Breaking News

လူတယောက်ကို တကယ် ချစ်မိ တဲ့အခါ ရင်ထဲမှာ ပေါ်လာတဲ့ ခံစားချက် (13) ချက်…


1) မနက်ခင်း မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ သူ့မျက်နှာလေးကို အရင်ဆုံး မြင်တတ် လာတယ်…
2) ဖုန်း ringtone သံ ကြားတိုင်း ၊ မက်ဆေ့ တခု ၀င်တိုင်း သူပို့တာ လား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်း ကတမ်း ဖွင့်ကြည့် တတ်တယ် ။ ( သူ မဟုတ်ဘူး ဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနည်းသွားတယ် )
3) သူနဲ့ စိတ်ဆိုး ၊ စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာ ဆို့နေတတ်တယ်…
4) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ ကြံကြုံ ဘယ်လို အခက်အခဲ အတားအဆီးတွေပဲ ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများ တော့ စိတ်သက်သာရာ ရသွား တတ်တယ်…
5) တိုက်ဆိုင်မှု တခုခုရှိတိုင်း ( သူနဲ့ အတူတူ သွားခဲ့ဖူးတဲ့ နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာ တခုစားတိုင်း ) သူ့ကို အရင်ကထက် ပိုပြီး သတိရသွား တတ်တယ်…
6) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တခုခု လာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ်…
7) သူ့ကို ဖုန်းဆက်လို့ မအားသေးတဲ့ အခါမျိုး ၊ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက် သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ်…
8) သူနဲ့ မတွေ့ရလို့ သူ့ကို လွမ်းတဲ့ အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း တွေကို ပြန်ဖတ်ပြီး အရူးတယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ်…
9) သူ့ရဲ့ မျက်နှာလေး ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူလေး အချိန်တိုင်း ပျော်ရွှင်နေတာ ကိုပဲ မြင်ချင်တယ်…
10) သူ အမှား လုပ်မိလို့ ကိုယ်က စိတ်ဆိုးသွားတဲ့ အခါမျိုးမှာ သူက တောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလို ညွတ်ကျ သွားတတ်တယ် ၊ သူ့ကို ကြာကြာ စိတ်မဆိုးနိုင်ဘူး…
11) တခြားသူတွေ အပေါ်မှာ သူက လိုတာထက် ပိုပြီး ရင်းရင်း နှီးနှီး ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ်…
12) ညဘက် အိပ်ခါနီး သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူး ဆိုရင် အိပ်မပျော်တဲ့ အထိ ဖြစ်လာတယ်…
13) အခု ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ သင် သူ့အကြောင်းလေး တွေကို တွေးနေတယ်…
အဲဒါ ဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ် နိုးနိုးနဲ့ တကယ် ချစ်မိ သွားပြီ…
Credit မူရင်းတင်သူအားလေးစားစွာပေးပါသည်

No comments