Breaking News

ပုန်ကန်မှုကို သွေးထိုးခြင်း


ပုန်ကန်မှုဖြစ်အောင် (ရန်ဖြစ်အောင်) သွေးထိုးရတာအရမ်းလွယ်တဲ့ လူအမျိုးအစား (၃) မျိုးရှိပါတယ်
.
.
# ပထမအမျိုးအစား
အရာရာတိုင်းကို နဲနဲပဲစဉ်းစားတဲ့သူ ၊ လူတကာကို အလွယ်တကူယုံကြည်တဲ့သူ ၊ ဒီစကားကိုဘယ်သူများပြောနေတာလဲဆိုတာမတွေးတောပဲနဲ့ ပြောတဲ့သူကိုယုံကြည်တဲ့သူ ၊ ပုန်ကန်မှု သို့မဟုတ် ရန်ဖြစ်အောင် ဘာဖြစ်လို့ စုရုန်းနေတာလဲ ? ဒီလိုမျိုးပုန်ကုန်မှုဖြစ်လာရင် ဘယ်သူများ အကျိုးအမြတ်ရလဲ ဆိုတာမတွေးတောတဲ့သူ
.
.
# ဒုတိယအမျိုးအစား
အရာရာတိုင်းက နဲနဲလေးပဲလေ့လာတဲ့သူ ၊ ဥပမာစာအုပ်ဖတ်တဲ့ချိန်မှာ နှစ်မျက်နှာ ၊ သုံးမျက်နှာပဲဖတ်ပြီးတော့ ကိုယ့်ကိုကိုယ်အကျဉ်းချုပ်ယူဆတဲ့သူ။ တခါတလေ စာမျက်နှာ ၁ မျက်နှာဖတ်လို့မပြီးသေးဘူး စာလုံး အက္ခရာတွေတွေ့တဲ့ချိန်မှာ ၊ information တွေတွေ့တဲ့ချိန်မှာ မျက်စိလည်သွားတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူအမျိုးအစားရဲ့ Neocortex Brain (အကြောင်းပြချက်ကို အခြေခံတဲ့ Brain)  ကအလုပ်သိပ်မလုပ်တဲ့ချိန်မှာ Limbic Brain (ခံစားချက်ကိုအခြေခံတဲ့ Brain) ကအစားထိုးအလုပ်လုပ်ရပါတယ်။
.
.
# တတိယအမျိုးအစား
အခြေခံစိတ်ထားကိုက အမုန်းတရားရှိနေပြီးသားသူတွေပါ ။ ဒီတတိယအုပ်စုလူအမျိုးအစားက သွေးထိုးရတာအလွယ်ဆုံးသူတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက လူတစ်ယောက်ကိုမုန်းတဲ့ချိန်မှာ အဲ့ဒီသူက ဘာပဲလုပ်လုပ် အဆိုးမြင်တဲ့ဘက်ပဲမြင်တတ်ပါတယ်။
.
.
သတိထားပြီးတော့ ကိုယ်နေတဲ့ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ
ပုန်ကန်မှုပဲဖြစ်ဖြစ် ၊ သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် ၊ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းပဲဖြစ်ဖြစ် ၊ အုပ်စုတစ်စုနဲ့ တစ်စုပဲဖြစ်ဖြစ် ၊ ရန်ုဖြစ်အောင် မတည့်အောင် ပုန်ကန်မှုလုပ်တဲ့သူတွေက ဒီလူအမျိုးအစား (၃) မျိုးကို အခြေခံပြီးတော့ သွေးထိုးတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဒီလူအမျိုးအစားရှိနေမှန်းသူတို့ကောင်းကောင်းနားလည်လို့ပါ ။
.
.
ကိုယ့်ကိုတစ်ခုခုလာပြောပြီဆိုရင် ကောင်းကောင်းသတိထားပြီးတွေးတောပါ ။
အမှန်တရားဟုတ်လား ? သို့မဟုတ် ကိုယ့်ရဲ့ခံစားချက် သို့မဟုတ် ယုံကြည်မှုပဲလား ?
.
.
ဘယ်သူ့ကိုမှလွယ်လွယ်နဲ့မယုံပဲနဲ့လို့ပြောချင်ပါတယ်

#crd ဘဝတွက်စာပေဗဟုသုတ

No comments