Breaking News

ချစ်သူကိုစွန့် မှာလား ကိုယ်ကျင့်သိက္ခာကိုစွန့် မှာလား


ချစ်သူကိုစွန့် မှာလား ကိုယ်ကျင့်သိက္ခာကိုစွန့် မှာလား
____________________________________

မိန်းကလေးတွေအနေနဲ့  ချစ်သူဘဝမှာ ထိန်းသိမ်းရမဲ့
ဝတ္တရားတွေ အရမ်းများတယ် ညီမလေး ။
"' ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်မယ် '''
"' ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်မယ် "' ဆိုတဲ့ စကားပုံက
အလကားပြောခဲ့ကြတာ မဟုတ်ဘူး ဘဝကို ရင်းပြီးတွေ့ ကြုံဖူးသူတွေက လက်ဆင့်ကမ်းပေးခဲ့တဲ့ စကားပါ ။
ဟိုခေတ်ကပါ ဒီခေတ်မှာ ဒါတွေမရှိဘူး ယောက်ျားမိန်းမတန်းတူပဲလို့  မှတ်ယူထားခဲ့ရင် ဒါဟာမှားယွင်းသော အယူဆပါ ဖြစ်တယ် ။

မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကျင့်သိက္ခာတရားကိုအသက်ထက် ပိုတန်ဖိုးထားရမယ် ။
သိလို့ ဖြစ်စေ မသိလိုပဲဖြစ်စေ တစ်ကြိမ်တစ်ခါ မှားမိခဲ့ရင် ဘဝတစ်လျှောက်လုံး အရိပ်လို ကိုယ့်နောက်လိုက်နေတတ်ပါတယ် ။

မတော်တစ အမှားမို့ ရှောင်လွဲလို့ မရပါဘူး မိမိရဲ့ကိုယ်ကျင့်သိက္ခာကိုတော့ စွန်းထင်းသွားစေခဲ့ပါပြီ ။
မိမိချစ်သူကို ချစ်လို့ ဆိုပြီး အလိုလိုက်အကြိုက်ဆောင်ပေးတယ်ဆိုတာ အမှားကြီးမှားတဲ့ လုပ်ရပ်ပါ ။
ယောက်ျားတစ်ယောက်နဲ့  မိန်းမတစ်ယောက် အမှားတစ်ခုကို ကျူးလွန်ကျတာချင်းအတူတူဖြစ်ခဲ့ရင်တောင်
ယောက်ျားလေးဖက်က နစ်နာစရာမရှိပါဘူး နာမည်ပျက်လည်းခဏပေါ့ ။

မိန်းကလေးတစ်ယောက်ရဲ့အမှားမှာ နောက်ဆက်တွဲ
ဆိုးကျိုးတွေ အများကြီးရှိသလို လူပုံအလယ်
ပေါ်ပေါ်တင်တင် အရှက်ကွဲစေတဲ့ အထိ ဖြစ်လာစေပါတယ် ။

ချစ်သူတွေဘဝမှာ ကိုယ့်ချစ်သူက တောင်းတဲ့ အခွင့်ရေးမှန်သမျှ လိုက်လျောစရာမလိုဘူး ။
ဥပမာ လူသူစိတ်ကွယ်ရာခေါ်တာမျိုး လုံးဝလိုက်စရာမလိုဘူးလေ ။

သူကိုယ့်အပေါ် တန်ဖိုးထားချစ်တာမှန်ရင် သူနဲ့ ကိုယ်ဟာချစ်သူတွေပါဆိုတာ သိအောင် လူမြင်သူမြင် နေရာတွေခေါ်သွားမှာပေါ့ ။
ကိုယ့်ကိုတန်ဖိုးမထားလို့  လူမသိသူမသိနေရာတွေ ခေါ်သွားတာ အရှင်းကြီးလေ ။

အကူညီလိုအပ်တယ် ပြောတိုင်း ကူညီပေးတဲ့ အကျင့်မလုပ်ပါနဲ့  ။
သူသာကိုယ့်ကို တကယ်ချစ်ရင် သူ့ ရဲ့ဝန်ထုပ် ဝန်ပိုး
ကိုယ့်အပေါ်မရောက်စေပါဘူး ။
သူ့ ပြဿနာသူတစ်ယောက်ထဲ ရင်ဆိုင်မှာပါ ။

ကိုယ့်အကူညီ မမြဲလိုနေတယ် ဆိုထဲက သူဟာ ဘဝခရီးသည်တလျှောက်လုံး ကိုယ့်အပေါ်မှီခို နေမဲ့လူစားဖြစ်သလို မိမိဘဝအတွက် အကိုးလောက်တဲ့ အဖော်မွန် လည်းဖြစ်လာတော့မှာမဟုတ်ဘူး ။
သူ့ အားသူကိုးတတ်အောင်သာ လမ်းပြပေးလိုက်ပါ
ကိုယ့်မုန့် ဖိုး " စာအုပ်ဖိုး " မိဘတွေဆင်တဲ့
လက်ဝတ်လက်စားတွေကို ပေးကမ်းခြင်းမျိုး
လုံးဝမလုပ်ပါနဲ့  ညီမလေး ။

