Breaking News

မိခင်နဲ့တူသောဇနီး


💚#မိခင်နဲ့တူသော_ဇနီး💚
👩👩👩👩👩👩👩👩

💙#ကမ္ဘာပေါ်မှာ
မိခင်ဆိုတာ တစ်ယောက်ပဲ ရှိပါတယ်။
သို့သော်  မိခင်နဲ့ တူသော အမျိုးသမီး တစ်ယောက်ကို
သင့်ရဲ့ ဇနီးအဖြစ် သော်လည်းကောင်း၊ ချစ်သူအဖြစ်
သော်လည်းကောင်း ရရှိ ပိုင်ဆိုင်ထားတယ် ဆိုရင်
အလွန်မှ ကံကောင်းပါပေတယ်။***

၁။ ❤#စိတ်ပူတတ်ခြင်း
~~~~~~~~~~
တစ်စုံတစ်ခု ဆိုရင် မိခင် တစ်ယောက် စိတ်ပူပန်တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန်တတ်ကြပါတယ်။ သူတို့၏ အိမ်ထောင်ဘက်မှာ တစ်စုံတစ်ခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင် တစ်ယောက်နှင့်
အလားသဏ္ဍန် တူပါပေတယ်။

၂။ ❤#ကြင်နာ_ယုယ_မြတ်နိုးခြင်း
~~~~~~~~~~~~~~~
တစ်ချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ်
ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တစ်ခါတစ်လေ
အတိုင်းအထက် အလွန် ဖြစ်နေတတ်ပါတယ်။
ထိုသူတို့ဟာလည်း မိခင်တစ်ယောက် သားသမီးအပေါ်
ကြင်နာ၊ ယုယ မြတ်နိုးခြင်းတွေနဲ့ ဆင်တူပါပေတယ်။

၃။ ❤#အခက်အခဲတွေကို_ကူညီဖြေရှင်းပေးခြင်း
~~~~~~~~~~~~~~~~~~~~~~
မိမိ၏ ခင်ပွန်းမှာ အခက်အခဲ ဖြစ်နေပြီဆိုရင် အားပေး
နှစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးတတ်ကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။

၎။ ❤#ပေးဆပ်မှုနဲ့သာ_ချစ်ခြင်း
~~~~~~~~~~~~~~
မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ
ရယူလိုစိတ် လုံးဝမပါ ပါဘူး။ ဒီလိုပဲ မိခင်နဲ့တူသော အမျိုးသမီးတွေဟာလည်း မိမိ၏ အိမ်ထောင်ဘက်
အမျိုးသားအပေါ်မှာ ရယူလိုစိတ် မရှိဘဲ
ပေးဆပ်မှုနဲ့ ချစ်ကြပါတယ်။

၅။ ❤#စိတ်ညစ်မှုတွေကို_ဖယ်ရှားပေးခြင်း
~~~~~~~~~~~~~~~~~~~
မိမိ၏ ခင်ပွန်း တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမယ်ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မှုတွေကို ဖယ်ရှားပေးနိုင်အောင် ကြိုးစားကြတယ်။ မိခင်နဲ့တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေရင် သူတို့လည်း
မပျော်တတ်ကြပါဘူး။

💖.မေတ္တာဖြင့်…

💖#TKW ( 2Oct 2016 )
💖#CREDIT - သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ

No comments