Breaking News

ကတိတခု၏ တန်ဖိုး…


အရမ်းအေးတဲ့ ညတစ်ညမှာ ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ် အဝတ်ပါးပါးလေးဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖိုအုးိကင်းသမားကိုတွေ့လေသည်။
ထိုအခါ ဘုရင်ကြီးသည် အဖိုးအိုနားကပ်၍မေးလေသည်။
အဘ အအေးဒဏ်မခံရဘူးလား?မအေးဘူးလား?
အဖိုးအိုပြန်ဖြေလေသည်။
ဘုရင်ကြီး အရမ်းအေးပေမဲ့လဲ ဝတ်စရာအနွေးထည် ကျွန်ုပ်မှာမရှိပါဘူး။
ဒါကြောင့် ကျွန်ုပ်အဖို့အအေးဒဏ်ကို ခံနေယုံမှ အပ တခြားလွတ်မြောက်စရာနည်းလမ်းမရှိပါ။
ဘုရင်ကြီးက မိန့်လေသည်။ ကယ် ကောင်းပြီး။ ကျွန်တော်ယခုနန်းတော်ထဲသွားပြီး အစေခံတစ်ယောက်ကို အဘ အတွက် အနွေးထည်ပေး၍လွတ်ပေးပါမည်။
ကင်းသမားအဖိုးအိုသည် ဘုရင့်ကတိစကားကြား၍အတိုင်းမသိ ဝမ်းသာသွားလေသည်။
ဒါပေမဲ့လဲ ဘုရင်ကြီးသည် နန်းတွင်းသို့ရောက်ပြီးသည်နှင့် မိမိကတိစကားကိုမေ့သွားလေးသည်။
မနက်လင်းသော် ကင်းသမားအဖိုးအိုသေဆုံးနေပြီး။ မိမိရဲ့အနားမှာ တုန်ရီနေသောလက်ရေးဖြင့် စာလေးတစ်စောင်ရေးထားခဲ့သည်။
စာထဲမှာရေးထားသည်မှာ.…………
ကျွန်ုပ်သည် နေ့စဉ်နေ့တိုင် အအေးဒဏ်ခံရင် ကျော်ဖြတ်ခဲ့ပါတယ်။
သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို အနွေထည်ပေးမည် ဆိုတဲ့ကတိစကားသည်
ကျွန်ုပ်ရဲ့အအေးဒဏ်ခံနိုင်စွမ်းကို ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်။
မှတ်ချက်
ရံဖန်ရံခါ မိမိရဲ့ ပေါ့ပျက်ပျက်ကတိစကားသည် မိမိထင်ထားသည်ထက်ပို၍ သူတစ်ပါးကို ဒုက္ခ ရောက်စေနိုင်သည်။ဒါကြောင့် လွယ်လွယ်နှင့်ကတိမပေးလေနှင့်။
ပေးပြီးသားကတိ မဖျက်လေနှင့်
သင့်ရဲ့ကတိစကားသည် မည်သို့မည်ပုံ ထိခိုက်နှစ်နာစေသည်ကိုသင်မသိနိုင်ပါ။အားနွဲ့သူများကိုစာနာပါ။
(ပညာဟူ သည်အလင်းရောင်)

No comments