Breaking News

၁၀မိနစ်လောက် အချိန်ပေးလိုက်ရုံနဲ့ တစ်ကိုယ်လုံးက အဆီတွေကို လျော့ချပေးမဲ့ အသက်ရှူလေ့ကျင့်ခန်


ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကို ဖျက်ဆီးနိုင်ဖို့အတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မှမဟုတ်ပါဘူး။ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်ပြုလုပ်ပေးရင်လည်း ခန္ဓာကိုယ်က အဆီတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါ့ကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ ရိုးရှင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ၂မျိုးကို ပေါင်းလုပ်ပေးရုံနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပုလင်းဖြင့် အသက်ရှူခြင်း
ပုလင်းနဲ့ အသက်ရှူရတဲ့လေ့ကျင့်ခန်းဟာ လူကြိုက်များတဲ့ bodyflex အသက်ရှူလေ့ကျင့်ခန်းနဲ့ ပေါင်းစပ်ထားပြီး ကျော်ကြားတဲ့ frolov ရဲ့ training တစ်ခုလည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် ပလပ်စတစ်ဗူး/ပုလင်းခွံ တစ်ခုပဲလိုအပ်ပါတယ်။ပထဦးစွာ ထိုဗူးခွံအပေါက်ဝကို သွားနဲ့ ကိုက်ထားပေးပါ။ ပြီးလျှင် အသက်ရှူတဲ့အခါ ရင်ဘက်နဲ့ ဝမ်းဗိုက်ကြားရှိကြွက်သားစိုင်ကနေ အားစိုက်ပြီးနှာခေါင်းကနေလေကို ရှူပေးပါ။ အချိန် ၁၀-၁၅ မိနစ်လောက်ကြာတဲ့အထိ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ အသက်ရှူနေရင် ခေါင်းမူးတယ်လို့ ခံစားရရင် ဒီလေ့ကျင့်ခန်းကို မပြုလုပ်ပါနဲ့။

ခြသေ့င်္ကဲ့သို့ အသက်ရှူခြင်း
ဒီလေ့ကျင့်ခန်းဟာ မြင်သူတွေအဖို့ ရယ်စရာကောင်းပေမဲ့ သင့်အတွက်တော့ အဆီတွေကြောင့် မေးစေ့နှစ်ထက်ဖြစ်ခြင်းကို ဖယ်ရှားပေးဖို့ အများကြီးကူညီပေးပါတယ်။ ပထမဦးစွာ ပုံမှာပြသထားတဲ့အတိုင်း ဖျားတစ်ချပ်ပေါ်မှာ ခြင်္သေ့တစ်ကောင်ထိုင်သလို ပုံစံမျိုးထိုင်ပေးပါ။ ပြီးလျှင် ခေါင်းကို အပေါ်သို့ အနည်းငယ်မော့၊ ပါးစပ်ကိုဟ၊ လျှာကိုအောက်မေးရိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင်ထုတ်ပြီး နှာခေါင်းကနေ လေကိုပြင်းပြင်းအသက်ရှူပေးပါ။ ထိုကဲ့သိုပြုလုပ်တဲ့အခါ လည်ပင်း၊ မေးစေ့နဲ့ မျက်နှာကြွက်သားတွေ တင်းမာလာတယ်လို့ခံစားရမှာဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းကို ၄-၆ ကြိမ်လောက်ထိ ပြုလုပ်ပေးသင့်ပါတယ်။

ခြေထောက်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ရှိ အဆီပိုတွေကို ဖယ်ရှားပစ်ပြီး ဝမ်းဗိုက်ကြွက်သားကို ပိုပြီးအားကောင်းလာစေပါတယ်။ ဒါ့အပြင် တင်ပါးရှိ အဆီတွေကိုလျော့ချပေးပြီး ကိုယ်ဟန်အနေအထားကိုပိုမိုကောင်းမွန်လာစေပါတယ်။ ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပတ်လက်အိပ်ပြီး လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ချထားပေးပါ။ ခြေထောက်ကို အပေါ်သို့ ၉၀ဒီဂရီလောက်ရောက်တဲ့အထိ ထောင်ပြီး ၁၅-၂၀ စက္ကန့်အချိန်လောက်ထိုအနေအထားတိုင်းနေပေါ။ ပြီးလျှင် ၆၀ ဒီဂရီလောက်မှာ ၁၅-၂၀ စက္ကန့်လောက်တစ်ခါ၊ ၃၀ဒီဂရီလောက်မှာ စက္ကန့် ၃၀ လောက် ခြေထောက်အနေအထားကို ဖြည့်းဖြည်းခြင်းလျော့ချပြီးနေပေးပါ။ ထိုကဲ့သို့ မြှောက်ထားတဲ့ အချိန်မှာ အသက်ကို စည်းချက်မှန်မှန်နဲ့ ပုံမှန်လေးရှူပေးဖို့ လိုအပ်ပါတယ်။ အားလုံးပြီးသွားမှ သင့်ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ ပြန်ချပေးပါ။

V ပုံစံ လေ့ကျင့်ခန်း
ထိုလေ့ကျင့်ခန်းဟာ လက်မောင်းရှိ အဆီပိုတွေ၊ ပေါင်းမှာရှိတဲ့အဆီပိုတွေ၊ ဝမ်းဗိုက်အဆီပိုတွေ အားလုံးကို ဖျက်ဆီးပစ်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ပုံမှာဖော်ပြထားတဲ့အနေအထားအတိုင်း ကြမ်းပြင်ပေါ်မှာ ပတ်လက်အိပ်နေရာကနေ ခြေထောက်အောက်ပိုင်းနဲ့ ခန္ဓာကိုအပေါ်ပိုင်းကို V ပုံစံဖြစ်အောင်မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ပြီးလျှင် အဆိုပါ V ပုံစံအနေအထားအတိုင်း ၁၅-၂၀ စက္ကန့်လောက် ကြာအောင် ကိုင်ထားပေးပြီး အသက်ကို ပုံမှန်လေး ရှူပေးရမှာဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းကို ၃-၄ကြိမ်လောက်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

လေဝင်လေထွက် လေ့ကျင့်ခန်း
အဆိုပါ လေ့ကျင့်ခန်းဟာ တရားထိုင်တဲ့သူတစ်ယောက်လိုပဲ စိတ်ကို ငြိမ်းချမ်းပြီး ကိုယ့်စိတ်ကို ကိုယ် ထိန်းချုပ်နိုင်တဲ့အပြင် ဆာလောက်မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းတို့ကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။ ပထမဦးစွာ ပုံမှာဖော်ပြထားတဲ့အနေအထားအတိုင်း တရားထိုင်တဲ့ပုံစံထိုင်ပြီး သင့်မျက်လုံးကိုမှိတ်ထားပေးပါ။ ပြီးလျှင် လျှာဖျားကို လှိမ့်ထားပေးပြီး ထိုလျှာဖျားလိပ်ထားတဲ့နေရာကနေတစ်ဆင့် ပါးစပ်ဖြင့် ၄စက္ကန့်လောက်ကြာအောင် လေကို ရှူသွင်းပေးပါ။ ပြီးလျှင် နှာခေါင်းကနေ ၆စက္ကန့်လောက်ကြာတဲ့အထိ ထိုရှူသွင်းထားတဲ့လေကိုထုတ်ပေးပါ။ ထိုနည်းအတိုင်း ၅မိနစ်လောက် အချိန်ပေးလေ့ကျင့်ရမှာဖြစ်ပါတယ်။
Credit:Lifestyle_Myanmar

No comments