အိမ်မြှောင်ကပေးတဲ့ သင်ခန်းစာ
အိမ်မြှောင်ကပေးတဲ့ သင်ခန်းစာ
==================
အရမ်းမှတ်ဖို့ကောင်းပါတယ်
ဂျပန်နိုင်ငံက အိမ်တစ်အိမ်မှာ
အိမ်ကိုပြန်လည်ပြုပြင်ဖို့ နံရံကိုခွာကြပါတယ်….
ဂျပန်အိမ်တွေဟာ သာမန်အားဖြင့်
သစ်သားနံရံနှစ်ခုကြားမှာ ဟပြီး
အခေါင်းပေါက်လိုမျိုး ထားလေ့ရှိပါတယ်…
နံရံကိုခွာချလိုက်တဲ့အခါ အိမ်ရှင်ဟာ
ခြေထောက်မှာသံချောင်းစိုက်နေတဲ့
အိမ်မြှောင်တစ်ကောင်ကိုတွေ့ရပါတယ်…
အိမ်အပြင်ဘက်ကရိုက်လိုက်တဲ့ သံတစ်ချောင်းဟာ
အထဲကအိမ်မြှောင်ရဲ့ခြေထောက်မှာ
သွားစိုက်နေတာဖြစ်ပါတယ်…
အိမ်မြှောင်ကိုကြည့်ပြီး သူတော်တော်သနားသွားပါတယ်…
တစ်ချိန်ထဲမှာပဲ သိချင်စိတ်လည်း ပြင်းပြသွားပါတယ်…
ဘာကြောင့်လဲဆိုတော့ သံချောင်းကိုကြည့်လိုက်တဲ့အခါမှာ
ဒီအိမ်ကို စဆောက်ခဲ့စဉ် လွန်ခဲ့တဲ့ ၃ နှစ်က
ရိုက်ထားတဲ့သံချောင်းဖြစ်နေလို့ပါပဲ…
ဒီအိမ်မြှောင်ဟာ ဒီလိုပုံစံမျိုးနဲ့ ၃ နှစ်လုံးလုံး
အသက်ရှင်နေနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ…
မှောင်မည်းနေတဲ့ နံရံနှစ်ခုကြားမှာ ၃ နှစ်လုံးလုံး
မရွေ့မလျားပဲ အသက်ရှင်နေနိုင်တယ်ဆိုတာ
မဖြစ်နိုင်သလောက်ပါပဲ… တကယ့် အံ့မခန်းပါပဲ…
ဒီအိမ်မြှောင်ဟာ ၃ နှစ်လုံးလုံး
ဘယ်လိုအသက်ရှင်နေထိုင်နိုင်လဲဆိုတာကို
သူ တအံ့တသြဖြစ်နေပါတယ်…
ခြေထောက်မှာသံရိုက်ထားတဲ့အတွက်
နည်းနည်းလေးမှ လှုပ်ရှားသွားလာလို့ ရမှာမဟုတ်ပါဘူး….
ဒါကြောင့် သူက လုပ်လက်စအလုပ်တွေကို
ရပ်ထားပြီး အိမ်မြှောင်ကိုစောင့်ကြည့်ပါတယ်…
ဒီအိမ်မြှောင်ဘာတွေလုပ်နေတယ်…
ဘာတွေစားနေတယ်ဆိုတာကို သိရအောင်ပေါ့…
နည်းနည်းကြာတဲ့အခါ ဘယ်ကထွက်လာမှန်းမသိတဲ့
တခြား အိမ်မြှောင်တစ်ကောင်ကို တွေ့ရပါတယ်…
ပါးစပ်မှာလည်း အစာကိုကိုက်ထားပါတယ်…
သူအံ့သြတကြီးဖြစ်သွားပြီး နက်နက်နဲနဲခံစားလိုက်ရပါတယ်…
ခြေထောက်မှာ သံစူးနေတဲ့ အိမ်မြှောင်အတွက်
တခြား အိမ်မြှောင်တစ်ကောင်က ၃ နှစ်လုံးလုံး
အစာကျွေးနေတယ်ဆိုတာကို သူသိလိုက်ရပါတယ်…
မြင်ယောင်ကြည့်လိုက်ပါ… ၃ နှစ်ဆိုတဲ့အချိန်
အကြာကြီးအထိ သူ့အဖော်အတွက် မျှော်လင့်ချက်တွေကို
ဖမ်းဆုပ်ပြီး မငြီးမငြူအစာရှာကျွေးနေခဲ့တာပါ…
သင့်ရဲ့ အဖော်အတွက်ဆိုရင်ကော
သင်ဒီလောက်လုပ်ပေးနိုင်ပါ့မလားလို့ စဉ်းစားကြည့်ပါ…
စဉ်းစားကြည့်ပါ… သင့်ကိုကိုးလလုံးလုံးဝမ်းနဲ့လွယ်..
