Breaking News

အားငယ်စိတ်ကိုဖျောက်ဆက်သာလျှောက်


အားငယ်စိတ်ကိုဖျောက်ဆက်သာလျှောက်
••••••••••••••••••••••••••••••••••••••••••

ဟိုးရှေးရှေးတုန်းက ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာကြတဲ့ ခေတ်ကပေါ့…

တနေ့,ပင်လယ်ထဲမှာ သင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။

ဒီအခါ ,သင်္ဘောကပ္ပတိန်က သင်္ဘောသား လူငယ်တဦးကို ရွက်တိုင်မကြီးပေါ် တက်ပြီး  မဖြစ်မနေ ဖြုတ်ရမဲ့ ရွက်ကြိုးတခုကို ဖြုတ်ခိုင်း တယ်။

လေက သိပ်ထန်နေပေမဲ့ သင်္ဘောသား လူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်တိုင်မကြီးပေါ်ရောက်အောင် တက်သွားပြီးရွက်ကြိုးကို ဖြုတ်လိုက်တယ်။
ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကို ငုံ့ကြည့်လိုက် တော့ သင်္ဘောတစင်းလုံးဟာ ဒေါသထန်နေတဲ့ လိုင်းလေတွေကြားမှာ ရပ်တည်ရာမရ လူးလိမ့် နေတာမြင်ရတယ်။

ဒါကို အပေါ်စီးကမြင်ရတော့ လူငယ်ဟာ ချက် ချင်းပဲ သတ္တိတွေ ခွန်အားတွေ ဆုတ်ယုတ်ပြီး ထိတ်ထိတ်လန့်လန့်နဲ့ မူးမိုက် မေ့မြောသလို ဖြစ်သွားတယ်။

ဒါနဲ့ သင်္ဘောကုန်းပတ်ပေါ်က
သူငယ်ချင်းဆီ လှမ်းပြီး…

" ဟေ့..... ငါတော့လိမ့်ကျတော့မယ်။
လုပ်ပါဦး" လို့ အော်ပြောတယ်။

ဒီအခါ ကုန်းပတ်ပေါ်က သူငယ်ချင်းက…

" အောက်ကို မကြည့်နဲ့ သူငယ်ချင်း ငုံ့ကြည့်
မနေနဲ့။ အပေါ်ကိုပဲကြည့်" လို့ တအားကုန်
လှမ်းအော်ပြီး သတိပေးတယ်။

သူ့ သူငယ်ချင်း သတိပေးတဲ့အတိုင်း သင်္ဘောသားလူငယ်ဟာ အပေါ်ကိုပဲ
ကြည့်ဖို့ မျက်နှာမူထားတယ်။

ဒီအခါမှာ အောက်က မူးဝေ ထိတ်လန့်စရာ မြင်ကွင်းတွေ မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်။ စိတ်ငြိမ်လာတယ်။ အားမာန်
သတ္တိတွေ ပြန်ဝင်လာတယ်။

ဒီတော့မှ သင်္ဘောသားလူငယ်ဟာ ရွက်တိုင်မ ကြီးပေါ်ကနေ သတိဝီရိယထား ဆင်းရင်း သင်္ဘောကုန်းပတ်ပေါ်ကို အောင်မြင်စွာပဲ ရောက်လာတယ်တဲ့။

ဒီလိုပါပဲ။ ကျွန်တော်တို့ဘဝမှာ အဆင်မပြေ တာတွေ ကျရှုံးတာတွေ မျှော်လင့်သလို ဖြစ်
မလာတာတွေကို တွေ့မြင်ကြုံတွေ့ရတဲ့အခါမှာ

ရှေ့ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ် ပါတယ်။ အားမာန်သတ္တိတွေ လျော့ကျသွား တတ်ပါတယ်။

" ငါတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျပါပြီ။ ရှုံးပါပြီ။ ဒီဘဝ ဒီမျှနဲ့ပဲ ပြီးပါပြီ " ဆိုတဲ့ အားလျော့မှုတွေ ဖြစ်တတ်ပါ တယ်။

ဒီလို အားလျော့စရာတွေကိုပဲ  ပြန်ကြည့်နေ ငုံ့ကြည့်နေရင်တော့ …

ပိုပိုပြီးအားလျော့မိ စိတ်ပျက်မိတာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။

ဒီတော့ ဘယ်လိုအဆင်မပြေတာတွေနဲ့ပဲ ကြုံနေပါစေ…

ဒါတွေကို ပြန်ပြန် ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့် ထားတဲ့ မြင့်မြင့်မားမား ချမှတ်ထားတဲ့ ပန်းတိုင် ဆီကိုပဲ မော့ကြည့်ပြီး ( အပေါ်ကိုပဲကြည့်ပြီး )

သတိဝီရိယ စွမ်းပကားနဲ့
လုပ်သင့်တာကို ဆက်လုပ်ဖို့ လိုမှာပါပဲ။

#credit

#နန္ဒာသိန်းဇ
ံ(#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း)

#via  ~  Ko Khaing Latt
Wai Yan Soe Myint

No comments