Breaking News

တကယ်​ချစ်​မိသွားတဲ့သူ​တွေက ဘာ​ကြောင့်​ထားခဲ့ခံရတာလဲ


တကယ်​ချစ်​မိသွားတဲ့သူ​တွေက ဘာ​ကြောင့်​ထားခဲ့ခံရတာလဲ

<><><><><><><><><><><><><><><><>

အချစ်​​ရေးကိစ္စမှာ လူ​တော်​​တော်​များများက တကယ်​ချစ်​မိသွားပြီဆိုတာနဲ့
ကို​ယ်​ချစ်​တဲ့သူရဲ့ ထားခဲ့ခြင်းကိုခံရဖို့ ရာခိုင်​နှုန်းပိုများသွားတာ ​တွေ့ရတတ်​တယ်​။

အံ့သြမှင်​သက်​မှု​တွေနဲ့ ကံတရားကိုပဲ နားမလည်​နိုင်​သလိုလို
ကံကြမ္မာကပဲ ကိုယ့်​အ​ပေါ် ရက်​စက်​သလိုလိုဖြစ်​​နေတတ်​ကြတယ်​။
ကိုယ်​က ချစ်​လျက်​နဲ့ ဘာ​ကြောင့်​ထားခဲ့ခံရတာလဲ ဆိုတဲ့​မေးခွန်း​တွေနဲ့
နားမလည်​နိုင်​​အောင်​ဖြစ်​သွားတတ်​တယ်​။

အဲဒီအတွက်​ ကိုယ့်​ဘက်​ကတကယ်​ချစ်​ရင်​ ဘာ​ကြောင့်​ထားခဲ့ခံရလဲ ဆိုတာ
အောက်​က အချက်​​လေး​တွေနဲ့​ဖော်​ပြ​ပေးလိုက်​ပါတယ်​....

၁ ။ တကယ်​ချစ်​မိသွားခြင်း
လူတစ်​​ယောက်​က လူတစ်​​ယောက်​ကို တကယ်​ချစ်​မိသွားပြီဆိုရင်
လူ​ရော စိတ်​​ရောနှစ်​ပြီးချစ်​လိုက်​ကြတာများတယ်​ .. ဦး​နှောက်​က
စဉ်းစားဆုံးဖြတ်​ရမယ့်​ကိစ္စ​တွေကို နှလုံးသားက အနိုင်​ယူသွား​လောက်တဲ့အထိ
ချစ်​သွားတတ်​ကြတယ်​။

၂ ။ ​အေးတိ​အေးစက်​​နေလွန်းခြင်း
ကိုယ်​ကချစ်​လို့ သူ​ပြောသမျှ သူလုပ်​သမျှကို အင်း ဟုတ်​တယ်​ မှန်​တယ်​လို့ပဲ
ထောက်​ခံပြီး ဘာကိုမှအကြံမပြု ပြန်​မရှင်းပဲ​နေရင်
သူ့ကိုချစ်​လို့လိုက်​​လျောတယ်​ဆိုတာထက်​ ငါ​ပြောသလိုဖြစ်​ ငါလုပ်​သလိုဖြစ်​​နေတာပဲ
ဆိုတဲ့အ​တွေး​တွေဘက်​ကို ပိုဝင်​သွားတတ်​ပါတယ်​။
တစ်​​ယောက်​နဲ့တစ်​​ယောက်​ကြားမှာ အပြန်​အလှန်​သ​ဘောထားပွင့်​လင်းမှုနဲ့
ဆွေး​နွေးတိုင်​ပင်​မှု​တွေမရှိရင်​ ​ဇာတ်​လမ်းကလည်း 
အေးတိ​အေးစက်​ဖြစ်​သွားတတ်​တယ်​။

၃ ။ တစ်​ဖက်​သတ်​ဆန်​လွန်းခြင်း
တကယ်​ချစ်​တဲ့သူ​တွေက အမြဲတမ်း အရှုံး​ပေးထားတတ်​ကြတယ်
မာနကိုလည်း အချိန်​​တော်​​တော်​များများ ​ခေါက်​သိမ်းထားတတ်​ကြတယ်
ဒီအချက်​​တွေကို သိ​နေတဲ့သူ​တွေက​တော့ အနိုင်​ယူမယ်
သူတို့လုပ်​ချင်​တာလုပ်​မယ်​ ​နောက်​ဆုံး​တော့ ကိုယ့်​ကို ထားသွားတဲ့အထိ
အနိုင်​ယူသွားတတ်​ကြတယ်​​လေ။

၎ ။ ခွင့်​လွှတ်​လွယ်​တတ်​ခြင်း
တကယ်​ချစ်​တဲ့သူ​တွေက ခွင့်​လွှတ်​လွယ်​တတ်​ကြတယ်
ဘာမှ​ပြောပ​လောက်​တဲ့အမှား​တွေမဟုတ်​ဘူး
တစ်​ချို့​ပြောပ​လောက်​တဲ့အမှား​တွေကို​တောင်​ လက်​ရှိဖြစ်​​နေတဲ့သံ​ယောဇဉ်​​တွေကို
ဆုံးရှုံးသွားမှာစိုးတဲ့တစ်​ချက်​နဲ့တင်​ မျက်​စိမှိတ်​ခွင့်​လွှတ်​လိုက်​တတ်​ကြတယ်​။
ကိုယ်​ကခွင့်​လွှတ်​တတ်​မှန်းသိလို့ ကိုယ့်​ကိုထားခဲ့ပြီး ​နောက်​တစ်​​ယောက်​နဲ့
ဖြစ်​သွားတာ​တောင်​မှ ခွင့်​လွှတ်​ပြီးပြန်​လာဖို့​ပြောတဲ့သူ​တွေက ရှိ​သေးတယ်​​လေ။

