မနက်ဖြန်တိုင်းအတွက် မျှော်လင့်ခြင်
မနက်ဖြန်တိုင်းအတွက် မျှော်လင့်ခြင်း
===================
ရှေးအခါက
"ဟတ်ဆန်" လို့ခေါ်တဲ့ ဆရာကြီးတစ်ဦးရှိခဲ့ပါတယ်…။
တစ်နေ့ သူသေဆုံးခါနီးမှာ လူတစ်ယောက်က...
“ဆရာကြီးခင်ဗျား …
ဆရာကြီးရဲ့ ဆရာက ဘယ်သူပါလဲ ” လို့
မေးလိုက်တယ်…အဲဒီအခါ သူက..။
“အခုတော့ နောက်ကျသွားပြီ၊ ငါက သေတော့မယ်၊
ပြောဖို့ အချိန်မရှိတော့ဘူး ”လို့ ပဲ ပြန်ဖြေတယ် ၊
ဒါပေမဲ့ မေးသူက လက်မလျှော့ဘူး ။
“ နာမည်လေးပဲ ပြောပါ၊ ရပါတယ်၊
ဆရာကြီးက အသက်ရှင်နေပါသေးတယ်၊
အသက်လည်း ရှူနေသေးတယ်၊ စကားလည်း ပြောနေပါသေးတယ်၊ နာမည်လေးတော့ ပြောနိုင်
မှာပါ ” လို့ဆိုပြန်တယ်…။
“ဒါက ပြောဖို့ မလွယ်ဘူး… ဘာလို့လဲဆိုတော့
ငါ့မှာ ဆရာတွေက ထောင်သောင်းချီရှိတယ်..
နာမည်လေးပဲ ပြောရင်တောင် လတွေ နှစ်တွေ
ချီပြီး ကြာလိမ့်မယ် ”လို့ ဆရာကြီးက ပြောလိုက်
တယ်…။
ဒါပေမဲ့ မေးသူက နောက်မဆုတ်ဘူး…
“ဒါဆိုရင် ဆရာကြီးရယ် …
သုံးယောက်လောက်တော့ ပြောပြပါ ” လို့ ဆိုပြန်တယ်ဒါနဲ့ ဆရာကြီးက...
ကဲ … ဒါဆိုလည်း ငါ ပြောပြမယ်…
ငါ့ရဲ့ ပထမဆုံးဆရာကတော့ သူခိုးတစ်ယောက်
ကွယ့် … ။
တစ်ခါတုန်းက
ငါဟာ ကန္တာရထဲမှာ လမ်းပျောက်သွားတယ်…
ဒီလိုနဲ့ ခြေဦးတည့်ရာသွားရင်း ရွာတစ်ရွာကို ရောက်သွားတယ်…။
ငါရောက်တဲ့အချိန်က နောက်ကျနေတော့
ဆိုင်တွေလည်းအကုန်ပိတ်နေပြီ၊တည်းခိုခန်း
တွေလည်း ပိတ်ကုန်ပြီ ။
လမ်းမပေါ်မှာ လူတစ်ယောက်မှ
မတွေ့တော့ဘူး.. ။ ငါလည်း လူတစ်ယောက်
တလေများ တွေ့မလားလို့ လိုက်ရှာတာပေါ့ ။
တစ်နေရာမှာ အိမ်တစ်အိမ်ကို မြေအောက်ကနေ
ဖောက်ထွင်းဝင်ဖို့ကျင်းတူးနေတဲ့လူတစ်ယောက်
ကို တွေ့လိုက်ရတယ်…။
ငါလည်း တစ်ညလောက်တည်းခိုဖို့
ဘယ်မှာ ရနိုင်မလဲလို့ မေးလိုက်တာပေါ့…
ဒီတော့ သူက...
