Breaking News

လူယဉ်​​ကျေးလူရည်​မွန်​​တွေ လုံးဝမ​မေးတတ်​တဲ့ ​မေးခွန်း ၆ ခု


လူမှုဆက်​ဆံ​ရေးမှာ အ​ပြောအဆို ​ပြေပြစ်​​ကျေညက်​ဖို့ကလဲ သိပ်​အ​ရေးကြီးပါတယ်​။ မ​မေးသင့်​၊ မ​ပြောရာ၊ နှုတ်​ကထွက်​ဖို့မအပ်​တဲ့ စကား​တွေကို ကိုယ်​နှုတ်​​စောင့်​စည်းမှုနဲ့သာ ဆင်​ခြင်​တာဟာ မိမိလူမှုဆက်​ဆံ​ရေးကို တိုးတက်​​စေသလို ကိုယ့်​တန်​ဖိုးကိုလည်း ကိုယ်​တိုင်​မြင့်​​စေပြီးသားဖြစ်​​စေတယ်​။ တကယ့်​လိုရင်းက​တော့ တစ်​​ယောက်​​ယောက်​ ထိခိုက်​နစ်​နာသွားရ​အောင်​ မဖြစ်​​စေလိုတဲ့ စိတ်​ရင်း​စေတနာ​ကောင်းရှိရင်​ လူယဉ်​​ကျေးလူရည်​မွန်​ပီသပါတယ်​။ ပါးနပ်​ လူရည်​လည်​တယ်​လို့လဲ ဆိုနိုင်​ပါတယ်​။ လူမှုဆက်​ဆံ​ရေးမှာ လူယဉ်​​ကျေးလူရည်​မွန်​​တွေ မ​မေးတတ်​တဲ့ ​မေးခွန်း ၆ ခု ကို တင်​ဆက်​​ပေးပါမယ်​။

၁။သားအမိ​တွေလား

တချို့​တွေရဲ့ ပါးစပ်​က​နေ လွှတ်​ခနဲ ထွက်​လာတတ်​တဲ့ စကားပါ။ ကိုယ်​က မသိရင်​ မသိသလို​နေတာ အ​ကောင်းဆုံးပါပဲ။ လူယဉ်​​ကျေး​တွေကေ​တာ့ အ​ပြောအဆို၊ အမူအရာနဲ့ ရင်းနှီးမှု​တွေကို အသာအယာအကဲခတ်​ရုံသာ ခန့်​မှန်းကြပါတယ်​။ တစ်​ဖက်​ကကြိုက်​မှန်း၊ မကြိုက်​မှန်းမသိ စွတ်​တရွတ်​​ပြောမယ့်​အစား ဘယ်​သူမှမနစ်​နာ​အောင်​ ဆင်​ခြင်​တာအ​ကောင်းဆုံးပါပဲ။

၂။တွဲလာ​တာ ဘယ်​​လောက်​ကြာပြီလဲ

ချစ်​သူစုံတွဲ ​တွေနဲ့ ​တွေ့တဲ့အခါ ကိုယ်​နဲ့အ​ပေါ်ယံ​လောက်​သာ ခင်​မင်​မှုရှိကြ​သေးရင်​​တော့ ဒီလို​မေးခွန်းမျိုး မ​မေးတာက ​စောင့်​စည်းမှုတစ်​မျိုးမည်​ပါတယ်​။ ဘယ်​​တော့လက်​ထပ်​မှာလဲ၊ ဘယ်​​တော့ယူကြမှာလဲ၊ တွဲ​နေတာ ဘယ်​​လောက်​ရှိပြီလဲ ဆိုတာမျိုး​တွေက စပ်​စုလွန်းရာလဲ ကျပါတယ်​။

