စိတ်စွမ်းအားကိုမြှင့်တင်ပေးမည့် စကား(၁၃)ခွန်း
"စိတ်စွမ်းအားကိုမြှင့်တင်ပေးမည့် စကား(၁၃)ခွန်း"
(အချိန်တိုအတွင်းတိုးတက်ပြောင်းလဲဖို့ အကြိမ်ကြိမ်အဖန်ဖန် သင့်ကိုယ်သင်သတိပေးနေရမည့်စကား၁၃ခွန်း)
စကားလုံးတွေမှာ စွမ်းအားရှိတာကို သင်သတိထားမိပါသလား?
သင့်ရဲ့စကားလေးတစ်ခွန်းကြောင့် တစုံတယောက် ပျော်ရွှင်သွားတာမျိုး၊ စိတ်ထိခိုက်သွားတာမျိုးကြုံဖူးပါသလား?
ပညတ်သွားရာ ဓာတ်သက်ပါဆိုတဲ့ စကားအတိုင်း...
သူတပါးက ကျွန်တော်တို့ ကိုပြောနေတဲ့စကားတွေ၊
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြောနေတဲ့စကားတွေ
ကျွန်တော်တို့ က သူတပါးကိုပြောနေတဲ့စကားတွေကြောင့် ကျွန်တော်တို့ ဘ၀မှာ ပြောင်းလဲမှုတွေရှိနေပါတယ်။
အပြုသဘောဆောင်တဲ့စကားတွေဟာ အပြုသဘော တွေးခေါ်မှုတွေကလာပြီး
အပျက်သဘောဆောင်တဲ့စကားတွေဟာ အပျက်သဘောဆောင်တဲ့တွေးခေါ်မှုတွေက လာပါတယ်။
ကျွန်တော်တို့ ပြောနေမိတဲ့ဘယ်လိုစကားမဆို အပျက်သဘောတွေပါမသွားဖို့ သတိကြီးစွာထားဖို့  လိုသလို ကျွန်တော်တို့ ရဲ့တွေးနေမိတဲ့ အပျက်သဘောဆောင်တဲ့ တွေးခေါ်မှုတွေကိုလည်း အပြုသဘောဖြင့် အစားထိုးတွေးခေါ်ဖို့ လိုပါတယ်။
ကျွန်တော်တို့ ရဲ့ဘ၀ကို အချိန်တိုအတွင်းတိုးတက်ပြောင်းလဲစေမယ့်အပြင် ကျွန်တော်တို့ ရဲ့တွေးခေါ်မှုတွေကိုပါ အပြုသဘောစွမ်းအားတွေဖြစ်စေဖို့ စကား ၁၃ခွန်းကို မျှဝေလိုက်ပါတယ်။
ဒီစကားလုံးတွေ သုံးပြီး မိမိကိုယ်မိမိအကြိမ်ကြိမ် သတိပေးရွတ်ဆိုထိုက်သလို အခြားသူတွေကိုလည်း အားပေးစကားပြောရာမှာအသုံးပြုနိုင်ပါတယ်။
(၁) I matter
(ငါဟာ အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်)
မိမိကိုယ်မိမိအရေးပါတဲ့သူဖြစ်တယ်လို့ တွေးခေါ်မှသာ ကိုယ်ကိုယ်တိုင် အရေးပါအရာရောက်တဲ့အလုပ်တွေလုပ်ဖြစ်မှာပါ။
ကိုယ့်ကိုယ်ကိုအသုံးမကျဘူးလို့ တွေးနေရင်တော့ တိုးတက်ပြောင်းလဲဖို့ ခက်ခဲနေဦးမှာပါ။ ဒီနေ့ ပဲ အဲ့ဒီအတွေးကို ပြောင်းလဲပစ်ပါ။
(၂) I love myself
(ငါ့ကိုယ်ငါချစ်တယ်)
ကိုယ့်ကိုယ်ကိုချစ်တဲ့သူ၊ တန်ဖိုးထားတဲ့သူဟာ ကိုယ်ထိခိုက်နစ်နာစေမယ့်အရာတွေ၊ ကိုယ့်အနာဂတ်ကိုပျက်စီးစေမယ့်အရာတွေကို လုပ်လေ့မရှိပါဘူး။ ကိုယ့်ကိုယ်ကိုချစ်မှလည်းသူတပါးကို ချစ်တတ်လာပါလိမ့်မယ်။ သူတပါးကိုမှန်ကန်စွာချစ်တတ်မှလည်း စစ်မှန်တဲ့ချစ်ခြင်းဟာ ရောင်ပြန်ဟပ်လာမှာဖြစ်ပါတယ်။