"ကျွန်ုပ်က သူခိုးတစ်ယောက်ပါ ၊
သင်က သူတော်စင်ဆရာကြီးတစ်ဦးနဲ့တူ
တယ်နော်… ၊ သင်ရဲ့ အဝတ်အစားနဲ့ အနေ
အထားကို ကြည့်တာနဲ့ သိပါတယ်…၊ အင်း …
ဒီည တည်းခိုဖို့တော့ ဘယ်မှာမှ မရနိုင်တော့ဘူး၊
ဒါပေမယ့် သင်သာ သူခိုးတစ်ယောက်နဲ့ အတူနေ
နိုင်မယ်ဆိုရင် ကျွန်ုပ်အိမ်မှာ လိုက်နေပါလို့ ပြော
တယ် ။
ခဏတော့ ငါလည်း တွေဝေသွားတာပေါ့…
နောက်တော့လည်း ပြန်တွေးလိုက်တယ်…
သူခိုးကတောင်မှ ငါ့ကို မကြောက်ရင် ငါလိုလူက
သူခိုးကို ဘာဖြစ်လို့ ကြောက်နေသင့်သလဲပေါ့…
တကယ်တော့ သူကသာ ငါ့ကို ကြောက်သင့်တာ
လေ ၊ ဒီလိုနဲ့ ငါလည်း သူခိုးနဲ့လိုက်သွားပြီး သူ့အိမ်
မှာတစ်လလောက် နေဖြစ်သွားတယ် ။
သူက..
သူခိုးဆိုပေမဲ့ အရမ်းခင်မင်စရာကောင်းပါတယ်…။
အဲဒီမှာ..သူက ညတိုင်းညတိုင်း
ငါ့ကို လာပြောတဲ့ စကားရှိတယ်…။
အဲဒါကတော့...
“ကဲ အခု ကျွန်ုပ် အလုပ်သွားပါတော့မယ်၊ ကောင်းကောင်းအနားယူလိုက်ပါဦးမယ် ၊
တရားထိုင်… ဆုတောင်းရင်းနဲ့  သင်လည်း သင့်အလုပ် သင်လုပ်နေပေါ့”လို့ ပြောတာပါ။
သူ ပြန်လာပြီဆိုရင်လည်း ငါက...
“ဒီနေ့ည ဘာတွေ ရခဲ့လဲ”လို့ မေးတတ်တယ် ။
အဲဒီလို..
မေးလိုက်တဲ့အခါတိုင်းမှာ သူပြန်ပြောတာလေးကို
ငါ သဘောကျတယ် ။
“ဒီနေ့ညတော့ ဘာမှ မရခဲ့ပါဘူး ၊ ဒါပေမဲ့
မနက်ဖြန် ထပ် ကြိုးစားကြည့်ရသေးတာပေါ့ ” တဲ့… သူ့ပုံစံက ခိုကိုးရာမဲ့တဲ့ မျှော်လင့်ချက်မဲ့တဲ့
အနေအထားမျိုး တစ်ခါမှ မတွေ့ရဘူး ။
တစ်လလုံးလုံး ဘာမှ မပါဘဲနဲ့ သူ ပြန်ပြန်လာရတယ်… ၊ ဒါပေမဲ့ သူကတော့
ပျော်နေတာပါပဲ…။
"အင်း…မနက်ဖြန် ထပ်ကြိုးစားလိုက်ပါဦးမယ်၊
မနက်ဖြန်ကျရင်တော့ အဆင်ပြေသွားမှာပါ ၊
ကျွန်ုပ်ကိုလည်း ဆုတောင်းပေးပေါ့ ၊ဒီလောက်
သနားစရာလူကို အကူအညီပေးဖို့ မြတ်စွာဘုရား
ထံ ဆုတောင်းပေးပေါ့”လို့ပဲ ပြန်ပြောလေ့ရှိတယ်။
ဒီလိုနဲ့ ငါဟာ သူခိုးနဲ့တွေ့ပြီး နောက်ပိုင်းမှာ တရားကို နှစ်ပေါင်းများစွာ တရစပ် အားထုတ်
တယ် ၊ ဒါပေမဲ့...ဘာအသိအမြင်မှ မရဘူး
ဘာတရားထူးမှ ပေါ်မလာဘူး ။
ငါ အကြိမ်ကြိမ် ကြိုးစားတိုင်း မအောင်မမြင် ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေ အကြီးအကျယ်
ကျလာပြီး မျှော်လင့်ချက်မဲ့သလိုလည်း ဖြစ်လာ
ခဲ့တယ် ။
