"ကံ" နှင့် "အလုပ် (သို့) ကြိုးစားအားထုတ်မှု"
"ကံ" နှင့် "အလုပ် (သို့) ကြိုးစားအားထုတ်မှု"
©©©©©©©©©©©©
နေ့စဉ်နေ့တိုင်းအမြဲကြားနေရသည့်စကားမှာ "ကံ" ဟူသည့်စကားပင်ဖြစ်သည်။ ဟာ "ကံ" ကောင်းလိုက်တာ။ ဟင် "ကံ"ဆိုးလိုက်တာ ဟူသည့်စကားများမှာ နေ့စဉ်မကြားရသည့် နေ့ဟူ၍မရှိပေ။ "ကံ"ဟူသည်မှာမိမိပြုလုပ်သည့် အတွက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကောင်းသည့်အမှုကိုပြုသဖြင့် ကောင်းသည့်အရာ ဖြစ်စေသည်။ မကောင်းမှုအလုပ်ကိုဆောင်ရွက်သည့်အတွက် မကောင်းမှုဖြစ်သည်။ ဤသည်မှာ "ကံ" ဖြစ်သည်။ ဥပမာ- သိန်းတစ်သောင်းထီဆုကြီး ပေါက်သည့်သူတစ်ဦးကို အားလုံးက "ကံ" ကောင်းလိုက်တာ။ ရှေးဘဝကပြုတဲ့ကုသိုလ်ကံ ကအကျိုးပေးတာဟုပြောမည်ဖြစ်သည်။ ဟုတ်ပါသည်။ ထိုအရာမှာ ကံကောင်းလို့ ထီပေါက်သည်ဖြစ်သည်။ သို့သော် လူတစ်ယောက်သည် မီးလောင်တိုက်ထဲတွင် ပိတ်မိနေသည်။ ထိုသူအတွက် ကံ ကိုပုံချကာ မီးလောင်တိုက်တွင်သေဆုံးနိုင်သည်။ သို့မဟုတ် ကံကိုအကြောင်းမပြုဘဲ တတ်နိုင်သလောက်ကြိုး စားရှုန်းကန်ကာသူ့အသက်လွှတ်မြောက်ရန် ကြိုးပမ်းနိုင်သည်။ ကံ မကောင်းလို့ဟုဆိုကာ ဘာမျှမကြိုးစားလျှင်သူသည်သေသွားမည်။ အကယ်၍ကြိုးစားကာအသက်ဘေးမှ ခက်ခက်ခဲ ခဲလွတ်မြောက်လာလျှင် အများသည် ဟာ ကံကောင်းလိုက်တာ အသက်မသေဘဲပြန်ထွက်လာနိုင်တာ တကယ်ကိုကံကောင်းထောက်မတာပဲဟု ပြောကြလိမ့်မယ်ဖြစ်သည်။ ဤတွင် ကျွတော်သည်"ကံ"ကြောင့်သူ့အသက်လွတ်မြောက်သည် ကံကောင်းလို့ဟုမသတ်မှတ်နိုင်ပေ။ သူကြိုးစားရှုန်းကန်မှု့ အားထုတ်မှု့ကိုသာ ကျွန်တော်မြင်မိပါသည်။ သူကြိုးစားရှုန်းကန်မှု့ ကိုအသိအမှတ်ပြုသင့်ပေသည်။ ထိုနည်းတူပင် လူချမ်းသာတစ်ဦးသည် အဆင့်မြင့်ပစ္စည်းများ အသုံးပြုကာ သွားလာလှုပ်ရှားနေသည်ကိုမြင် လျှင်ထိုသူကို ကံ ကောင်းလိုက်တာဟု မမြင်သင့် ပေ။ ထိုသူ၏ ကြိုးစားမှု အားထုတ်မှု့ များကိုသာ ချီးကျူးရင်း ထိုကဲ့သို့ ကြိုးစားမှု အားထုတ်မှုကိုသာ လေးစားအားကျအတုယူ ရမည်ဖြစ်သည်။ ကံ ကောင်းလိုက်တာဟု ပြောင်းပြန်မြင်ပြီး ငါလည်း သူတို့လိုကံကောင်း ချင်လိုက်တာဟုဆိုလျှင် ထိုကံကောင်းမှုသည် မည်သည့်အချိန်မှရောက်လာမည်မဟုတ်ပေ။ ထို့ကြောင့် အရာရာတိုင်းသည် ကံ ကြောင့်မဟုတ်ဘဲ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပေါ်လာသည်ဖြစ်ပြီး ထိုကြိုးစားအားထုတ်မှု့ ကိုကံဟုမမြင်ဘဲ အတုယူကာမိမိကိုယ်တိုင်ကြိုး စားအားထုတ်မှသာ ရရှိမည်ဖြစ်သည်။ ဥပမာ - ၅၁ သန်းသောလူထုထဲမှ တစ်ဦးသော ထီပေါက်သူသည် ကံ ကောင်းလို့ဖြစ်ပြီး ၅၁ သန်းသောလူထုထဲတွင် ချမ်းသာသူ ၁၀၀ ဦး ရှိခြင်းသည် "ကံ" ကောင်းမှု့ကြောင့်မဟုတ်ဘဲ ကြိုးစားအားထုတ်မှု့ကြောင့်ဖြစ်သည်။
ကံနှင့်ကြိုးစားအားထုတ်မှု့ကိုခွဲခြားသိမြင်နိုင်ကြ ပါစေ။
လေးစားစွာဖြင့်
Crd Sai Khant Myo

No comments