ယုန်နှင့်လိပ် ပုံပြင်အဆက်
ယုန်နှင့်လိပ် ပုံပြင်အဆက်
🐇🐇🐇🐢🐢🐢🐇🐇🐇🐢🐢🐢
ငယ်ငယ်ကတည်းက အာဗြဲအောင်ကျက်ခဲ့ဖူးသည့် ယုန်နှင့်လိပ် ပုံပြင်။ ပုံပြင်ဟုဆိုသော်လည်း ဗဟုသုတယူရန်လည်း ဖြစ်သည်။ ထိုပုံပြင်ထဲမှရသည့် သင်ခန်းစာမှာ အားလုံးသိကြသည့်အတိုင်း မိမိမှာမည်မျှပင် အသွားမြန်နေသော်လည်း ဇွဲလုံ့လ ဝီရိယနဲ့ ကြိုးစာအားထုတ်မှုမရှိက ပန်းတိုင်သို့မရောက် နိုင်ကြောင်းနှင့် မိမိမှာမည်မျှပင်အသွားနှေးပါစေ ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယရိပါက ပန်းတိုင်ကိုရောက်နိုင်ကြောင်းသာဖြစ်သည်။ ဤသည်မှာ ပထမပိုင်း သာဖြစ်သည်။
ဒုတိယပိုင်း
🐢🐢🐢🐇🐇🐇🐢🐢🐢🐇🐇🐇
ဤအကြိမ်တွင် ယုန်မှလိပ်အားပြန်လည်စိန်ခေါ် ကာ အပြေးပြိုင်ကြပြန်သည်။ ယုန်မှာ ပထမတစ်ကြိမ်ရရှိသည့်ကိုသင်ခန်းစာယူပြီးဖြစ် သည့်အတွက် ထိုအကြိမ်တွင်ယုန်သာပန်းတိုင် သို့ဦးစွာရောက်ရှိသည်။ ဤတွင် မည်မျှပင်အရှုံး ဖြင့်ရင်ဆိုင်ရသော်လည်း ရှုံးနိမ့်မှုမှသင်ခန်းစာ ယူပြီး မည်သည့်အချက်သည်မိမိရှုံးနိမ့်ရသည့် အကြောင်းဖြစ်သည်ကိုပြုပြင်က ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။
တတိယပိုင်း
🐇🐇🐇🐢🐢🐢🐇🐇🐇🐢🐢🐢
တစ်ဖန် လိပ်မှယုန်အားအပြေးပြိုင်ရန်ထပ်မံ စိန်ခေါ်ပြန်သည်။ ဤတစ်ကြိမ်တွင် လိပ်မှ မိမိရှုံးနိမ့်မှုကိုသင်ခန်းစာယူကာ မိမိအောင် မြင်နိုင်မည့်နည်းလမ်းကို ကြံဆကာ အရွှေယုန် ပြီးခဲ့သည့်ပြိုင်ပွဲများမှာ အသင်ကရွေးချယ်ခဲ့သည်ဖြစ်သည်။ ဤတစ်ကြိမ် တွင်အကျွန်ုပ်ရွေးချယ်မည်ဟု ဆိုကာ ပန်းတိုင်သတ်မှတ်ကြသည်။ ယှဉ်ပြိုင်သည့်ပန်းတိုင်မှာ ကုန်းလမ်းရေလမ်း ဖြစ်သည့်အတွက် ဤတစ်ကြိမ်တွင် လိပ်သာ အနိုင်ရရှိခဲ့သည်။ ဤတွင် မည်မျှပင်ရှုံးနိမ့်ပါစေ ယှဉ်ပြိုင်ရမည့်နည်းလမ်းနှင့် အောင်မြင်နိုင်မည့် နည်းလမ်းကိုတီထွင်ကြံဆတတ်မှသာ ပန်းတိုင် သို့ရောက်ရှိမည်ဖြစ်သည်။
ဇာတ်သိမ်းပိုင်း
👍🐢🐇🐢🐇🐢🐇🐢🐇🐢🐇👍
ဤသို့နှင့်တစ်ဦးတစ်လှည့်အနိုင်ရရှိခြင်းဖြင့် မနေဘဲ နှစ်ဦးစလုံးအနိုင်ရရှိရေးကိုဆွေးနွေး တိုင်ပင်ကြရာ ကုန်းလမ်းခရီးတွင် အသွားနှေး သူ ကိုရွှေလိပ်အား ယုန်မှခေါ်ဆောင်ပြီး ရေလမ်းခရီးတွင် မသွားနိုင်သူ ကိုရွှေယုန်အား လိပ်မှခေါ်ဆောင်ပေးကာ နှစ်ဦးစလုံးပန်းတိုင် ကိုအောင်မြင်စွာရောက်ရှိကြသည်။ ဤတွင် စ်ဦးတစ်ယောက်ချင်းစီအောင်မြင်ခြင်းထက် စုပေါင်းအဖွဲ့ဖြင့်လုပ်ဆောင်ခြင်းက ပိုမိုခရီး ရောက်ပြီး အခက်အခဲများကိုအတူရင်ဆိုင် ဖြတ်ကျော်ကာအောင်မြင်မူပန်းတိုင်ကို ပိုမိုလွယ်ကူရောက်ရှိနိုင်သည်။
မြန်မာနိုင်ငံတွင်နေရာတိုင်းအလိုလို အဖွဲ့အစည်း ဖြင့်ဆောင်ရွက်တတ်သည်များမှာ အင်မတန်မှ နည်းပါးသေးသည်။ အဖွဲ့အစည်းဖြင့်ပူးပေါင်း ဆောင်ရွက်တတ်မှသာ စစ်မှန်သောအောင်မြင်မှု မြန်ဆန်သောအောင်မြင်မှု ရရှိကာတိုင်းပြည် အလျင်မြန်ဆုံးတိုးတက်မည်ဖြစ်သည်။
(မှတ်မိသလောက်ကိုပြန်လည်ရေးသားသည်ဖြစ်သည့်အတွက် အမှားများပါရှိနိုင်ပါသည်။)
လေးစားစွာဖြင့်
Crd Sai Khant Myo

No comments