Breaking News

၂၀၁၈ ခုနှစ်မှာ ဦးစားပေး ထားခဲ့သင့်တဲ့ အချက် (၅) ချက်


အောင်မြင်သူတိုင်း (သို့ မဟုတ်) အောင်မြင်ချင်တဲ့ လူတိုင်းဟာ အကျင့်ကောင်းတွေ ရှိတတ်ကြပါတယ်။ သင်လည်း နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှု များစွာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အကျင့်ဆိုး (၅) ခုကို နှစ်ဟောင်းမှာ ချန်ထားခဲ့ဖို့ လွန်စွာ အရေးကြီးလှပါတယ်။
(၁) အချိန်ဆွဲခြင်း
ဒီ ပရောဂျက်ကို နောက်ဆုံး ပြီးရမယ့်ရက်က နောက်တစ်ပတ်မှပဲ။ လိုပါသေးတယ်လေ။ အေးဆေးပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားလိုက်ဦးမယ်။ Bar သွားလိုက်ဦးမယ်။ ရုပ်ရှင်သွားကြည့်လိုက်ဦးမယ် ဆိုပြီး တတ်နိုင်သလောက် အချိန်တွေရွှေ့ နေတတ်ခြင်းဟာ အကျင့်ဆိုးတစ်ခုပါ။
ငါတို့ က နောက်ဆုံးအချိန်ကျမှ အကြံဥာဏ်ကောင်းတွေ ထွက်လာတတ်တာဆိုပြီး သတ်မှတ်ရက်နားနီးမှ အလုပ်တွေ ကပ်လုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကိုသာ ပိုများ လာစေ တတ်ပါတယ်။ သတ်မှတ်ရက်ထက် အလုပ် စောပြီးနေခြင်းက သင့်ရဲ့ အလုပ်ကို ပိုမိုကောင်းမွန်လာအောင် ထပ်ခါတစ်လဲလဲ ပြင်ဆင်နိုင်တဲ့ အကျိုးကျေးဇူး ရရှိစေ ပါတယ်။
(၂) Screen time များလွန်းခြင်း
အခုခေတ်မှာ ကွန်ပျူတာ (သို့ မဟုတ်) ဖုန်းတွေ ကိုမကြည့်ဘဲ အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ မှန်ပါတယ်။ သို့ သော်ငြားလည်း မရှောင်လွှဲနိုင်တဲ့ လုပ်ငန်းခွင် အတွင်းမှာ ကွန်ပျူတာ အသုံးပြုရတဲ့အချိန်အပြင် ကိုယ်ပိုင်ဖုန်းသုံးတဲ့ အချိန်တွေကို တတ်နိုင်သလောက် လျှော့ချဖို့ လိုပါတယ်။
ဥပမာ - မိသားစုနဲ့ ထမင်းစားနေရင်း ဖုန်းသုံးနေတာမျိုးတွေက မိသားစုအတွင်း ဆက်ဆံရေးကို တဖြည်းဖြည်း ဆိုးရွားလာစေပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း ကွန်ပျူတာ တစ်နာရီလောက် ကြည့်ပြီးတိုင်း မျက်စိကြည်စေတဲ့ အစိမ်းရောင်၊ အပြာရောင်ရှိတဲ့ အရာမျိုးတွေကို ခေတ္တကြည့်ပေးခြင်း၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ခေတ္တခဏ စကားပြောပေးခြင်းအားဖြင့် တစ်နေ့ တာ Screen time တွေကို လျှော့ချနိုင်ပါတယ်။
(၃) အချိန်နောက်ကျခြင်း
အချိန်နောက်ကျတယ်ဆိုတာ ဂရုမစိုက်ခြင်း၊ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းတို့ ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်နှင့် တွေ့ ဆုံဖို့ ချိန်းဆိုထားတာကို နောက်ကျခဲ့တယ်ဆိုရင်လည်း ထိုလူအပေါ်တွင် မလေးစားရာရောက်ကြောင်း တစ်နည်းတစ်ဖုံ ဖော်ပြနေသလို ဖြစ်စေပါတယ်။ ဒါကြောင့်မို့ လို့ မိမိ၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားပြီး အချိန်ကို စနစ်တကျ စီမံခန့် ခွဲထားဖို့ အလွန်အရေးကြီးပါတယ်။
(၄) အိပ်ချိန်နည်းခြင်း
အိပ်ချိန်နည်းလို့ ဆုရတဲ့လူဆိုတာ မရှိပါဘူး။ အိပ်ချိန်နည်းခြင်းအားဖြင့် ကိုယ်ခံအား ကျဆင်းခြင်း၊ စိတ်ဖိစီးမှု မြင့်မားခြင်း စတဲ့ မကောင်းတဲ့ အကျိုးရလဒ်တွေသာ ရရှိစေ ပါတယ်။ အိပ်ချိန်အလုံအလောက် ရရှိခြင်းအားဖြင့် သင့်ရဲ့ အာရုံစုစည်းနိုင်မှုအားကောင်းလာစေပြီး စိတ်ကြည်လင် ပေါ့ပါးစေနိုင်ပါတယ်။
(၅) တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း
“ငါမသိဘူး။ ငါနဲ့မဆိုင်ဘူး။” လို့ ပြောရတာ သိပ်လွယ်ပါတယ်။ ဒီလိုပြောလိုက်ပြီးတဲ့ နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေးပိုင်း ဆိုင်ရာတွေအပေါ် အထင်သေးခြင်း ခံရတတ်ပါတယ်။ ဒါကြောင့်မို့ လို့ အခုအချိန်ကစပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ မိမိရဲ့ စိတ်ဓါတ်နဲ့ အတွေးအခေါ်တွေကို လွှင့်ပစ်ခဲ့ကြဖို့  လိုအပ်ပါတယ်။
အထက်ပါ အကျင့်ဆိုး (၅) ခုကို ၂၀၁၈ ခုနှစ်မှာ လွှင့်ပစ်ခဲ့ပြီး အကျင့်ကောင်းတွေကို မွေးမြူရင်း အောင်မြင်ပျော်ရွှင်စွာနဲ့ ၂၀၁၉ ခုနှစ်ကို ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း……
Credit: Eduadvice_by_Nway
#FutureELC

No comments