Breaking News

ရောဂါမဆိုးခင်အမြန်ကုသင့်တဲ့ ရောဂါ (၅) ခု



🤔 မိတ်ဆွေတို့ကို မျှဝေလိုတဲ့
 ရောဂါမဆိုးခင်အမြန်ကုသင့်တဲ့ ရောဂါ (၅) ခု

⭕️ ရောဂါနာမည် (၁)  ---- " ခဏ ”

ခဏ မနက်ဖြန်မှလုပ်မယ်
ခဏ မနက်ဖြန်မှစကြိုးစားမယ်
ခဏ လေးထားလိုက်အုံးနောက်မှလုပ်မယ်
နောက်ဆုံးကျတော့ ဘယ်တော့မှ ပြောသလိုမျိုးမလုပ်တဲ့ရောဂါ

✅ ကုနည်း ---- ခဏ ဆိုတဲ့ စကားကို အခု ဆိုပြီးပြောင်းလိုက်ပါ
ဘဝကောင်းချင်တယ်ဟုတ် ၊ ရတယ် ခုချက်ချင်းပြောင်းပါ။

⭕️ ရောဂါနာမည်(၂)   -- “အကြောင်းပြချက်”

  ငါအဆက်အသွယ်မကောင်းလို့
ငါဒီလိုပဲမွေးလာတာပဲ၊ ငါ့ရဲ့ကံပဲပေါ့၊
သူပိုတော်လို့ပိုချမ်းသာတာပေါ့။
ဒီနေ့ဈေးရောင်းမကောင်းတာ မိုးရွာလို့
စသဖြင့်

✅ ကုနည်း ---- Bill Gates ပြောခဲ့တဲ့စကားကိုမှတ်ထားပါ။
ခင်ဗျားမွေးလာကတည်းက ဆင်းရဲရင် အဲ့ဒါခင်ဗျားအပြစ်မဟုတ်ဘူး။
  ဒါပေမဲ့ ခင်ဗျား ဆင်းဆင်းရဲရဲ နဲ့သေရရင်တော့ အဲ့ဒါခင်ဗျာအပြစ်ပဲပြောရလိမ့်မယ်တဲ့။။
ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တာဝန်ယူပါ
ကိုယ်မအောင်မြင်အောင် အကြောင်းပြချက်တွေပဲ လိုက်ရှာမနေနဲ့ဗျ။
ကိုယ်အတတ်နိုင်ဆုံး ကြိုးစားပါ 💥

⭕️ ရောဂါနာမည် (၃)  -- “စောင့်မယ်”

  အဆင်သင့်ဖြစ်တဲ့ထိစောင့်ပြီးမှ
ပိုက်ဆံရှိတဲ့အထိ စောင့်ပြီးမှ
ဟိုအရာရှိမှ ဒီဟာရှိတဲ့အထိစောင့်ပြီးမှ
သေချာကြိုးစားမယ်ဗျတဲ့
နောက်ဆုံးကျတော့ ဘယ်တော့မှအဆင်သင့်မဖြစ်ခဲ့ဘူး
အဲ့တော့ စောင့်ရင်းစောင့်ရင်းနဲ့ ဘဝကအရင်နေရာပဲ ကွက်ကွက်တောင်မရွေ့ဘူး

✅ ကုနည်း ---- လွယ်လွယ်လေး ခုထလုပ်တော့
  စိတ်ထဲကနေ အမှတ်စဉ် ခပ်မြန်မြန်ရေပါ။
   5, 4, 3, 2, 1,  Go .... 💥 လို့ရေတွက်ပြီး
ချက်ချင်းစလုပ် လိုက်ပါ။ မစဉ်းစားပါနဲ့။
  5 seconds Rule ❗️လို့လည်း လူသိများပါတယ်။

⭕️ ရောဂါနာမည် (၄)  -- "တွန့်ဆုတ် တွန့်ဆုတ်"

  လူအများကပြောတယ်
အောင်မြင်တဲ့လူအများစုက ဆုံးဖြတ်ချက်ချတာမြန်တယ် ၊ စိတ်ပြောင်းလဲဖို့ခက်တယ်
( သူတို့သေချာတဲ့ Information မရမချင်းပေါ့ )
အောင်မြင်တဲ့လူအနဲစုက ဆုံးဖြတ်ချက်ချဖို့ နှေးတယ် ၊ စိတ်ပြောင်းလဲလွယ်တယ်
ကျွန်တော်လဲ ဟုတ်တယ်လို့ ထင်တယ် ✔️