(၃) I am worthy
(ငါ့ရဲ့တန်ဖိုးဟာမြင့်မားတယ်)
ကိုယ့်တန်ဖိုးကိုကိုယ်တိုင်မသိတဲ့သူဟာ သူတပါးတွေရဲ့ ဝေဖန်သံတွေကြောင့် ဗျာများတတ်ပါတယ်။ တွေဝေတတ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးကိုသိဖို့ဆိုတာ ကိုယ့်ရဲ့အားသာချက်၊အားနည်းချက်တွေကိုလေ့လာပြီး ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားနေဖို့ လိုပါတယ်။ အဲ့ဒါကိုသတိပေးတဲ့အနေနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူတစ်ယောက်ဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးနေရပါမယ်။
(၄) I am valuable
(ငါဟာတန်ဖိုးရှိတဲ့သူဖြစ်တယ်)
ဒီတစ်ခုကတော့ အပေါ်တစ်ခုကနဲ့ တူတူပါပဲ။
(၅) I have a purpose
(ငါဟာရည်မှန်းချက်ဖြင့်ရှင်သန်နေသူဖြစ်တယ်)
ရည်မှန်းချက်မရှိတဲ့သူဟာ ဦးတည်ရာမဲ့နေတဲ့လှေတစ်စီးနဲ့ တူပါတယ်။ ကမ်းမမြင်လမ်းမမြင် မျှောချင်ရာလွှင့်မျှော၊ ရောက်ချင်ရာရောက်နဲ့ အခန့် မသင့်ရဲ့ စုံးစုံးနစ်မြှုပ်သွားနိုင်ပါတယ်။ အဲ့သလိုမဖြစ်ရအောင် ဘ၀မှာရည်မှန်းချက်တစ်ခုထားပါ။ ရည်မှန်းချက်ကြီးကျယ်လို့ မဆိုက်ရောက်နိုင်တာကိုစိတ်မပူပါနဲ့ ။ ရည်မှန်းချက်သေးငယ်လွန်းလို့ မြန်မြန်ရောက်သွားပြီး လက်လျားလက်လျားဖြစ်နေတာကိုသာစိတ်ပူပါ။
(၆) I came to this planet earth to share my gift with the world
(ငါဟာ ငါ့ရဲ့ကိုယ်စွမ်းကိုယ်စတွေကို မျှဝေအသုံးချဖို့ ဒီလောကကြီးထဲကို ရောက်လာခဲ့တယ်)
လူသားတို့ ရဲ့ဗီဇထဲမှာ အများနဲ့ အတူတမူထူးတဲ့ အစွမ်းအစတွေပါလာပြီးသားပါ။ သစ်ပင်ပေါ်တက်နေတဲ့မျောက်ကို ရေးကူးခိုင်းဖို့ အဆင်မပြေသလို၊ ရေကူးနေတဲ့ငါးကို သစ်ပင်တက်ခိုင်းဖို့ အဆင်မပြေသလို ကျွန်တော်တို့ ဟာ ဘယ်သူ့ ကိုမှ ပုံတူကူးချစရာမလိုပါဘူး။ ကိုယ့်ဆီမှာပါလာတဲ့ အစွမ်းအစတွေကို သိရှိအောင်ရှာဖွေ အသုံးချပြီး ပိုမိုကောင်းမွန်အောင်မွမ်းမံဖို့ ပဲလိုပါတယ်။ ကိုယ့်ရဲ့ပင်ကိုယ်အစွမ်းအစတွေနဲ့ရှင်သန်ပါမှ ပိုပြီး ကျေနပ်အားရစရာကောင်းတဲ့ဘ၀တစ်ခုကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
(၇) I deserve to be happy
(ငါဟာပျော်ရွှင်စွာနေဖို့ ထိုက်တန်သူဖြစ်တယ်)
