ဦးနှောက်ထက်ထက်မြက်မြက်ရှိစေမယ့်အကောင်းဆုံးနည်းလမ်း(၄)ခု
ဦးနှောက်ထက်ထက်မြက်မြက်ရှိစေမယ့်အကောင်းဆုံးနည်းလမ်း(၄)ခု
***************************************
(1) လူမှုဆက်ဆံရေးမှာတက်ကြွသူ
လူမှုဆက်ဆံရေးမှာ တက်တက်ကြွကြွ ရှိသူတွေဟာ ဘဝနှောင်းပိုင်းရောက်တဲ့အခါမှာ မှတ်ဥာဏ်ကောင်းမွန်ပါတယ်။ မှတ်ဥာဏ်ကောင်းမွန်ဖို့အတွက် လူတွေနဲ့ဆက်ဆံရတဲ့ ကိစ္စမျိုးတွေကို ရွေးချယ်သင့်တယ်လို့ ဦးနှောက်နဲ့အာရုံကြောဗေဒဆိုင်ရာ အမေရိကန်အကယ်ဒမီရဲ့ ဦးနှောက်နဲ့ အာရုံကြောပညာရှင် ဂလန်းဖန်နေက Huffington ကို ပြောကြားထားပါတယ်။
(2) စိန်ခေါ်မှု
စာဖတ်တာတွေ၊ ဂိမ်းဆော့တာတွေ၊ ပဟေဠိပုစ္ဆာတွေနဲ့ စတဲ့ဦးနှောက်ကို စိန်ခေါ်တဲ့ ကိစ္စတွေဟာလည်း ထက်မြက်မှုရှိစေတဲ့ အကောင်းဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။ ဘာသာစကားသစ်လေ့လာတာဟာလည်း မှတ်ဥာဏ်တွေကို ထက်မြက်စေတဲ့ နည်းလမ်း ဖြစ်ပါတယ်။
(3) ဖိအား
ဖိအားတွေများတာဟာ ဦးနှောက်မှတ်ဥာဏ်ကို ရေရှည်မှာ ထိခိုက်စေပါတယ်။ မှတ်ဥာဏ်သုံးပြီး ဆုံးဖြတ်ချက် ချရတဲ့ကိစ္စတွေမှာ ဖိအားများနေရင် မှန်မှန်ကန်ကန်လုပ်နိုင်ခြင်း မရှိပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ဖိအားတွေကို ရှောင်လွဲလို့ မရတာကြောင့် ဘဝအပေါ်မြင်ပုံတွေကို အပြုသဘောဆောင်တဲ့ အမြင်တွေ အဖြစ် ပြောင်းလဲဖို့ လိုပါတယ်။
(4) ခန္ဓာကိုယ်
မှတ်ဥာဏ်တွေသန်မာဖို့ဟာ ခန္ဓာကိုယ်သန်မာဖို့လည်း လိုပါတယ်။ အားကစားသမားကြီးတစ်ယောက်လို မဟုတ်တောင် ပုံမှန်လောက်တော့ ကျန်းမာရေးကောင်းသင့်ပါတယ်။
Source: Huffington
#Lifestyle_Tips
#crd MM5GroupCo.,Ltd. #Huawei

No comments