Breaking News

အရမ်းကြိုက်လို့ သူငယ်ချင်း တွေကိုဖတ်စေချင်သည်


အရမ်းကြိုက်လို့ သူငယ်ချင်း တွေကိုဖတ်စေချင်တယ်
အရမ်းစိတ်ညစ်ပြီး ဘ၀ကိုအရှူံးပေးချင်နေပြီလား
ဒီစာလေးဖတ်လိုက်ပါ ၊ ဖတ်ဖြစ်အောင်ဖတ်နော်
” လောက ” မှာ
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
” ကိုယ်ပါပဲ ”
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
” ကိုယ်ပါပဲ ”
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
” ကိုယ်ပါပဲ ”
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
” ကိုယ်ပါပဲ ”
” အဓိက ” က ကိုယ့်ရဲ့ ” စိတ် ” ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။
” စိတ် ”ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
” ဆေးတစ်ခွက် ” ဖြစ်နိုင်ပြီး
မကောင်းတဲ့ ” စိတ် ”တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ ” ဘေး ” အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ်
ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား
ကြောက်- ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ ” အပူဒဏ် ”ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်
ဒီလိုပဲ …… သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး … သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ
မတွေးတော့ပဲ … ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ ………အဆင်ပြေမှာပါ
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ဒါတွေကိုချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် …… စိတ်ညစ်မှု့မျိုးဆုံပေါ့
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ
ကိုယ် ကို ကိုယ် …
” ပြစ်ဒဏ် ” ပေး အကျဉ်းချနေတာပါ
” အဓိက ” ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ
” အကျိုးရှိရင် အကြောင်းရှိသလို ”
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ
သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ
” လောက ” ကြီးက ” စိန်ခေါ်မှု့” တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ /
ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် ” စိန်ခေါ်မှု့” တွေ များတဲ့ ” လောက” ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………???
စဉ်းစားပါ ဆုံးရှုံးမှု့ဒဏ်ေ ကို ကိုယ် ” သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား??
ဒါဆို သင် ” လုံလောက်တဲ့ ” ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့
” လုံလောက်တဲ့ ” ရင့်ကျက်မှု့ရှိသူတိုင်းဟာ ” ကိစ္စတိုင်း ”ကို ထည့်တွက်မနေကြပါဘူး
” ပူလောင်မှု့” ကိုခံစားနေရတယ် ဆိုတာ ”မေတ္တာ” စိတ်မရှိလို့ ပါ
ပြီးတော့ ”အတ္တ” စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ”ရှေ့ တန်း ”တင်ပေးနေတာ
ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် …… ဒီလိုစိတ်ထားကြည့်ပါ
{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ
အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ ” အမှား ”ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ”ဂလဲ့စား” ချေခြင်းတစ်မျိုးပါပဲ
” ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ” တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး
( သူလည်းအားချင်မှအားမှာလေ )
” မုန်တိုင်း ” ပြီးရင်တော့ ” လေပြေ ” ရောက်လာစမြဲပါ
” အကောင်းဆုံး ”တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ
” နေရိပ် ” ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ
ငါ ” ပေ ” ဖြစ်နေလို့ ခံနေရတာ ” တူ ”ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ
လူဘဝ ဆိုတာ တစ်ကယ်တော့ ” ခနတာ ” လေးပါ အဲ့ထဲမှာ
သင်က …
ထမင်းစားဖို့ အသက်ရှင်နေတာလား
အသက်ရှင်ဖို့  ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .
”ကာဗွန် ” ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့
တန်ဖိုးရှိတဲ့ ” စိန် ” ပဲ ဖြစ်အောင်ပဲကြိုးစားပါ
သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /
ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ ” ပရဟိတ ” တွေများများလုပ်ပါ
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / “ရိုးသားစွာ” ကြိုးစားပါ
ကဲ ဒါဆို သင် ဘဝတစ်ခုလုံးအတွက် “တန်ဖိုး” ရှိစွာ နေထိုင်နိုင်တဲ့ ” လူ ” တစ်ယောက်ဖြစ်သွားနိုင်ပါပြီ
Credit

No comments