၃။က​လေးဘယ်​​တော့ ယူမှာလဲ

က​လေးရှိလား မ​တွေ့မိပါလား တို့၊ ကိုယ်​ဝန်​ရှိ​နေပြီလား တို့၊ မိန်းက​လေးလိုချင်​လား ​ယောင်္ကျာား​လေးယူမှာလား စသဖြင့်​ ဘယ်​လို​မေးခွန်းမျိုးမဆိုက မရင်းနှီးကြတဲ့သူချင်းကို စိတ်​အ​နှောင့်​အယှက်​ ဖြစ်​​စေတဲ့ ​မေးခွန်း​တွေပါ။ က​လေး​တွေမယူဘဲ ​အေး​အေး​ဆေး​ဆေးပဲ ​နေချင်​တဲ့ စုံ​တွေ​တွေလဲ ဖြစ်​နိုင်​တာကိုး။ က​လေး​တွေအများကြီး​မွေးထားတဲ့ က​လေးအ​မေကိုလဲ ဒါ​တွေအကုန်​လုံး ရှင့်​က​လေး​တွေလား ​မေးချပစ်​လိုက်​တာမျိုး​တွေလဲ ရှိပါတယ်​။

၎။တက်​တူးထိုးတုန်းက မနာဘူးလား

ဒါလဲ ​တော်​​တော်​ဆိုးတဲ့ အ​မေးပါ။ စကားမ​ပြောတတ်​ရင်​ မ​ပြောဘဲ​နေလို​က်​တာက အ​ကောင်းဆုံးပါပဲ။ နား​ဖောက်​ထားတာ​တွေ၊ တက်​ထူးတိုးတာ​တွေ၊ ဆံပင်​ပုံစံ​ပြောင်းတာ​တွေက လူ​တွေရဲ့ ကိုယ်​ပိုင်​အ​တွေးအ​ခေါ်ပါ။ သင့်​အ​နေနဲ့ မရင်းနှီး​သေးဘဲ စွက်​ဖက်​ခြင်း​ရှောင်​ရှားပါ။

၅။ဘာလို့အဲ့​လောက်​​ခွေး​တွေ ​မွေးထားတုန်း?

ဝါသနာနဲ့ ပတ်​သက်​လာရင်​​တော့ သူစိမ်းအချင်းချင်း စကားစပ်​လို့အ​ကောင်းဆုံးပါပဲ။ အမြင်​​တွေမျှ​ဝေရတာကိုး။ ဆိုးတာက စကားစမြည်​အဆင့်​က​နေ စပ်​စု၊ နှိုက်​ချွတ်​တဲ့ အဆင့်​ကို မတက်​ဖို့ပါ။ ဥပမာ သူက ​ခွေး​မွေးရတာကြိုက်​တယ်​ဆို ​ခွေးငါး​ကောင်​ကြီးများ​တောင်​ ဘာလို့​မွေးထားရတုန်း၊ ​ဈေးကလဲ ကြီးလိုက်​ပါဘိနဲ့ လို့ မြည်​တွန်​သလို၊ ကဲ့ရဲ့သလို ​ပြောထွက်​တာလးဟာ ရိုင်းပျတဲ့ အပြုအမူပါ။

၆။လစာ ဘယ်​​လောက်​ရလဲ သို့ ဒီပစ္စည်း ဘယ်​​လောက်​​ပေးရလဲ

ဒီ​မေးခွန်း ၂ခုစလုံးက လူ့ကျင့်​ဝတ်​အရ​တော့ မကျွံသင့်​တဲ့ ​မေးခွန်း​တွေပါ။ ​မော်​​မော်​ကြွားကြွား ​ဖြေချင်​သူ​တွေရှိနိုင်​​ပေမယ့်​ ကိုယ့်​လစာကိုယ်​အားမရသူ ကို​တော့ ဒါမျိုး​မေးတာ အခက်​​တွေ့​စေပါတယ်​။ ကိုယ်​က သ​ဘောရိုးနဲ့ဖြစ်​​ကောင်းဖြစ်​ရင်​​တောင်​ သတိမလစ်​ဟာ​စေပါနဲ့။ သူဝယ်​ထားတဲ့ ပစ္စည်း​လေးက ကိုယ့်​အသိတစ်​​ယောက်​ဝယ်​ဖူးတာနဲ့ တူလို့ ​ဈေးချင်းယှဉ်​လို့ရ​အောင်​ ​မေးတယ်​ဆိုရင်​​တောင်​ ဒါဘယ်​​လောက်​​ပေးရလဲ ဆိုတာ စကားမကြွယ်​တဲ့အ​မေးဖြစ်​ပါတယ်​။

#crd မူရင်းတင်သူကိုပေးပါသည်။

No comments