ဘဝအတွက်အင်အားရှိသောစာပေများ
ဘဝအတွက်အင်အားရှိသောစာပေများ
👉 သင့်တန်ဖိုးက သင့်အလုပ်အကိုင်ထက်
သင့် လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်တာပါ
👉 အခက်အခဲဆိုတာ
သင့်တစ်ယောက်တည်း ကြုံရတာမဟုတ်ပါဘူး
လူတိုင်း ကြုံနေကြရတာပါ
👉 သင့်အမှားတွေကို
စောင့်ကြည့်နေရလောက်အောင် လူတိုင်းမှာ
အချိန်မရှိပါဘူး လွတ်လပ်သလိုနေပါ
👉 ငယ်သူငယ်ချင်းတစ်ချို့နဲ့ ဝေးကွာသွားပေမယ့်
သူငယ်ချင်းအသစ်တွေ ထပ်ရလာမှာပါ
👉 စိတ်တူကိုယ်တူတွေနဲ့ပဲ
အမြဲတွေ့ရဖို့မမျှော်လင့်ပါနဲ့
ဆန့်ကျင်ဘက်သမားတွေနဲ့လည်း
အလုပ်လုပ်ကြရမှာပါ
👉 သင့် အိမ်မက်တွေနောက်လိုက်တာက
တစ်ကိုယ်ကောင်ဆန်တာမဟုတ်ပါဘူး ကြိုးစားပါ
👉 ကြင်နာမှုဆိုတာ အသိမှတ်ပြုခံရမှမဟုတ်ပါဘူး
ဘယ်အခြေနေဖြစ်ဖြစ် ပေးနိုင်တဲ့အရာပါ
👉 အသည်းကွဲတာမဆန်းပါဘူး အဲ့ဒါကလည်း
ဘဝအတွေ့ကြုံတွေထဲက သင်ခန်းစာတစ်ခုပါ
👉 ပထဆုံးအချစ်က အဆင်ပြေလေ့မရှိပါဘူး
အချစ်ဆိုတာ သင်စိတ်ကူးယဉ်ထားတာထက်
လက်တွေ့မှာ ပိုရှုပ်ထွေးတဲ့အရာပါ
👉 အချိန်က အရာရာကိုကုစားပေးနိုင်တာ ယုံပါ
👉 လူတိုင်းဟာ တစ်သက်မှာတစ်ခါတော့
အကူညီလိုအပ်ကြတာကြီးပါပဲ
အကူအညိီတောင်းလိုက်ပါ
👉 ဒီနေ့ရဲ့ အသေးအဖွဲစုဆောင်းမှုတွေဟာ
ရေရှည်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးရရှိစေမှာပါ
👉 အဝတ်အစားက သင့်ကို ပိုကောင်းတဲ့
လူတစ်ယောက်တော့ ဖြစ်မလာစေပါဘူး
ဒါပေမယ့် သင့်ကိုယ်ရည်ကိုယ်သွေးကိုတော့
ပိုမိုတောက်ပလါစေမှာပါ
👉 အချစ်ကိုကြောက်တဲ့လူဆိုတာ
ကံဆိုးတဲ့ အချစ်နဲ့ ကြုံဆုံဖူးခဲ့ကြရလို့ပါ
👉 ပျော်ရွှင်မှုကို ငွေကြေးနဲ့ဝယ်လို့မရပါဘူး
တင်းတိမ်ရောင့်ရဲခြင်းနဲ့ဝယ်မယ်ဆိုရင်လည်း
မလုံလောက်ပါဘူး
👉 ဘယ်လောက်အလုပ်ရှုပ်ရှုပ်
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ
👉 သင်စိတ်ပူနေတိုင်း
သေချာပေါက်ဖြစ်မလာမှာကို သတိပြုပါ
👉 ပြည့်စုံပြီဆိုတာ မရှိပါဘူး
အမြဲလိုအပ်ချက်တွေ ရှိနေဦးမှာပါ
👉 ဖြတ်သန်းနေတဲ့ ဒီနေ့ဆိုတာ နောင်တစ်ချိန်မှာ
သင့်ရဲ့ အံ့သြစရာဘဝမှတ်တမ်းဖြစ်လာမယ့်
အချိန်တွေပါ
👉 တစ်ခုခုလုပ်သင့်တဲ့အချိန်ဆိုတာမရှိပါဘူး
တစ်ခုခုလုပ်ဖို့ သင်ဆုံးဖြတ်လိုက်တဲ့အချိန်ဟာ
လုပ်သင့်တဲ့ အချိန်ပါ
👉 လေးစားမှုဆိုတာ
ငွေကြေးထက်ရရှိဖို့ ပိုခက်ခဲတဲ့အရာပါ
👉 သင်မကြိုက်တဲ့ အလုပ်ကထွက်ဖို့ကော
သင်ကြိုက်တဲ့အလုပ်လုပ်ဖို့ပါ
နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး
👉 ဘဝဖြတ်သန်းရတာကြာလာတဲ့အခါ
သင့်မိဘတွေအပေါ်ကို ပိုမို နားလည်လာမှာပါ
👉 သင့်ကို ပိုမိုအောင်မြင်တဲ့နေရာပို့ပေးနိုင်သူဟာ
သင်ကိုယ်တိုင်ပါပဲ
👉 သင့်ကိုယ်သင် ယုံကြည်မှုက
သင်အလိုရှိရာကို ခေါ်ဆောင်သွားမှာပါ
👉 မိမိဘဝမှာ မိမိသာလျှင် ပဲ့ကိုင်ရှင်ပါ 👈
စေတနာဖြင့် တွေးမိတွေးရာလေးများ......
မေလေး.......
Credit
No comments