ဒီအသုံးမကျ အဓိပ္ပာယ်မရှိတဲ့ တရားအားထုတ်နေတာတွေအားလုံးကို စွန့်လွှတ်
ပစ်လိုက်တော့မယ်လို့လည်း တွေးမိခဲ့တယ်…။
ဘုရားဆိုတာလည်းမရှိဘူး…
ဒီဆုတောင်းခြင်းဆိုတာတွေလည်း အရူးအနှမ်း
အလုပ်တွေပဲ၊တရားအားထုတ်တယ်ဆိုတာလည်း မှားနေတဲ့အရာကြီးပဲ၊ငါ အဲဒီလိုတွေအထိတောင်
တွေးလာမိခဲ့တယ် ။
ဒါနဲ့ တစ်နေ့မှာတော့ ငါဟာ သူခိုးပြောခဲ့
တာလေးတွေကိုပြန်ပြီး အမှတ်ရမိတယ် ၊
တခြားတော့မဟုတ်ပါဘူး ။
“မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားလေးကိုပါပဲ။
ဒီလိုနဲ့ ငါ တစ်ရက်ထပ်ပြီး ကြိုးစားကြည့်လိုက်တယ်…။
သူခိုးလိုလူမှာတောင်မှ မျှော်လင့်ချက်တွေ
ယုံကြည်ချက်တွေပြည့်ဝနေသေးရင် ငါလည်း
အနည်းဆုံးတော့ တစ်ရက်လောက်တော့ထပ်ကြိုး
စားကြည့်သင့်တယ်ပေါ့လေ…။
အဲ့ဒီလိုပဲ အားတင်းပြီး တစ်ရက်ကြိုးစားလိုက်တယ် ၊ မရဘူး…
ဒါပေမဲ့ သူခိုးပြောသလို..။
"မနက်ဖြန်တော့ ရမှာပါ…
ထပ်ကြိုးစားကြည့်တာပေါ့ " ဆိုတဲ့စကားလေးကို
ကြားယောင်ပြီး တစ်ရက်ပြီးတစ်ရက် ယုံကြည်
ချက်တွေနဲ့ ဆက်လက်ကြိုးစားဖြစ်ခဲ့တယ်…။
ဒီလိုနဲ့ တစ်နေ့မှာတော့ ...
ငါ လိုချင်တဲ့ တရားထူးကို ရရှိလာခဲ့တယ်…
တရားထူးရလိုက်တာနဲ့ ငါ ရှိတဲ့နေရာကနေ
မိုင်ပေါင်းများစွာ ဝေးကွာတဲ့သူခိုးရှိရာအရပ်ကို
မှန်းဆပြီး ငါ ဒူးတုပ်အရိုအသေပြုလိုက်တယ်…။
အဲဒီသူခိုးဟာ ငါ့ရဲ့ ပထမဆုံးဆရာသခင်ပါပဲ ။
ငါ့ရဲ့ ဒုတိယဆရာကတော့ ခွေးတစ်ကောင်ပါ။
တစ်နေ့မှာ ငါ ရေအရမ်းဆာနေခဲ့တယ်…
ဒါကြောင့် မြစ်ကမ်းဘေးကို သွားခဲ့တယ်…
ငါ ရေသောက်မယ်လုပ်တော့ ခွေးတစ်ကောင် ငါ့နားကို ရောက်လာတယ်… ။
အဲဒီခွေးကလည်း
ရေအလွန်ဆာနေတဲ့ပုံပဲ…သူက ဆာဆာနဲ့ ရေသောက်မယ်ဆိုပြီး မြစ်ထဲကို ခေါင်းငုံ့လိုက်
တယ် ၊ ရေထဲမှာ ခွေးနောက်တစ်ကောင်ပေါ်လာ
တယ်ထင်ပြီး သူ့အရိပ်ကိုသူ ကြောက်သွားတယ်။
ဒါကြောင့် သူဟာ သူ့ အရိပ်ကို
စိုက်ကြည့်ပြီး ဟောင်တယ် … ။
ဟောင်တာမှ ဆက်တိုက်ကို ထိုးဟောင်
တော့တာ ။ သူ ဟောင်လိုက်ရင် မြစ်ထဲက ခွေးကလည်းလိုက်လိုက်ဟောင်နေသလိုဖြစ်နေ
တာကိုး…။ ဒါကြောင့် သူကလည်းဆက်ဟောင်
နေတော့တာ…။ ဒါပေမဲ့ သူ တစ်ခုခုကို ဆုံးဖြတ်
လိုက်ပုံရတယ် ရေကလည်း အလွန်ဆာနေပြီလေ။
ဒါနဲ့ သူဟာ ရေထဲကို ခုန်ချပစ်လိုက်တယ်...