ဒုက္ခပေါင်းစုံသင့်အတွက်ရင်ဆိုင်ပြီး
သင့်ကိုလူ့လောကထဲခေါ်ဆောင်ပေးခဲ့တဲ့
သင့်အမေအတွက်ကော သင်ဒီလိုလုပ်ပေးနိုင်ပါ့မလား…
ဒါမှမဟုတ် သင့်အဖေ… မိတ်ဆွေသူငယ်ချင်း…
ညီအစ်ကိုမောင်နှမတွေ…
ဘယ်သူ့အတွက်သင်လုပ်ပေးနိုင်မလဲ….
ဒီလိုသေးငယ်တဲ့ သက်ရှိသတ္တဝါလေး
လုပ်နိုင်တဲ့အလုပ်ကို ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတဲ့
သင့်လိုသက်ရှိလူသားတစ်ယောက်က
မလုပ်နိုင်ခဲ့တာကို မြင်ယောင်ကြည့်လိုက်ပါဦး…
သတင်းအချက်အလက်နဲ့ ဆက်သွယ်မှုနည်းပညာတွေ
မြင့်မားတိုးတက်လာတာနဲ့အမျှ သတင်းအချက်အလက်တွေကို
မြန်သထက် မြန်မြန်ဆန်ဆန် ကျွန်တော်တို့
ရယူအသုံးပြုနိုင်လာကြပါတယ်…
ဒါပေမဲ့ သက်ရှိလူသားတွေကြားက
ဝေးကွာမှုကကော ပိုပြီးနီးကပ်လာပါရဲ့လား….
ကျေးဇူးပြုပြီး သင်ချစ်ခင်မြတ်နိုးတဲ့သူတွေကို
ဘယ်တော့မှမစွန့်ခွာပါနဲ့…
သူတို့သင့်ကို တကယ်လိုအပ်နေချိန်မှာ
သင်မအားသေးဘူးလို့ ဘယ်တော့မှမပြောပါနဲ့…
သင့်ခြေဖဝါးအောက်မှာ ကမ္ဘာကြီးတစ်ခုလုံးကို
သင်စိုးမိုးထားနိုင်တယ်ဆိုရင်တောင်မှ
သူတို့အတွက် တစ်ခုတည်းသော
ကမ္ဘာလောက က သင်ပဲဖြစ်နေပါလိမ့်မယ်…
လျစ်လျူရှုလိုက်တဲ့ တခဏတာဟာ
သင့်ကိုချစ်တဲ့သူတွေရဲ့ နှလုံးသားကို
တခြားအရာအားလုံးထက် နာကျင်ကျိုးပျက်စေပါလိမ့်မယ်…
သင်တစ်ခုခုပြန်မပြောခင် စဉ်းစားကြည့်လိုက်ပါ…
အလုပ်ဆိုတာ တစ်သက်လုံးလုပ်နေရမှာပါပဲ…
သူတို့အတွက်ပေးလိုက်ရတဲ့ အချိန်က
တကယ်တော့ တခဏတာလေးပဲ ကုန်သွားတာပါ…
General knowledge
နှိုင်းရင့်နွေ

No comments