Breaking News

လည်ပင်းကြီး ရောဂါ ကုသဆေး


 လည်ပင်းကြီး ရောဂါ ကုသဆေး

အပူကိုအကြောင်းခံသည်ဖြစ်စေ။ အအေးကိုအကြောင်းခံ၍ ဖြစ်စေ ဖြစ်တတ်သောလည်ပင်းကြီးရောဂါ၊ မုတ်ရောဂါဟူသမျကို ရာသီမရွေး အချိန်မရွေး သောက်သုံးရုံဖြင့် ၂ပါတ် /တစ်လ /နှစ်လ/ အတွင်း ပျောက်ကင်းသေား ဆေးကောင်းတစ်လက်ကို
အလှဖျက်သော လည်ပင်းကြီးရောဂါဝေဒနာရှင်များအတွက် စေတနာဗရဗွဖြင့် ဝေဒနာအသာကျရအောင် ကုသိုလ်ပြုလိုက်ရပါတယ်။
လက်တွေ့သုံးပါ လက်တွေ့ပျောက်ပါလိမ့်မယ်။ အပြောနဲ့မယုံပါနဲ့။လူလိမ်လူကောက် အတုအယောင်တွေပေါလှသည့်ခေတ်မှာ စစ်မှန်သော ကျွန်ုပ်၏ စေတနာနှင့် ဆေးကြောင့် ဝေဒနာရှင်များ ပျောက်ကင်းချမ်းသာကြပါစေ။
ဤဆေးသည် အဘဆရာကြီးကုသနေသောဆေးဖြစ်ပြီး ရရန်အချိန်ကြာမြင့်စွာ ခြေဆုပ်လက်နယ်ပြုပြီးမှရသောဆေးဖြစ်သည့်အတွက် ကျွန်တော့်အဖို့ ရွှေပါပဲ။ တန်ဘိုးမထားလုပ်တာမဟုတ်ပါ ကျွန်တော်သိလျှက်ကျွန်တော်သာရမည် အများသိမှ လူများစွာပျောက်ကင်းကြမည်ဖြစ်သည့်အတွက် မျှဝေခြင်းဖြစ်ပါတယ်။
အခကြေးငွေအဆမတန်ဖြင့် ရောင်းချခြင်းမှရှောင်ကျဉ်ပါ။
ဆေးနည်း
၁။ဇာတိပ္ဖိုလ်သီး ၁ ကျပ်သား
၂။ ပန်းနု ၁ ကျပ်သား
၃။ ပန်းမ ၁ ကျပ်သား
၎။ကတ္တရသင်္ချေ ။
၅။ဇီရာ ။
၆။ ဆေးပုစွန်ထုပ် ။
၇။ ဖာလာ ။
၈။ ရိုးတုံ ။
၉။ချောင်းကြား ။
၁၀။ ဒန္ဒကူးအဖြူ ။
၁၁။သိန္ဓော ၃ ကျပ်သား
၁၂။ ဆားပုပ် ၃ကျပ်သား
၁၃။ ဇဝက်သာ ၃ ကျပ်သား
၁၄။အိမ်သုံးဆား ၃ကျပ်သား
၁၅။မြန်မာဆားခါး ၃ကျပ်သား
၁၆။ စေမခန်း ၁ကျပ်သား
၁၇။လေးညှင်း ။
၁၈။ကြံ့သွေး ။
၁၉။ ဒန္ဒကူးအနီ ၄ကျပ် ၈ ပဲ
၂၀။နံ့သာဖြူ (အိန္ဒိယ) ၄ကျပ် ၈ပဲ
၂၁။ နံ့သာနီ (အိန္ဒိယ) ၅ ကျပ်သား
၂၂။ နွယ်ချို ၅ကျပ်သား
၂၃။ကံကော်ဝစ္ဆံ ၅ကျပ်သား
၂၄။ဒိုဘာလာသကြား ၅ကျပ်သား
အားလုံးအမှုံ့ပြု၍ တစ်ခါသောက် လဖက်စားဇွန်းတစ်ဇွန်း ခွဲခန့် တစ်နေ့ ၃ ကြိမ်သောက်ပါ။ ၂ ပါတ်နှင့်ပျောက်သည်ကိုမြင်ဖူးပါသည်။ အချို့မှာ ၁ လ ၂လ ကြာမှပျောက်သည်လည်းရှိပါသည်။
အနုအရင့်အပေါ်မူတည်ပါသည်။မပျောက်သူဟူ၍မရှိ။
သေချာ ကျနစွာဖေါ်စပ်စားသုံးကြပါ။ဘေးထွက်ဆိုးကျိုးမရှိသောဆေးတော်ကြီးဖြစ်ပါသည်။ ဘာသာမရွေး သောက်သုံးနိုင်ပါသည်။
ကြိုတင်ကာကွယ်လိုသူများသောက်သုံးသင့်သည်။အပူအပုပ်ကင်းလျှက် ဒူလာ မီးယပ်မကပ်နိုင်ချေ။
စေတနာများစွာဖြင့် ဝေဒနာပျောက်စေအံ့ ။

Credit...ဆရာကျော်လင်းအောင်

No comments