အချစ်စိတ်တစ်ခုထဲနဲ့  ချစ်သူလိုအပ်သမျှ လိုက်လျောနေတာဟာကိုယ့်တန်ဖိုး ကိုယ်ချနေတာနဲ့  အတူတူပဲ ။
ပေးဆပ်တာများလည်း အပေါစားဆန်ဆန်
ဖြစ်သွားလိမ့်မယ်ညီမလေး ။
တဖက်လူရဲ့စိတ်ထဲမှာလည်း ကိုယ့်အပေါ် လေးလေးနက်နက်မထားတော့သလို သူ့ စိတ်ထဲမှာ ကိုယ့်တန်ဖိုး အလိုလိုကျနေပြီးသားဖြစ်ပါလိမ့်မယ် ။

မိန်းကလေးတစ်ယောက်ဟာ ရည်းစားတစ်ယောက်နဲ့  တွဲတိုင်းပတ်ဝန်းကျင်က နှာခေါင်းရှုံးနေပြီးသား ။
တစ်ယောက်က နှစ်ယောက်ပြောင်းတယ် မျက်နှာများတဲ့မိန်းကလေးအဖြင့် သတ်မှတ်ကျမယ် ။
နှစ်ယောက်က သုံးယောက်ပြောင်းမယ် ပတ်ဝန်းကျင်ရဲ့တံတွေးခွက်ထဲ ပက်လက်ကိုမျှောလို့  ။
ကိုယ်ကတော့ ငါ့ကိုယ်ကျင့်တရား ငါအသိဆုံးလို့  ဟစ်ကြွေးနေလို့ မရဘူး ညီမလေး ။

ကိုယ်ဘာကြောင့် ရည်းစားများရတာလည်း ကိုယ့်ဘဝ ကိုယ့်အကြောင်း မှ ယူစရာ သင်္ခန်းစာများကိုယ်အသိဆုံးပါ ပြောလို့ မရဘူးလေ ။
မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို ပတ်ဝန်ကျင်က သတ်မှတ်ပေးကြတာ သဘာဝပဲ ။
ပတ်ဝန်းကျင်ဆိုတာ မရှိမကောင်းရှိမကောင်း ဆိုသလိုပဲမေ့ထားလို့  ရတဲ့အရာတွေရှိသလို လိုအပ်တဲ့ နေရာတွေလည်းရှိပါတယ် ။

ဒါကြောင့် ချစ်သူထားလို့ ရတယ် ညီမလေး များလို့ ကတော့မကောင်းဘူး ။
ချစ်သူ ရဲ့ အလိုလိုက်ခွင့်ရှိတယ် အလိုလိုက်သင့်တဲ့ အရာတွေကိုရွေးချယ် စဉ်းစားပါ ။

ဒီတစ်ယောက်နဲ့  ချစ်သူဖြစ် ဒီတစ်ယောက်နဲ့  လက်ထပ်မယ်ဆိုရင်တော့ တမျိုးပေါ့ ဒါတောင် သူ့ ရင်ထဲမှာ ကိုယ့်ရဲ့လိုက်လျောမှုကို နားလည်ပေးမှ ဖြစ်မယ် ။
ဒီတစ်ယောက်နဲ့  မဟုတ်ဘူး နောက်တစ်ယောက်နဲ့ 
လက်ထပ်လိုက်တယ်ဆို ပါတော့ ဘယ်လောက်
သဘောထားကြီးသူဖြစ်နေပါစေ အခါအခွင့်သင့်ရင် စကားနဲ့ ကလိတာတော့ ခံရဦးမှာပဲ ။
ဒီထက်မကတဲ့ ဒုက္ခတွေတောင် ရင်ဆိုင်ရတာတွေရှိပါတယ် ။

ကိုယ့်အနောက်မှာ အရိပ်မဲလိုလိုက်နေမဲ့  အမှားတစ်ခုကိုကျူးလွန်မိတဲ့နေရာမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေပိုနစ်နာတယ် ဆိုတာသိရင်
သူ့ ဖက်ပဲကြည့်တတ်တဲ့
"' ချစ်သူကိုစွန့် လွှတ်မှာလား "'
"' မိမိကိုယ်ကျင့်သိက္ခာကို စွန့် လွှတ်မှာလား "'
ဦးဏှောက်သုံးပြီး သေချာစဉ်းစားနိုင်ပါစေ ညီမလေး ။

#MayNoe
Crd

No comments