Breaking News

ဘာလို့ မင်းနဲ့ငါရဲ့ ချမ်းသာမှု ကွာခြားရတာလဲ


( အလုပ်ချိန်)
မင်း---- Facebook ဆော့တယ် ၊ Coffee သောက်တယ် ၊ အလုပ်ပေါ်အရေးမထားဘူး ၊ ဒါကြောင့် မင်း OT  ဆင်းရတယ်
ငါ----   အလုပ်ကိုမြန်မြန်ပြီးအောင်ငါအရင်ကြိုးစားတယ် OT ဆင်းစရာမလိုအောင် ငါကြိုးစားတယ်
ဒါမှ ငါ့မှာအလုပ်ချိန်အပြင် အချိန်ပိုရှိမယ်
.
.
(အလုပ်ဆင်းချိန်)
မင်း---- သူငယ်ချင်းနဲ့ မင်း Beer သောက်တယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်
 ဒါမှ မဟုတ် မင်းအပြင်ကို ထွက်လည်တယ်
ငါ---- Youtube မှာ ဟင်းချက်နည်း တွေငါအိမ်မှာ ထိုင်ကြည့်တယ်၊လေ့လာတယ်
 ပြီးတော့ ငါလက်တွေ့ စမ်းလုပ်ကြည့်တယ်
.
.
(ရုံးပိတ်ရက် )
မင်း ---- အိပ်ရာထနောက်ကျတယ် ၊ shopping center မှာလျှောက်ပတ်တယ် ၊ နယ်ဘက်သွားလည်တယ်
ငါ ---- မနက်အစောကြီးထတယ် ၊ ငါ Youtube မှာသင်ထားတဲ့ဟင်းချက်နည်းနဲ့ ငါတစ်ခုခု ချက်ပြီးငါရောင်းတယ် ။ အစကတော့  ဝယ်တဲ့ သူသိပ်မရှိပေမဲ့၊ ငါတစ်နေ့နေ့ ထက်ကောင်းအောင် ကြိုးစားတယ်
.
.
(ရက်ရှည်ရုံးပိတ်ရက် )
မင်း ---- နယ်ဘက် ခရီးထွက်လည်တယ်၊ ကမ်းခြေသွားမယ် ဓာတ်ပုံရိုက်တယ်
 Facebook ပေါ်တက်ကြွားတယ်
ငါ---- Online ကနေကိုယ်ရောင်းချင်တဲ့ အရာကို ဘယ်လိုရောင်းရမှာလဲဆိုတာ ငါအိမ်မှာ လေ့လာတယ်
.
.
(ရက်ရှည်ရုံးပိတ်ရက်ပြီးတဲ့အခါ )
မင်း ---- ပိုက်ဆံ ပြောင်ရော
ငါ ----  online Selling ကနေတဆင့် ဝင်ငွေ နောက်တစ်လမ်းရှိပြီ
.
.
(နောက် ၂ နှစ် ၃ နှစ် ကြာသွားတဲ့အခါ )
မင်း ---- ဘဝက အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး
 ပြီးတော့ ဒီအကြောင်းပြချက်တွေနဲ့ တိုင်ပတ်နေ တယ် 
ငါအဆင်သင့်မဖြစ်သေးဘူး
ငါအရင်းအနှီး လိုသေးတယ်
ငါအခွင့်အရေးမရှိသေးဘူး

ငါ ---- ငါရောင်းတဲ့အစားအစာတွေ သဘောကျတဲ့သူရှိလာတော့ ငါဆိုင်ခွဲအများကြီးဖွင့်တယ် အလုပ်သမားကိုငါရာခိုင်နှုန်းခွဲပေးတော့ ငါကိုယ်တိုင်သွားထိုင်ရောင်းစရာမလိုဘူး
ပြီးတော့ ငါ့ရဲ့ Online စီးပွားရေးက အစက နဲနဲတော့ ရောင်းရတယ် ၃၊၄ ကြိမ်လောက် ငါကျရှုံးတယ်
ငါ့လိုအပ်ချက်ကို ငါပြုပြင်တယ် ၊ နောက်ဆုံးတော့ ငါ့ online ပေါ်ကဆိုင် နာမည်ရနေပြီ ။
.
.
(ဆယ်နှစ်လောက်ကျော်သွားတဲ့အခါ )
မင်းငါ့ကိုကြည့်တဲ့အမြင် ----
 အေးပါကွာ မင်းတော်တော်ကံကောင်းတာပဲ အခွင့်အရေးကမင်းဆီပဲဝင်ဝင်လာတယ်
တကယ်မေးပါရစေ မင်းဘယ်က အချိန်ပိုရှိလို့ လုပ်နိုင်တာလဲ ??
ငါ မင်းလိုသာ အချိန်ပိုရှိရင် ငါလဲလုပ်နိုင်ပါတယ်ဟာ
ငါတို့ လူတွေက ကံကွာတယ်ကွာ မင်းအရင်ဘဝက ကောင်းမှုတွေအများကြီးလုပ်ခဲ့လို့နေမှာ
ဒါကြောင့်မင်းအမြဲတမ်းကံကောင်းနေတာ

ငါမင်းကိုကြည့်တဲ့အမြင် -----
မင်းဘယ်သိမှာလဲ ငါဒီနေရာရောက်ဖို့ ဘယ်လောက်ထိပေးဆပ်ရလဲဆိုတာ
မင်းကိုပြောပြတယ် ၊ မင်းကို သတိပေးတယ် ၊ မင်းက ခေါင်းထဲမှမထည့်တာ
မဟုတ်ရင် မင်းထိုင်ပြီးတွေးတာကို မြင်ပါတယ်
ဒါပေမဲ့ မင်းလက်တွေ့ချလုပ်တာကို ငါဘယ်တော့မှ မမြင်ဘူး
မင်းသူများမှားတယ်ဆိုပြီး အပြစ်တင်တယ် ၊ ကိုယ့်ကိုကိုယ်ဘယ်တော့မှ အပြစ်မတင်ဘူး
မင်းငါ့ကိုချီးကျူးတဲ့အချိန်မှာ ငါလဲပြုံးပြတယ်
ပြီးတော့ ငါ့ရဲ့စီးပွားရေးဒီထက်ပိုကောင်းအောင် ငါဆက်လုပ်ဖို့ မင်းဆီကနေ ငါဆက်လျှောက်ရမှာပဲ
.
.
ပြီးပါပြီ
Credit အောင်မြင်သူတွေ ဘယ်လိုတွေးသလဲ?

No comments