Breaking News

အချိန်ရဲ့ တန်ဖိုး



#အချိန်ရဲ့ တန်ဖိုး

မင်းတို့ နေ့စဉ် အကျိုးမရှိတဲ့ အလုပ်တွေနဲ့ အချိန်ဖြုန်းနေတတ်တယ်။ မင်းတို့ကို ‘အချိန်ဟာ တန်ဖိုးရှိတယ်။ အချိန်မဖြုန်းကြနဲ့’ လို့ ပြောရင် မင်းတို့ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။

အချိန်ဟာ တန်ဖိုးရှိတယ်ဆိုတာ မှန်ရဲ့လားဆိုတာကို သိချင်ရင် အောက်မှာ ရေးပြထားတာတွေကို ဖတ်ကြည့်လိုက်ပါ။

‘တစ်လ’ ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ မွေးဖွားတဲ့ ကလေးရဲ့ အမေကို မေးကြည့်ပါ (နောက်တစ်လကြာမှ မွေးရင် တသက်လုံး ချူချာတဲ့ ကလေး ဖြစ်လာမှာ မဟုတ်ဘူး)။

‘တစ်ပတ်’ ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို ကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ အယ်ဒီတာကို မေးကြည့်ပါ (တစ်ပတ်အတွင်း အချိန်ဖြုန်းနေရင် ဂျာနယ် အချိန်မီ မထွက်နိုင်တော့ဘူး)။

‘တစ်နာရီ’ ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် နှစ်ယောက်သားဆုံတွေ့ဖို့ ချိန်းထားတဲ့ သမီးရည်းစား စုံတွဲကို မေးကြည့်ပါ (တွေ့ချိန် တစ်နာရီဟာ ခဏလေးလိုပါပဲ)။

‘တစ်မိနစ်’ ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် ရထားကို တစ်မိနစ်လေးပဲ ကပ်လွတ်သွားတဲ့ ခရီးသည်ကို မေးကြည့်ပါ။

‘တစ်စက္ကန့်’ ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် လမ်းကူးတာ တစ်စက္ကန့်လေး စောသွားလို့ ကားတိုက်ခံရဖို့ သီသီလေး ကပ်လွဲသွားသူကို မေးကြည့်ပါ။

‘တစ်စက္ကန့်ရဲ အပုံတစ်ပုံ’ ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် အိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၁၀၀ ပြေးပွဲမှာ ငွေတံဆိပ်ဆုပဲ ရလိုက်သူကို မေးကြည့်ပါ။

မင်းတို့ရတဲ့ အချိန်တိုင်းရဲ့ စက္ကန့်တိုင်း မိနစ်တိုင်းကို တန်ဖိုးထားပါ။ ဒီလို တန်ဖိုးထားမှလည်း မင်းဟာ လောကမှာ အောင်မြင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ
၃၀-၁၂-၂၀၁၈

Crd Kaung Myat Moe

No comments