သူ ခုန်ချလိုက်တော့နောက်ခွေးတစ်ကောင်လို့
ထင်တဲ့အရာက ပျောက်ကွယ်သွားတာပေါ့ ။
အဲ့ဒီတော့မှသူဟာ ရေကို အဝသောက်တယ်…။ ရေကူးတယ်… ။ ရာသီဥတုကလည်း နွေရာသီ
ဆိုတော့ အရမ်းပူတယ်လေ…။
ဒါကို ငါက ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်း
အသိတစ်ခု ရလိုက်တယ်။တစ်ခုခုကို သိပ်ကြောက်
နေရင် အဲဒီထဲကို ခုန်ချပစ်လိုက်ဖို့ဆိုတဲ့အသိအမြင်
ပဲ ။
ငါတရားအားထုတ်တော့ အသိရခက်တဲ့
နက်နဲတဲ့သိမှုနယ်ပယ်ရဲ့အလွန်(မသိမှုနယ်ပယ်)
ကိုရောက်တော့မယ်ဆိုတာကိုငါ သိတယ်၊ မြင်
တယ်…။ ဒါပေမဲ့...အဲဒီအခါတိုင်းမှာခွေးက သူ့
အရိပ်သူ ကြောက်နေသလို ငါလည်း ကြောက်
ခဲ့တယ်… ။
အဲဒီနယ်ပယ်ကိုသွားဖို့တည်းတည်းလေးပဲ
ရှိတော့တာကို ကြောက်အားလန့်အားနဲ့နောက်
ပြန်ဆုတ်ပစ်ခဲ့မိတယ်…။
နောက်ပိုင်းမှာ ငါခွေးရဲ့ဖြစ်ပုံလေးကိုသွား
သတိရမိတယ်။ ခွေးတောင်မှ အကြောက်တရား
ကိုဖြေရှင်းနိုင်သေးတာ ငါက ဘာကြောင့် မဖြေ
ရှင်းနိုင်ရမှာလဲ…။ ဒါနဲ့ တစ်နေ့မှာ မသိမှုနယ်ပယ်
ထဲကို ငါ ရဲရဲဝံ့ဝံ့ ခုန်ချပစ်လိုက်တယ် ။ခုန်ချလိုက်
တာနဲ့ မသိမှုနယ်ပယ်က ပျောက်ကွယ်ပြီး နောက်
မှာ ကျန်ရစ်နေခဲ့တော့တယ်… ။ ဒါကြောင့် ခွေးက
ငါ့ရဲ့ ဒုတိယဆရာသခင်ပါ ။
ငါ့ရဲ့ တတိယမြောက်ဆရာသခင်ကတော့
ကလေးငယ်တစ်ယောက်ပါ… ။
တစ်ခါက ငါ မြို့တစ်မြို့ကို ရောက်တော့
ကလေးတစ်ယောက်ကို တွေ့တယ်…။
သူက မီးညှိထားတဲ့ ဖယောင်းတိုင်လေးကို
ကိုင်လို့ပေါ့… သူက ဗလီ[ဘုရားကျောင်းဟုလည်း
ကြားဖူး]ကို သွားနေတာ…။
ငါလည်း ကလေးကို စနောက်ချင်တာနဲ့
“ဖယောင်းတိုင်ကို မင်းကိုယ်တိုင် ထွန်းတာလား”
လို့ မေးလိုက်တော့ သူက “ဟုတ်ကဲ့”တဲ့။
“ဖယောင်းတိုင်က မထွန်းခင်မှာ မီးက မရှိဘူး…
မင်းကိုယ်တိုင် ထွန်းကာမှ မီးကပေါ်လာတာ ဆို
တော့ အဲဒီမီး ဘယ်ကလာသလဲဆိုတာ မင်းသိရ
မှာပေါ့…။ဒါကြောင့် ပြောပြပါဦး။ဖယောင်းတိုင်
မီးက ဘယ်ရောက်လာတာလဲ”လို့မေးလိုက်တယ်။
အဲဒီမှာ ရုတ်တရက် ကလေးက ရယ်မောလိုက်ပြီး
ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပစ်လိုက်တယ်..
ပြီးတော့..