ကျွန်တော်တို့ ကိုမပျော်ရွှင်အောင်လုပ်နေသူဟာ ကျွန်တော်တို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ တခါခါ သူတပါးကြောင့် စိတ်ဆင်းရဲရတယ်လို့ ထင်နေတာဟာလည်း ကျွန်တော်တို့ ရဲ့ ခွင့်ပြုချက်ကြောင့်ဖြစ်ရတာပါ။ ဘယ်သူကမှ ကျွန်တော်တို့ ရဲ့ခွင့်ပြုချက်မပါဘဲ ကျွန်တော်တို့ ကို စိတ်ဆင်းရဲအောင်လုပ်လို့ မရပါဘူး။ ပျော်ရွှင်မှုမှအပ ငါ့မှာရွေးချယ်စရာမရှိဘူး၊ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ပျော်ရွှင်မှုကိုရွေးချယ်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိရပါမယ်။
(၈) I am intelligent
(ငါဟာ ဥာဏ်ပညာကြီးမားတဲ့သူဖြစ်တယ်)
ပညာရဲ့အနှစ်သာရဟာ ကိုယ့်ရဲ့ အဝိဇ္ဇာ ဆိုတဲ့မှောင်မိုက်မှုတွေကို အစွန်းဆုံထိသိရှိနားလည်ခြင်းဖြစ်ပါတယ်။ အဲ့ဒီအရာကို အမြဲသတိပေးတဲ့အနေနဲ့ ရော၊ အမှားတွေထပ်မလုပ်မိစေဖို့ အတွက်ပါ ငါဟာ ဥာဏ်ပညာကြီးမားတဲ့သူဖြစ်တယ်ဆိုတာကို မိမိကိုယ်မိမိသတိပေးရပါမယ်။ ကိုယ့်ကိုယ်ကို ဥာဏ်ပညာကြီးတဲ့သူအဖြစ်ခံယူလိုက်ခြင်းဟာ အကျိုးအကြောင်းတွေကို ဆင်ခြင်တတ်တဲ့သူတစ်ယောက်၊ အမှားအမှန်တွေကို ပိုင်းခြားတတ်တဲ့သူတစ်ယောက် အဖြစ် ခံယူလိုက်ခြင်းဖြစ်တာကြောင့် အချိန်ကြာလာတာနဲ့ အမျှ ပိုပြီး ဥာဏ်ပညာကြီးမားလာတဲ့သူဖြစ်လာမယ်ဆိုတာ ယုံမှားသံသယဖြစ်နေစရာမလိုတော့ပါဘူး။
(၉) I am evolving
(ငါဟာ အမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်)
ကျွန်တော်တို့ လူသားတွေအားလုံးအမြဲတမ်း ပြောင်းလဲနေပါတယ်။ တိုးတက်နေပါတယ်။ ကျွန်တော်တို့ အသက်ငါးနှစ်သားတုန်းက ပြသနာတွေဟာ အခုအချိန်မှာ ပြသနာမဟုတ်တော့ပါဘူး။ ဒီတိုးတက်မှုဟာ ရပ်တန့် လို့ မရပါဘူး။ ကျန်းမာသန်စွမ်းတဲ့လူသားတစ်ယောက်အနေနဲ့ အချိန်နဲ့ အမျှပြောင်းလဲတိုးတက်နေပါတယ်။ ဒါ့ကြောင့် ပြောင်းလဲတိုးတက်မှုကို ဖြောင့်ဖြူးအောင် ငါဟာအမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်လို ကိုယ့်ကိုယ်ကိုသတိပေးထိုက်ပါတယ်။
(၁၀) I am learning
( ငါဟာ သင်ယူနိုင်စွမ်းပြည့်ဝတဲ့သူဖြစ်တယ်)