ဒီနေ့ဒီအရာကိုရွေးလိုက်တယ် ၊ မနက်ဖြန် နောက်အရာတစ်ခုကိုပြောင်းတယ်။
 ဒီနေ့ဒီအရာလုပ်ဖို့ဆုံးဖြတ်လိုက်တယ်၊
မနက်ဖြန်ကျတော့ နောက်တစ်ခုလုပ်ဖို့
စိတ်ပြောင်းတယ်။
ဒီနေ့အားကစားသမားဖြစ်ချင်တယ်၊
မနက်ဖြန်ကျတော့ စီးပွားရေးသမားဖြစ်ချင်ပြန်ရော၊
နောက်ရက်ကျတော့ ဘာမှမလုပ်တော့ဘူး ⁉️
သာသနာ့ပေါင်ထဲဝင်မယ်ပေါ့။
အဲ့လိုမျိုးပဲ ဘာမှမသေသေချာချာမရှိဘူး
 ဒါကြောင့် ဒီလိုမျိုးသူတွေက ဘယ်အရာအပေါ်ကိုမှ Focus လုပ်လို့မရဘူးပေါ့။

➡️ ကျွန်တော်တို့ ရည်မှန်းချက် ပြောင်းလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်။
ရည်မှန်းချက်ပန်းတိုင်ကပြောင်းလို့ရပါတယ်။
အကယ်လို့များ ခင်ဗျားပန်းတိုင်ကို ကြိုးစားရင်းနဲ့ ခင်ဗျားလမ်းတစ်ဝက်မှာ ခင်ဗျားပန်းတိုင်ထင်ကောင်းတဲ့အရာကို တွေ့ခဲ့ရင်ပေါ့။
ဒီနေ့တစ်မျိုးနောက်နေ့တစ်မျိုး တွန့်ဆုတ်တွန့်ဆုတ် တော့မလုပ်နဲ့ဗျ။

✅ ကုနည်း ---  ခင်ဗျားဘာလိုချင်လဲဆိုတာ ကောင်းကောင်းစဉ်းစားပါ ။ပြီးတော့ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

⭕️ ရောဂါနာမည် (၅) --- လွယ်လွယ်နဲ့ အရှုံးပေးတတ်၊
နဲနဲအခက်အခဲတွေ့တာနဲ့ အရှုံးပေးမယ်၊
နဲနဲပြဿနာတွေ့တာနဲ့ နောက်ဆုတ်မယ်ဆိုတာပဲ

စာရေးဆရာ ဖြစ်ချင်တယ်။
တစ်ပတ်လောက်ရေးပြီးစာတင်လိုက်တယ်၊
ဖတ်တဲ့လူမရှိတော့ စာမရေးတော့ဘူးဆိုပြီး အရှုံးပေးမယ်။

 အရင်းနှီးနဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ်တဲ့
စာအုပ်တစ်အုပ်ဖတ်ပြီး စလုပ်တော့ ပြဿနာနဲနဲတွေ့တော့ မလုပ်တော့ဘူးတဲ့။

ချမ်းသာချင်တယ်တဲ့ ကိုယ်ပိုင်စီးပွားရေးရှိချင်တယ်တဲ့။

လက်တွေ့ချလုပ် တော့ ကိုယ်ထင်သလောက်မလွက်တဲ့ချိန်ကျတော့ အရှုံးပေးချင်လာရော။

ပန်းတိုင်ကိုကြည့်လိုက်အကြီးကြီးပဲ၊ ဒါပေမဲ့ သူတို့ရဲ့စိတ်ကသူ့ပန်းတိုင်လောက် မကြီးနိုင်ဘူး။

✅ ကုနည်း --- ကိုယ့်ရဲ့ Persistence (မဆုတ်မနစ်ကြိုးစားမှု) ကိုလက်စွဲထားပါ။
အကယ်လို့ ခင်ဗျားဆုံးဖြတ်ထားတဲ့အရာက မှန်တယ်လို့ ယုံကြည်တယ်ဆိုရင်
နောက်မဆုတ်ပါနဲ့၊ အကယ်လို့ အလုပ်မဖြစ်ပြန်ရင် နည်းလမ်းပြောင်းပါ။
မအောင်မြင်မချင်းကြိုးစားပါ။ နောက်မဆုတ်ပါနဲ့။

♨️ ဒါက လူအများဖြစ်တတ်တဲ့ရောဂါ (၅) ခုပါ။
ကုနည်းကောထည့်ပေးထားတယ် 💉

ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်ကို ကြိုက်သလိုရွေးပြီးတော့ သုံးလို့ရပါတယ်။
အကျိုးရှိရင် ကျေးဇူးပြုပြီး Share ပေးပါဗျ
ဒီရောဂါဖြစ်ပြီး ကိုယ်တိုင်မသိတဲ့ သူတွေအတွက်ပါ။

🚩 ​မိတ်ဆွေတို့ အတွက် ...
အကျိုးတစုံတရာရှိတယ်​ဆိုရင်​ သင်​ချစ်​ရတဲ့သူ​တွေအတွက်​လဲ ​Share & Tag လုပ်​သွားလိုက်​ပါ။

With Love 💗
Live with Passion,
KMT
System Integrator & Solution Provider of ELV Systems 🔷

Crd မူရင်းတင်သူပေးပါသည်

No comments