လှကြစမ်းပါ
❤ လှကြစမ်းပါ ❤
❤ကမ္ဘမှာမြန်မာအမျိုးသမီးတွေဆိုတာ
မဟာဆန်တဲ့အလှတရားတွေပိုင်ဆိုင်ထားကြတယ်လို့
အများကသတ်မှတ်ထားကြတာပါ။
❤မြန်မာမိန်းကလေးတွေဆိုတာ
ကိုယ်ပိုင်ယဉ်ကျေးမူ,
မြတ်နိုးဖွယ်ရာဝတ်စားဆင်ယင်မူ,
မြင့်မြတ်တဲ့အကျင့်စရိုက်,
ရိုးရှင်းတဲ့ဘဝတွေနဲ့အတူ
အားလုံးကမြတ်နိုးလေးစားတန်ဖိုးထားမူနဲ့
ရှင်သန်နေကြတာပါ။
❤မိန်းကလေးတိုင်း
လှချင်ကြပါတယ်,လှလို့လည်းရပါတယ်,
လှအောင်လည်းပြင်ဆင်ကြပါတယ်။
❤ဒါပေမယ့်
ကိုယ်ကိုယ်တိုင်တခြားသူထက်ထူးခြားအောင်
သိက္ခာမဲ့စွာလှနေတာ
သရုပ်ပျက်စွာလှနေတာ
အရှက်တရားကင်းမဲ့စွာလှနေတာကတော့
ကိုယ့်ရဲ့စရိုက်နဲ့အဆင့်အတန်းကို
အများသိအောင်ချပြလိုက်တာမို့
က်ုယ့်ကိုတန်ဖိုးထားလေးစားမယ့်အစား
ကဲ့ရဲ့လှောင်ပြောင်အထင်သေးကြမှာကတော့
သေချာသလောက်ပါပဲ။
❤မိန်းကလေးဆိုတာ
သိက္ခာမဲ့မှ
သရုပ်ပျက်မှ
အရှက်တရားမဲ့မှလှမယ်ဆိုပါရင်
အဲဒီအလှတရားကိုမမက်မောသင့်ပါဘူး။
❤မိန်းကလေးတစ်ယောက်က
ရိုးရိုးယဉ်ယဉ်ဝတ်စားဆင်ယင်တာ
သပ်သပ်ရပ်ရပ်နဲ့လုံလုံခြုံခြုံဝတ်စားဆင်ယင်တာတွေကသာ
ယဉ်ကျေးပြီးသိက္ခာရှိရှိ,အဆင့်အတန်းရှိရှိနဲ့လှတဲ့
အလှတရားဆိုတာ
အားလုံးကနားလည်ထားကြပါတယ်။
❤မိန်းကလေးတစ်ယောက်က
အတိုအဟိုက်အထော်အချွတ်တွေဝတ်ဆင်လိုက်တာနဲ့
ထင်ရှားမူနဲု့ပုရိသတွေကိုဆွဲဆောင်နိုင်ပြီလို့
ထင်နေတာလား?
ဆွဲဆောင်နိုင်တာကတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဒါပေမယ့်,
အဲဒီဆွဲဆောင်ခြင်းတွေက
(Violence)အကြမ်းဖက်မူတစ်ခုခုဖြစ်အောင်
ဆွဲဆောင်နေတာဖြစ်လို့
ရှက်စရာတောင်ကောင်းနေပါသေးတယ်။
❤ဒါကြောင့်မိန်းကလေးတိုင်း
သိက္ခာရှိရှိ,အဆင့်အတန်းရှိရှိနဲ့
အများတစ်ကာကတန်ဖိုးထားလေးစားရတဲ့
ဝတ်စားဆင်ယင်မူမျိုးနဲ့သာ
ကမ္ဘာမှာမြန်မာမိန်းကလေးတွေဆိုတာ
မဟာဆန်သူလေးတွေအဖြစ်ဂုဏ်ယူဝံကြွားနိုင်အောင်
လှနေကြဖို့လိုအပ်ပါတယ်။
23rd Nov,2018.
Credit 📃Nan Khin May Win
စာကိုကူးယူလျှင်မူရင်းရေးသားသူအား
Credit ပေးပါ။

No comments