Breaking News

သူဌေးဆိုတာ အလကားဖြစ်လာတာ မဟုတ်ဘူး | သင့်ဘဝပြောင်းလဲဖို့အတွက် တစ်မိနစ် အချိန်ပေး ဖက်လိုက်ပါ


သူဌေးဆိုတာ အလကားဖြစ်လာတာ မဟုတ်ဘူး| သင့်ဘဝပြောင်းလဲဖို့အတွက် ၁မိနစ် အချိန်ပေး ဖက်လိုက်ပါ
တနေ့မှာ လူတစ်ယောက်ဟာ နယူးယောက်မြို့က ဘဏ်တစ်ခုထဲကို ဝင်လာပြီး ဘဏ်မန်နေဂျာကို ခရီးသွားဖို့ အရေးတကြီး ငွေလိုနေလို့ ဒေါ်လာ ၅၀၀၀ ကို နှစ်ပတ်လောက် ချေးချင်တယ်လို့ ပြောလိုက်တယ်။ မန်နေဂျာက သူ့ကို သူတို့ဘဏ်မှာ ငွေစာရင်း မဖွင့်ထားလို့ ငွေချေးချင်ရင် အပေါင်ပစ္စည်းထားဖို့ လိုတယ်လို့ ပြောလိုက်တယ်…
အဲဒီလူက ဘဏ်ရှေ့မှာရပ်ထားတဲ့ သူစီးလာတဲ့ ဖယ်ရာရီ ပြိုင်ကားအနီလေးကို လက်ညိုးထိုးပြပြီး သူက မန်နေဂျာကို ပြောလိုက်တယ်။ “အဲဒါ ငါ့ကားပဲ။ အဲဒီကားကို ငါ အပေါင်ထားခဲ့မယ်။ ကားကို မထိခိုက်အောင်တော့ ဂရုစိုက်ပေါ့ကွာ။
ရော့ ဒီမှာ၊ ကားသော့ယူထားပါ”ဖယ်ရာရီကားတစ်စီးရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ တစ်သိန်းလောက် တန်တာမို့ ဘဏ်မန်နေဂျာလည်း ကျေကျေနပ်နပ်နဲ့ သူ့ကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေး လိုက်ပါတယ်အဲဒီလူဟာ သူ့ကားကို ဘဏ်မှာထားခဲ့ပြီး တခြားမြို့ကို လေယဉ်နဲ့ ခရီးထွက်သွားတယ်။ နှစ်ပတ်အကြာမှာ နယူးယောက်မြို့ကို ပြန်ရောက်လာတယ်။
သူ ဘဏ်ကို ရောက်လာပြီး ချေးငွေ ဒေါ်လာ ၅၀၀၀ ကို ပြန်လာဆပ်တယ်။ နှစ်ပတ်စာ အတိုးအတွက် ဒေါ်လာ ၂၀ ပေးလိုက်တယ်။
ဘဏ်မန်နေဂျာက သူ့ကို သူ့ဖယ်ရာရီ ကားသော့ကို ပြန်ပေးရင်း ခုလို မေးလိုက်ပါတယ်။“ဆရာခင်ဗျား ဆရာ ထွက်သွားပြီးတော့ ကျွန်တော်တို့ ဘဏ်က ဆရာ့အကြောင်းကို စုံစမ်းကြည့်တယ်။
ဆရာဟာ မီလျံနာ သူဌေးတစ်ယောက် ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။ ဆရာဟာ ချမ်းသာသူတစ်ယောက် ဖြစ်နေလျက်နဲ့ ကျွန်တော်တို့ဆီက ဒေါ်လာ ၅၀၀၀ ချေးရတာလဲ ဆိုတာကို ကျွန်တော်သိချင်လို့ ပြောပြနိုင်ရင် ပြောပြပေးပါလား”
ဖယ်ရာရီကားပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ်။“ဒေါ်လာ ၂၀ နဲ့ နှစ်ပတ်ကြာအောင် ငါ့ကားကို စိတ်ချလက်ချ ပါကင်ထိုးလို့ရတာ ဘယ်မှာရှိလဲကွ”တဲ့သူ ပိုက်ဆံကုန်သက်သာအောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သိလို့ ချမ်းသာနေတာကိုး
မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။

No comments