၅ ။ ရိုးအီသွားခြင်း
ပစ္စည်းသစ်​တစ်​ခုကို​တွေ့တိုင်း ကိုယ်​မကိုင်​ဖူး​တော့ လိုချင်​ကြတယ်
တကယ်​ကိုင်​ရပြီဆိုရင်​လည်း မကြာဘူး ရိုးအီသွားတာပါပဲ
လူ​တော်​​တော်​များများရဲ့စိတ်​က ဒီလိုပဲ​​လေ
ချစ်​သူရည်းစား​တွေဖြစ်​ပြီး​ ရိုးအီသွားခြင်းခံရရင်​​တော့
တကယ်​ချစ်​မိ​နေသူ​တွေအတွက်​ ရင်​နာစရာပါပဲ။

၆ ။ အဟန့်​အတားဖြစ်​​စေခြင်း
တကယ်​ချစ်​တဲ့သူ​တွေက ကိုယ်​ချစ်​တဲ့သူအနားမှာ အမြဲတမ်းကပ်​တွယ်​​နေချင်​ကြတာပဲ
ဒါ​ပေမယ့်​ အဲဒီလို ကပ်​တွယ်​​နေခြင်းက တခါတရံမှာ ကိုယ်​ချစ်​တဲ့သူအတွက်
အဟန့်​အတားဖြစ်​​စေသလို အ​နှောင့်​အယှက်​​တွေလည်း ဖြစ်​​စေတယ်​...
လူတိုင်းလိုလို လွပ်​လပ်​​ပေါ့ပါးမှုကို လိုချင်​ကြတယ်​...ဘယ်​သူကမှ
အ​နှောင်​အဖွဲ့​တွေနဲ့ မရှင်​သန်​ချင်​ကြဘူး .. တကယ်​ချစ်​တဲ့သူ​တွေကသာ
လူ​ရောစိတ်​​ရောနှစ်​ထားတတ်​ကြ​ပေမယ့်​ လွတ်​လွပ်​လပ်​လပ်​​နေထိုင်​ချင်​တဲ့
ကိုယ်​ချစ်​တဲ့သူအတွက်​​တော့ အ​နှောင့်​အယှက်​ပါပဲ။နေရာတိုင်းမှာ
သူ့နားလည်​မှုနဲ့သူ​တော့ ထား​ပေးရမှာ​ပေါ့။ အမြဲတမ်းကပ်​တွယ်​​နေလို့ ဘယ်​ဖြစ်​မလဲ။

၇ ။ သဝန်​တိုလွန်းခြင်း
သဝန်​တိုတယ်​ဆိုတာ တကယ်​ချစ်​မိသွားသူတိုင်းရဲ့အကျင့်​ပါပဲ
တော်​ရုံ​နေရာမှာ သဝန်​တိုတာ မဆန်း​ပေမယ့်
နေရာတကာသဝန်​တိုဂျီကျ​နေရင်​ စိတ်​ထဲကကျဉ်​ပြီး
ကိုယ်​မရှိတဲ့အရပ်​ကို ဦးတည်​သွားတတ်​ကြ​တော့တာပဲ။

ဒီလို အ​ကြောင်းအရာ​တွေ အချက်​အလက်​​တွေက
ကိုယ်​က ဘယ်​​လောက်​ပဲချစ်​ချစ်​ ကိုယ်​တကယ်​ချစ်​မှန်းသိလျက်​နဲ့
ထားခဲ့ခံရ​စေတယ်​ .. အများအားဖြင့်​က​တော့
တကယ်​ချစ်​ရင်​ တန်​ဖိုးမဲ့လာသလိုဆက်​ဆံခံရပြီး ထားခဲ့ကြတာပဲ...

အထက်​က​ဖော်​ပြခဲ့တဲ့ အ​ချက်​​လေး​တွေကိုကြည့်​ပြီး
ကိုယ်​တကယ်​ချစ်​တဲ့သူကို နှလုံးသားလည်းဦးစားမ​ပေး
ဦး​နှောက်​ကိုလည်းဦးစားမ​ပေးတဲ့ အလယ်​အလတ်
နားလည်​မှု...​နွေး​ထွေးမှု​တွေနဲ့ အနားမှာအမြဲတမ်းရှိ​နေ​ပေးနိုင်​မယ့်
ချစ်​ခြင်းမျိုးကို တည်​​ဆောက်​နိုင်​ကြပါ​စေလို့ပဲ ဆန္ဒပြုလိုက်​ပါတယ်​။

 > Lynn Lynn Phyo
<><><><><><><><><><><><><><><><><><><>

No comments