ငါ့ဘ၀အတွက် လိုအပ်တဲ့ဘယ်လို အတတ်ပညာ၊အသိပညာကိုမဆို ငါဟာ သင်ယူလေ့လာနိုင်တဲ့သူဖြစ်တယ်။ ငါဟာ သင်ယူလေ့လာမှုတွေနဲ့ ပျော်မွေ့တဲ့သူဖြစ်တယ်လို့ အကြိမ်ကြိမ်ပြောရင် မသိစိတ်က တဖြည်းဖြည်းယုံကြည်လာပါလိမ့်မယ်။ သို့ မဟုတ်ရင်တော့ ငါအသက်ကြီးလို့ ဘာမှ မမှတ်မိတော့ဘူး မလေ့လာနိုင်တော့ဘူးဆိုတဲ့ ယုံကြည်မှုအလွဲတွေနဲ့ အိုမင်းသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုစိတ်ပျက်အားလျော့စေမယ့် စကားတွေမသုံးမိအောင်သတိထားဖို့ အရေးကြီးပါတယ်။
(၁၁) I am growing
(ငါဟာ ရှင်သန်ကြီးထွားနေတယ်)
ငါ့ရဲ့အသိပညာ၊အတတ်ပညာတွေဟာ မြင့်မားလာနေတယ်။ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအားလုံး နဲ့ ဆိုင်တဲ့ပြောင်းလဲမှုတွေဟာ တိုးတက်မှုဆီကို အမြဲဦးတည်သွားနေတယ်လို့ မိမိကိုယ်မိမိမှာကြားထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို အသုံးမကျဘူးဆိုတဲ့ အရှုံးသမား သို့ မဟုတ် ဓားစာခံလိုတွေးနေတဲ့အတွေးတွေလျော့ပါးလာပါလိမ့်မယ်။ ကောင်းမွန်တဲ့ကိုယ်တွင်းလှုံ့ဆော်မှုတွေကြောင့် ကြည်လင်လန်းဆန်းနေပါလိမ့်မယ်။
(၁၂) I accept myself unconditionally
(ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ငါ့ကိုယ်ငါလက်ခံတယ်)
ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေကို မုန်းတီးနေဖို့ မဟုတ်ပါဘူး။ အရှိအတိုင်းလက်ခံနားလည်ဖို့ ပဲလိုပါတယ်။ အရှိအတိုင်းလက်ခံလိုက်ပါမှ ဘယ်လိုတိုးတက်အောင်လုပ်မလဲ၊ ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင် ဘာတွေဆက်လုပ်ရမလဲ ဆိုတာ မှန်ကန်စွာရွေးချယ်နိုင်လာပါလိမ့်မယ်။
(၁၃) I am creating a better future for myself
(ငါ့ရဲ့အနာဂတ်ပိုမိုကောင်းမွန်ဖို့ ငါဟာဖန်တီးနေတယ်)
တခါခါ သတိလက်လွတ်ဖြစ်ပြီး ကိုယ့်ရဲ့အနာဂတ်ကိုထိခိုက်နစ်နာစေမယ့် ရွေးချယ်မှုတွေကို လုပ်မိရာက နောင်တရတတ်ပါတယ်။ ကိုယ့်ဘ၀ကို ပျက်စီးအောင်လုပ်နေတဲ့သူဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်တည်ဆောက်ရာမှာ နှောင့်နှေးကြန့် ကြာတတ်ပါတယ်။
ကိုယ့်ရဲ့အစွမ်းအစတွေကိုအသုံးပြုပြီး လူအများကိုဘယ်လိုကူညီရမလဲတွေးလိုက်ရင် ဖန်တီးမှုစွမ်းရည်တွေတိုးတက်လာပါလိမ့်မယ်။
ဆြာသိန်း (ဘာသာပြန်)
13 powerful affirmations to repeat to yourself to change your life right now by Ralph Smart
#source: Sayar Thein Page

No comments