Breaking News

တခြားသူတွေထက် အအေးဒဏ်မခံနိုင်တဲ့အကြောင်းအရင်း


တခြားသူတွေထက် အအေးဒဏ်မခံနိုင်တဲ့အကြောင်းအရင်း
ဆောင်းရာသီမှာ အေးတာကတော့ သမားရိုးကျဖြစ်စဉ်ဆိုပေမယ့် တခြားသူတွေထက်ကို ပိုပြီး အအေးဒဏ်ကြောက်နေရတဲ့သူ ဖြစ်နေတာလား။ နောက်ပြီး အေးချမ်းတဲ့ ရာသီဥတုကြောင့်လည်း အေးတာမျိုးမဟုတ်ဘဲ အဲကွန်းခန်းထဲမှာလည်း အေး၊ ရေချိုးရင်လည်း အေး၊ လေတိုက်တာနဲ့ အေးနေတာမျိုး တွေ့ဖူးကြမှာပါ။ အိပ်တဲ့အခါမှာလည်း စောင်မခြုံဘဲ မအိပ်တတ်တဲ့သူတွေက သာမာန်လူတွေထက်ကို ပိုပြီး အေးနေတတ်ပါတယ်။ ဒါဆို ဘာလို့တခြားလူတွေထက် အအေးပိုနေရတာလဲ၊ ဘာလို့ အချိန်တိုင်းလိုလို အေးနေရတာလဲ ဆိုတဲ့ အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်
(၁) သံဓာတ်ချို့တဲ့ခြင်းကြောင့်
အမျိုးသမီးတွေက သံဓာတ်ချို့တဲ့မှုကို မကြာခဏ ဆိုသလို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးများက အမျိုးသားတွေထက်ကို ပိုပြီး အအေးဒဏ်မခံနိုင်တာပါ။ အမြဲတမ်းလိုလို ချမ်းတတ်တယ်ဆိုရင်တော့ သံဓာတ်ပြည့်ဝနေဖို့ အတွက် အားဖြည့်ဆေးနဲ့ အခြားဖြည့်စွက် အာဟာရ ဓာတ်များကို မှီဝဲစားသုံးဖို့ အကြံပြုပါရစေ။
(၂) ပိန်လွန်းသောကြောင့်
ပိန်လွန်းတဲ့ ခန္ဓာကိုယ်က အအေးဓာတ်ကို ကာကွယ်ပေးမယ့် အဆီများမရှိတဲ့အတွက် ပိုအေး နေရခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ခွန်အားတွေ လျော့နည်းနေတဲ့ အခါမျိုးမှာလည်း သာမာန်ထက်ကို ပိုပြီး ချမ်းနေတတ်ပါတယ်။ တော်ရုံတန်ရုံ အအေးဒဏ် ကိုတောင် ခိုက်ခိုက်တုန်အောင် ချမ်းနေတယ် ဆိုရင်တော့ ခန္ဓာကိုယ်နွေးစေမယ့် အစားအစာများနဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးသင့် ပါတယ်။ အထူးသဖြင့် သံဓာတ်၊ အသားဓာတ်နဲ့ ကစီဓာတ်ပါဝင်တဲ့ အစားအစာများကို စားသုံးပေးနိုင်ပါတယ်။
(၃) အိပ်ရေးမဝခြင်းကြောင့်
အိပ်ရေးမဝတဲ့အခါမှာ စိတ်ကထွေပြားလာပြီးတော့ ဦးနှောက်က တွက်ချက်မှုတွေ မှားယွင်းနေတတ်ပါတယ်။ မဆိုစလောက် အအေးဒဏ်လေးကို အရမ်းချမ်းနေပါပြီဆိုပြီး ဦးနှောက်က အသိပေးနေတဲ့အတွက် သာမာန်ထက်ပိုချမ်းနေရတာပါ။ ဒီတော့… အရမ်းချမ်းနေတတ်တယ်ဆိုရင် အိပ်ရေးဝရဲ့လားဆိုတာကို ပြန်လည်သတိပြုဖို့တော့ လိုပါတယ်။
(၄) လှုပ်လှုပ်ရှားရှားမနေလို့
ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှု မကောင်းရင်လည်း အအေးဒဏ်ကို ခံနိုင်ရည်စွမ်း မရှိကြတော့ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်မှ သွေးပူလာပြီး အနွေးဓာတ်ကို ခံစားရရှိနိုင်မှာပါ။ ဒီတော့… သင်က မကြာခဏ ဆိုသလို၊ အဲကွန်း၊ ပန်ကာလေကို မခံနိုင်ဘဲ ချမ်းနေတတ်တယ်ဆိုရင် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို ပြုလုပ်ဖို့တော့ လိုနေပါပြီ။
(၅) ရေဓာတ်ခမ်းခြောက်မှုကြောင့်
အထူးသဖြင့် အဲကွန်းခန်းမှာ တစ်နေကုန်အလုပ်လုပ်နေရသူနဲ့ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေက ရေဓာတ်ခမ်းခြောက်မှုကို ပိုမိုခံစားရနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်တွင်းက သွေးပေါင်ကျတာ၊ မောပန်းနွမ်းနယ်တာ၊ ပင်ပန်းနုံးချိလာပါတယ်။ ဒီအခါမှာ ကိုယ်ခံစွမ်းအား၊ ခုခံနိုင်စွမ်းအားလည်း ကျဆင်းလာတဲ့အတွက် သာမာန်အအေးဒဏ်လေးကိုတောင် မခံနိုင်တော့ဘဲ ချမ်းနေတတ်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။
Crd:copy

No comments