကြီးတဲ့သူကို ချစ်သူအဖြစ်ရွေးထားရင်…


ဟိုလူ့ကိုမှ ချစ်မယ်၊ ဒီလူ့ကိုမှ ချစ်မယ်လို့ စိတ်ကူးထဲမှာ ရှိပေမယ့် တကယ့်ရင်ခုန်တာကတော့ ကိုယ့်စိတ်ကူးထဲကသူ ဖြစ်ချင်မှ ဖြစ်မှာပါနော်။
အချစ်ဆိုတာ ရွေးချယ်ချစ်လို့ မရတတ်တဲ့ အရာပါပဲ။ ဟိုလူ့ကိုမှ ချစ်မယ်၊ ဒီလူ့ကိုမှ ချစ်မယ်လို့ စိတ်ကူးထဲမှာ ရှိပေမယ့် တကယ့်ရင်ခုန်တာကတော့ ကိုယ့်စိတ်ကူးထဲကသူ ဖြစ်ချင်မှ ဖြစ်မှာပါနော်
ကိုယ်က ကိုယ့်ထက်ငယ်တဲ့သူ ကြိုက်ချင်ပေမယ့် ကိုယ့်ထက်ကြီးတဲ့သူကို ချစ်မိသွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။ ဒီတော့ ယောက်ျားလေးတွေလည်း မမကိုချစ်မိနိုင်သလို ကောင်မလေးတွေကလည်း ကိုကြီးအရွယ်တွေကို အသည်းစွဲ ဖြစ်နိုင်ပါတယ်
ကိုယ့်ထက်အသက်ကြီးတဲ့သူကို ချစ်မိသွားပြီး ချစ်သူတော်လိုက်ပြီဆိုရင် ဘယ်လိုလေးတွေ ကြုံရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်
ခပ်တည်တည်နေမယ်
ကိုယ့်ထက်အသက်ကြီးတဲ့သူတွေက အချစ်တွေကို အကုန်လုံးထုတ်ပြပြီး မချစ်ပြတတ်ကြပါဘူး။ သူတို့ ပုံစံက အမြဲခပ်တည်တည်နေလေ့ရှိတဲ့ပုံပါ။ တစ်ခါတလေ ပြုံးပြဖို့ကိုတောင် တောင်းဆိုရတတ်တဲ့အထိ သူတို့က သိုဝှက်တတ်ကြပါတယ်။
ဒါပေမယ့်လည်း ရင်ထဲမှာတော့ နင့်နေအောင် ချစ်တတ်တယ်ဆိုတာ ယုံပါ။ ကိုယ့်ထက်ကြီးတဲ့သူကို ချစ်မိထားတယ်ဆိုရင်တော့ သူတို့ ခပ်တည်တည်နေတတ်တာကို နားလည်ပေးရပါမယ်နော်။
ကိုယ်ဘာလုပ်လုပ် သိနေမယ်
ကိုကို၊မမတွေက အမြဲပဲ စောင့်ကြည့်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်ရဲ့ ငယ်ရွယ်တဲ့အချိန်လေးတွေကို ပျော်ပါစေဆိုပြီး အရမ်းကြီး မချုပ်ခြယ်တတ်ကြပါဘူး။ ဒါပေမယ့်လည်း ကိုကို၊ မမတွေကတော့ ကိုယ်ဘာလုပ်နေသလဲ၊ ဘယ်လိုခြေလှမ်း လှမ်းနေသလဲဆိုတာ သိပြီး စောင့်ကြည့်တတ်ပါတယ်နော်။ ဒီတော့ ကိုယ်က ကလေးပဲဆိုပြီး မဆိုးပါနဲ့နော်။
သူတို့အလုပ်တွေကို နားလည်ပေးရမယ်
ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကို၊ မမတွေကို ချစ်မိပြီဆိုရင်တော့ နားလည်ပေးရမှာတွေ ရှိပါတယ်နော်။ ကိုယ်က အငယ်ပဲ ကလေးလုပ်ပြီး ဆိုးလို့ရပေမယ့် အခြေအနေကိုတော့ ကြည့်တတ်ဖို့ လိုတယ်မလား။
သူတို့ အလုပ်များနေတဲ့အချိန်၊ အလုပ်ကြောင့် စိတ်ညစ်နေရတာမျိုး ရှိတယ်ဆိုရင်တော့ နားလည်ပေးဖို့ လိုပါတယ်နော်။ ပူညံပူညံ လုပ်ပြီး ဟိုလိုက်ပို့ ဒီလိုက်ပို့ ဆိုတာလေးတွေ လျှော့နော်။ ဒါမှ ကိုကို မမတွေရဲ့ အချစ်ကို အပြည့်ရမှာပါ။
ချွဲတတ်ပါစေ
ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူကို ချစ်ထားပြီဆိုရင်တော့ ချွဲရမယ်နော်။ ဒါပေမယ့်လည်း ချွဲတတ်ရပါမယ်။ ကိုကို၊ မမတို့ကို စိတ်ညစ်သွားတဲ့အထိတော့ မချွဲရဘူးနော်။ ကိုကို မမတို့ ပိုပိုချစ်လာအောင် ချွဲရပါမယ်။
တစ်ခါတလေ လူကြီးဆန်ပါ
ကိုကို မမတွေက ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးဆိုပေမယ့် တစ်ခါတလေမှာ သူတို့စိတ်က ကလေးလိုပါပဲ။ ကလေးဆန်တဲ့ ကိစ္စလေးတွေ ရှိပါတယ်။ ဒီအခါမှာတော့ ကိုယ်က လူကြီးဆန်တတ်ဖို့ လိုပါတယ်။
Credit_7 Day News

No comments