Breaking News

သင့်ကိုတစ်သက်လုံးချစ်သွားမယ်ဆိုတဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့လက္ခဏာများ…


သင့်ကိုတစ်သက်လုံးချစ်သွားမယ့်
ယောင်္ကျားလေးတစ်ယောက်ရဲ့လက္ခဏာများ
အချစ်ရေးကံမကောင်းလို့ အိမ်ထောင်ဘက်အဖြစ်
လွဲချော်ခဲ့တာတွေ၊ ချစ်သူဘ၀က ပြတ်ဆဲခဲ့တာတွေ၊
အိမ်ထောင်သည်ဘ၀မှာ ကွာရှင်းကြတာတွေ ရှိနေတာကို မြင်ရတော့ စိတ်မကောင်းပါဘူးဗျာ
အမှန်တော့တစ်ယောက်က ထားသွားလို့၊ တစ်ယောက်က ကျန်နေခဲ့ရတာပါဘဲ။
ဒါဆိုရင် သင်လက်တွဲနေတဲ့သူဟာသင့်ကို ထားသွား/မသွား ဘယ်လို ပုံစံတွေကို အကဲခတ်ပြီး သိနိုင်မလဲ အောက်မှာ ဖော်ပြထားတဲ့
စရိုက်လက္ခဏာလေးတွေကတော့ သင့်ချစ်သူက သင့်ကို လုံးဝ ပြစ်ခွာမသွားနိုင်ဘူးဆိုတဲ့ သက်သေတွေဖြစ်ပါတယ်
1💖. သင့်ကို အနိုင်ကျင့်စော်ကားတာတွေ မလုပ်တဲ့သူ..
ကိုယ်ချစ်လို့လက်တွဲနေတာပဲ ဘာလို့အနိုင်ကျင့်ရမှာလဲလို့ စောဒကမတက်ကြပါနဲ့။အဲဒီလိုပဲ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရိုက်ကြနှက်ကြ၊ သတ်ကြဖြတ်ကြတဲ့ ကိစ္စတွေမှ မနည်းဘူး။
အဲဒီလိုအချစ်မျိုးကျတော့ အတ္တနဲ့အချစ် ရောပြွန်းနေတာလို့ ခေါ်ပါတယ်။ ဒီတော့ သင့်ကို တကယ်ချစ်တဲ့သူက သင့်ကိုနှီးဖျားလေးနဲ့တောင် ရွယ်မှာမဟုတ်ပါဘူး။
2💖. ပြဿနာမှန်သမျှကို ခေါင်းမရှောင်သူ…
သင်နဲ့ပတ်သက်တဲ့ ပြဿနာမှန်သမျှကို ခေါင်းမရှောင်ပါဘူး။ ရဲရဲဝင့်ဝင့် ရင်ဆိုင်ပါတယ်။ ခံစရာရှိရင်
ရင်ကော့ခံပါတယ်။ ဘာကိုမှ မကြောက်ပါပဲ သင့်ရှေ့မှောက်ကို အတားအဆီးမှန်သမျှ ကျော်ဖြတ်ပြီးရောက်လာမယ့်သူပါ။
3💖. သင့်ရဲ့ အသေးအဖွဲ့ကိစ္စလေးတွေကိုတောင် အလေးအနက်ထားတယ်…
ဘာဖြစ်လို့ ရုံးမတက်တာလဲ၊ နေမကောင်းလို့၊ အာ နေမကောင်း ဆေးခန်းသွားရမှာပေါ့၊ လာလာ-စသဖြင့် သင် ရိုးရိုးအာဂန္တုအဖျားလေးလောက်နဲ့ ဆေးခန်းပို့ချင်သူ၊ သင့်လွယ်အိတ်ထဲမှာ နှင်းဆီပန်းလေးထိုးလာတာကိုလည်းအမြတ်တနိုးချီးမွှမ်းသူ၊သင့်ရဲ့အပြုအမူအပြောအဆိုမှန်သမျှဟာ သူ့အတွက်သိပ်လေးနက်နေတယ်ဆိုရင် အဲဒီလူကသင့်ကိုဘယ်တော့မှ ခွဲသွားမှာ မဟုတ်ပါဘူး။
4💖. ဦးစားပေးတယ်…
ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သင့်ကို သူက ဦးစားပေးတယ်။ အရာထားတယ်၊ အလေးအနက်ပြုတယ်ဆိုရင်သင်ဟာ ကံကောင်းပါတယ်။
5💖. သင့်ရဲ့ပြဿနာဟာ သူ့ပြဿနာပဲ…
သင် ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် လိုလိုချင်ချင် လိုက်လုပ်ပေးတာ၊ အကြောင်းကိစ္စတစ်ခုပေါ်တိုင်း ပြီးစီးသည်အထိ ကူညီတာ၊
အရေးနဲ့အကြောင်းဆို ဘာလုပ်ပေးရမလဲဆိုပြီး အဆင်သင့်ဖြစ်နေတဲ့ လက်တွဲဖော်ဟာ သင့်အတွက် ကံကောင်းစေမှာပါ။
6💖. သင့်ရဲ့အမှားတွေကို ခွင့်လွှတ်တာ…
သင့်ဘ၀မှာ ဘယ်လောက်ကြီးမားတဲ့ အမှားဖြစ်ပါစေ … သူ့မှာ ခွင့်လွှတ်နိုင်တဲ့ သဘောထားရှိတယ်ဆိုရင်
သူဟာ သင့်ကို တကယ်ချစ်လို့ပါဘဲ။ ဒီစိတ်နေသဘောထားဟာလည်း သိပ် အရေးကြီးပါတယ်။
7💖. သူမှားတာမှန်သမျှ သင်မမေးရဘဲ ဖွင့်ဟတာ…
အမှားဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက်လို့ ဆိုက ဆှိုနိုင်ပါတယ်။တစ်ချို့က အဲဒီအားနည်းချက်ကိုသိပြီး လမ်းခွဲသွားကြတာတွေ ရှိလို့ပါ။
သူ့ရဲ့အမှားတွေ သင်မမေးပဲ သင့်ကို ၀န်ခံပြီဆိုရင်တော့ သူဟာသင့်ကို တကယ်ယုံလို့ ဖွင့်ဟတာပဲဖြစ်ပါတယ်။ ယုံကြည်မှုနဲ့တည်ဆောက်တဲ့အချစ်ထက် ဘယ်အချစ်ကမှ မခိုင်မြဲပါ။
နတ်စည်တော်(Shwemom)
#လောကနီတိသုတစာပေ Wa Than

No comments