မုန်းခြင်းသည်လည်းဂရုစိုက်ခြင်းဖြစ်သည်
မုန်းခြင်းသည်လည်းဂရုစိုက်ခြင်းဖြစ်သည်
🙈🙉🙊🌷🙈🙉🙊🌷🙈🙉🙊�
ဂရုစိုက်သည့်တာဝန်မှာကြီးလေးပြီးလူကို ပင်ပန်းစေနိုင်သည်။😰😰😰
ချစ်ရသူဖြစ်ဖြစ် မုန်းရသူဖြစ်ဖြစ် ဂရုစိုက်လိုက် ပြီဆိုသည်နဲ့ ပင်ပန်းမှု စိတ်ညစ်စိတ်ဆင်းရဲရမှု သည်ဖြစ်ပေါ်လာမည်ဖြစ်သည်။ ချစ်ခြင်းသည်သာဂရုစိုက်ခြင်းမဟုတ်။မုန်းချင်းသည် လည်းဂရုစိုက်ခြင်းတစ်မျိုးဖြစ်သည်။ ဥပမာ ကိုယ်မုန်းသောသူအကြောင်းကိုတွေးပြီး စိတ်အခဲမကြေ အလိုမကျ ဖြစ်ကာ မိမိ၏ ကိုယ်စိတ်နှစ်ပါးကိုဆင်းရဲစေသည်။ အချို့များ အစားပျက်အအိပ်ပျက်သည်အထိ မုန်းသူ၏ အကြောင်းကို ဂရုစိုက်ကြသည်ကို ဂရုစိုက် သည်မထင်ဘဲ သူ့အကြောင်းမုန်းလို့တွေးဖို့ အနေသာ ကြားလည်းမကြားခြင် မြင်လည်း မမြင်ချင်ပါဘူးဟု ပြောဆိုတတ်ကြသည်။ ထိုသို့အထိအစားပျက် အအိပ်ဖြစ်သည်အထိဖြစ် သည်ကိုတစ်ဖက် မိမိမုန်းသည့်သူကြားပါက ဝမ်းသာအားရပင်ဖြစ်နေမည်ဖြစ်သည်။ ထိုသို့ မိမိမုန်းသူရှိလာပါက ထိုသူ၏နာမည်ကိုပင် မေ့ပစ်ပြီး ထိုသူသည်မိမိဘဝ၌မရှိဟု သဘော ထားနိုင်မှသာ မိမိကိုယ်စိတ်နှစ်ပါးသည် ချမ်းသာရာရမည်ဖြစ်သည်။ လူတိုင်းသည် မုန်းမိပြီဆိုသည်နဲ့ပြန်လည်ချစ်ခင်ရန်မှာ အင်မတန်ခဲယဉ်းကြသည်ဖြစ်သည်။ မိမိတို့၏ ရှင်သန်ချိန်မှာ တိုတောင်းလှသည်ဖြစ်သည့် အတွက် ဂရုစိုက်သည့်ကြီးလေးသည့်ဒဏ်ကို ရှောင်ဖယ်နိုင်မှသာ မိမိအလိုရှိရာကိုအောင် မြင်အောင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 🍸🍸🍸သေးငယ်သည့်ရေခွက်ကို လက်ထဲ၌မြဲမြံစွာ အမြဲဆုပ်ကိုင်ထားပါက အချိန်ကြာလာသည် နဲ့အမျှ ထိုသေးငယ်သည့်ရေခွက်သည် လေးလံလာပြီးမိမိ၏ကိုယ်စိတ်နှစ်ပါးကို ထိခိုက်လာစေမည်ဖြစ်သည်။ ဒါကြောင့်သေး ငယ်သည့်ရေခွက်ဖြစ်သော်ညားလည်း ဆုပ်ကိုင် မထားပဲ ချထားလိုက်ပါ။ ဒီလိုပဲ မည်မျှပင်သေး ငယ်သည့်ကိစ္စဖြစ်စေ ဂရုမစိုက်ပဲထားခဲ့လိုက်ပါ။ ဂရုမစိုက်ခြင်းဟာ ပျော်ရွှင်စေနိုင်ပါတယ်။
🌴🌻🌹💐🌷🌸🌼🌾🍁🎋🌸💐
လေးစားစွာဖြင့်
Crd Sai Khant Myo

No comments