“ကဲ … ခင်ဗျားပြော … အခု ခင်ဗျားကြည့်နေတုန်း
ပျောက်သွားတဲ့မီးကဘယ်ရောက်သွားတာလဲ”လို့
မေးတယ်လေ။အဲဒီမှာ ငါလည်း အံ့သြသွားတယ်။
ငါ့အတ္တတွေ ရုတ်တရက် တစ်စစီကွဲကြေပျက်စီးကုန်သလိုလို ငါ့အသိစိတ်
အလျဉ်တွေလည်းကွဲကြေကုန်သလိုလို ခံစားလိုက်
ရတယ်… ။
ငါ ရှာဖွေဆည်းပူးထားတဲ့ အသိဉာဏ်ဗဟုသုတ
တွေလည်း လွင့်ပြယ်ကုန်တော့တယ်… ဒါကြောင့် ဒီကလေးကငါ့ရဲ့ တတိယဆရာသခင် ဖြစ်လာ
တော့တာပဲ…။
ဒီဇာတ်လမ်းလေးမှာ စဉ်းစားစရာတွေ
အများကြီးပါပါတယ်…။ လေးနက်တဲ့အရာတွေ
လည်း ပါပါတယ်… ။ ဒါပေမယ့်.. အဲဒီလေးနက်
တာတွေကို စာဖတ်သူကိုယ်တိုင် အတွေးပွားဖို့ 
အတွက်ပဲ ထားထားပေးလိုက်မယ်နော်…။
ဒီဇာတ်လမ်းလေးထဲက အတိုင်း အဲဒီဆရာကြီးလို
စိတ်ထားမျိုးနဲ့လိုက်စဉ်းစားမိမယ်ဆိုရင် ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးမှာကျွန်တော်တို့ရဲ့သင်ဆရာ
မြင်ဆရာ ကြားဆရာတွေချည်းပါပဲ ။
ကောင်းသောသူများက ကျွန်တော်တို့ကို.
ရိုးသားခြင်း… နှိမ်ချခြင်း…အကောင်းမြင်ခြင်း …
ဒီလိုအတွေ့ အကြုံကောင်းတွေကို သင်ကြားပေး
ခဲ့ကြသလို ကျွန်တော်တို့ အပေါ်မကောင်းသောသူတွေ
ကလည်း လောကဓံအလှည့်အပြောင်းအတွေ့  အ
ကြုံ ဘဝသင်ခန်းစာ စတဲ့ အရာတွေကို သင်ကြား
ပေးခဲ့ကြတာပါပဲ.…ဒါကြောင့် ကျွန်တော်တို့ရဲ့ ပတ်
ဝန်းကျင်က ကျွန်တော်တို့ အတွက်ဆရာတွေပါပဲ…။
ပုံပြင်လေးကို ဖတ်ပြီးတော့ ဆရာကြီးရဲ့ လေးစားကြည်ညိုဖွယ် စိတ်ဓာတ်အပြင် သူခိုးရဲ့ နေ့စဉ်ပြောလေ့ရှိတဲ့..
“မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားလေးကလည်း နားထဲမှာ စွဲကျန်နေရစ်စေပါတယ်…။
ဘယ်အလုပ်ကို မဆို ဇွဲလုံးဝမလျော့ပဲ..
"မနက်ဖြန်ကျရင် အဆင်ပြေမယ်လို့ " ယုံကြည်
နေတဲ့စိတ်က နေ့သစ်တိုင်းအတွက် အားအင်တွေ ဖြစ်နေမှာ အသေအချာပါပဲ ။
မနက်ဖြန်တွေကို မကြောက်ကြပဲ မနက်ဖြန်တိုင်းမှာ ကိုယ့်အတွက်ပျော်ရွှင်ခြင်းတွေ ရှိနေတယ်ဆိုတာကိုယုံကြည်ထားလိုက်ကြပါနော်။
မနက်ဖြန်တိုင်းအတွက် မျှော်လင့်ခြင်းလေးတွေကိုယ်စီရှိနေကြမယ်ဆိုရင်
ဘဝမှာ တွေဝေနေစရာ မရှိနေနိုင်တော့ဘူးလေ…။
ဒါပေမယ့် လှမ်းနေတဲ့ခြေလှမ်းကို မရပ်တန့်ထားပဲ
ဇွဲလုံ့ လနဲ့ ကြိုးစားအားအားထုတ်မှုရှိဖို့ တော့ လို
တာပေါ့နော်…။
သူငယ်ချင်းများအားလုံးလည်း မနက်ဖြန်တိုင်းမှာ
တောက်ပတဲ့အနာဂတ်လေးများကို ပိုင်ဆိုင်နိုင်ကြ
ပါစေနော်…။
Credit - အရှင်ကုသလသာမိ ( အတည်မဲ့ )

No comments