Breaking News

လက်တွေ့လုပ်ဆောင်ပါ


လက်တွေ့လုပ်ဆောင်ပါ
-------------------------
နေ့စဉ်နေ့တိုင်းလူတွေရဲ့အကြံကောင်းများစွာဟာ မြေမြုပ်သဂြိုလ်ခြင်းခံနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာအဲဒီအကြံကိုလက်တွေ့မလုပ်ဆောင် အကောင်အထည်မဖော်ကြလို့ အကြံတွေဟာ ပျောက်ကွယ်သေဆုံးသွားကြတာပါ။ ဘယ်လောက်ပဲကောင်းတဲ့အကြံဖြစ်ဖြစ် လုပ်ဆောင်မှုမရှိရင် ဘာအကျိုးမှရလာမည် မဟုတ်ပါဘူး။ အိပ်ဖို့ပြင်ဆင်လို့တွေးတောနေ တုန်းကအကြံတွေဟာ အင်မတန်မှကောင်း လှပါတယ်။ တကယ်ကိုအားရကျေနပ်စရာတွေ ကြံစည်ကြပါတယ်။ သို့ပေမဲ့ မနက်အိပ်ယာထ တဲ့အချိန်ထိုအကြံတွေဟာ ပျောက်ကွယ်လွင့်စင် သွားကြတတ်ပါတယ်။ ဒါဟာလက်တွေ့လုပ် ဆောင်ရဲတဲ့သတ္တိတွေမရှိသေးလို့ဖြစ်ပါတယ်။ ရသမျှအကြံကောင်းများကို စာအုပ်ထဲချမှတ်ရေး သားထားပါ။ တစ်ရက်မလုပ်ဆောင်ဖြစ်ရင် တောင်မှနောက်တစ်နေ့အကောင်အထည်ဖော် လို့ရပါတယ်။ ကိုယ်လုပ်မည့်အလုပ်အောင်မြင် တယ်မအောင်မြင်ဘူးဆိုတာက မလုပ်ခင်အစမှာ ပြဿနာ အခက်အခဲ အားလုံးကိုကြိုတင်ဖယ် ရှားနိုင်တဲ့အရည်အချင်းနဲ့ဆုံးဖြတ်တာမဟုတ် ပါဘူး။ အလုပ်လုပ်ရင်းနဲ့ကြုံတွေ့လာတဲ့ ပြဿနာအခက်အခဲကို အကောင်းဆုံးဖြေရှင်း တတ်တဲ့အည်အချင်းနဲ့သာဆုံးဖြတ်တာပါ။ ဒါကြောင့်ကိုယ့်ရဲ့အကြံတွေကိုအကောင်အထည် ဖော်ပါ။ ဘာအလုပ်ပဲလုပ်လုပ် အလုပ်တိုင်းမှာ စွန့်စားရမှု ပြဿနာ မသေချာမရေရာမှုတွေ ရှိစမြဲပါ။ ဒါတွေကိုကြောက်လို့မလုပ်ခဲ့ဘူးဆို ရင်တော့ တစ်ချိန်ကျရင် ငါလုပ်လိုက်ရမှာ ငါ့အကြံတွေကကောင်းရဲ့သားနဲ့ ငါညံ့လို့ အခုသူများတွေလုပ်တာအောင်မြင်ပြီ ငါသာ အစကတည်းကရဲရဲဝံ့ဝံ့လုပ်ခဲ့ရင်ကောင်းမှာ ပဲဆိုတဲ့နောင်တတွေသာရရှိမှာပါ။ အလုပ် တစ်ခုကိုလုပ်လိုက်တိုင်းထိုအလုပ်ထဲမှ အတွေ့အကြုံတွေရရှိကြတာအားလုံးအသိပါပဲ။  အားလုံးပဲအောင်မြင်ချင်တယ်ဆိုရင် " NOW" အခုပဲစလုပ်လိုက်ပါ။ မနက်ဖြန်မှ နောက်တစ်ရက်မှဆိုရင် ကိုယ့်ရဲ့အကြံကို သူများဦးသွားပါလိမ့်မယ်။  Now အခုပဲ စတင်လုပ်ဆောင်ကြဖို့တိုက်တွန်းရင်း မိမိအလုပ်သည် မည်သည့်အလုပ်ပဲလုပ်သည် ဖြစ်စေ သင့်အလုပ်သင်အရေးကြီးတယ်ဆိုတဲ့ ဂုဏ်ယူစိတ်မွေးရင်း အကြံတေကိုအကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြပါစေ။

ကြီးကြီးတွေးမြင့်မြင့်ကြံစာအုပ်မှထုတ်နှုတ်ချက် နှင့်ပြန်လည်ဖြည့်စွတ်ရေးသားသည်။

လေးစားစွာဖြင့်
Crd #SaiKhantMyo

No comments