Breaking News

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေသူတွေအတွက်…


ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေသူတွေအတွက်
ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာ ပိုသိသာလာတယ်။
အဆင်မပြေဘူးလို့ ခနခနတွေးနေရင် ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။
ဒါ အယူအဆမဟုတ်ဘူး။ဘာသာရေး အတွေးမဟုတ်ဖူး Psycho သဘောပဲ
ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်
ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း ကိုယ့်နှုတ်ထွက်စကားတွေအတိုင်း ကိုယ့်ဘဝက ပြောင်းသွားတယ်
ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက်ကတွေးပါ
အကောင်းဘက်ကို တွေးပါ။အောင်မြင်သူလိုတွေးပါ
အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ ပြောကြတာပေါ့
လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ ပြန်မထချင်တော့တာ or ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ…
လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါ…
မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ တွေးဖို့ပိုလိုတာပါ…။
လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်။ဖြေရှင်းပုံပေါ်မူတည်ပြီး လူတွေရဲ့ ဘဝ အခြေအနေတွေ ကွာသွားတာပါ…။
orginal writer
(www.nalonetardiary.com)

No comments