Breaking News

ဘယ်အပိုင်းမှာနေပါသလဲ ?


ဘယ်အပိုင်းမှာနေပါသလဲ ?
🎑🌅🌄🎑🌅🌄🎑🌅🌄🌃🎑🌅
ကျနော်မန်းလေးစရောက်တော့ အိမ်ဘေးက အသက် ၂၀ အရွယ်ညီငယ်လေးတစ်ယောက်ကို စသတိထားမိတယ်။ သူ့ကိုကြည့်ရတာ အမြဲပျော်နေတဲ့ပုံပဲ။ ပါးစပ်ကနေ ရပ်ဘာသီချင်းစာသားတွေကိုတရစပ်ရွတ်လိုက် သီချင်းဆိုလိုက် နဲ့ပဲ။ ကျနော်ကတွေးတာပေါ့ အင်းသူ့မှာပူပင်စရာမရှိ ငွေရှာဖို့မလို မိဘအိမ်နဲ့အတူနေတော့အင်းအဲလိုပဲပေါ့။ (ဒါပေမဲ့ ကျနော် ၂၀ ရွယ်တုန်းကအဲလိုမျိုး ပျော်မနေခဲ့ဘူး ဘယ်အလုပ်ကိုလုပ်ရမယ် ဘာလုပ်ရင်ငွေရမယ် ဒါမှ ငါ့နောင်ရေး အတွက်အဆင်ပြေမယ်။ နောင်ရေးတွေးပူပန်နေတော့ ပျော်ချိန်မရလိုက်ဘူး။ တကယ်လည်းအလုပ်ရ ပိုက်ဆံရှာနိုင်ပြန်တော့လည်း ဒီထက်ပိုရချင်တဲ့လောဘ ဒီထက်ပိုဖြစ်ချင်တဲ့စိတ်က ကိုယ်ကိုတိုင်ပဲလိုက်ကန့်သတ်နေတယ်။) ခုဏကညီလေး အကြောင်းပြန်သွားရအောင်။ သိပ်မကြာဘူး တစ်လလောက်နေတော့ မိန်းမခိုးလာတယ်ထင်ပါရဲ့။ စကားတွေများနဲ့ဆူညံသံတော့ ခဏကြားလိုက်တယ်။ အင်း ဒီညီလေးတော့ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမခိုးလာပြန်တယ်။( သတ္တိကလည်းကောင်းလိုက်တာ။ ကိုယ်တွေများတော့ရည်းစားတောင် မထားရဲသေးဘူး😝။  ရည်းစားထား ငွေ ကရှိမှ။ခုနေခါတော့ ကိုယ့်ပန်းတိုင်သာအဓိကပေါ့လေ။) မနက်လင်းရော ကြားနေကျ ရပ်ဘာရွတ်မြဲ သီချင်းဆိုမြဲပဲ ဘာမှတွေးပူတယ်မရှိဘူးထင်ပါတယ်။ ညနေဖက်တော့ သူ့မိန်းမနဲ့ခါးလေးဖက်မလို့ လမ်းလျှောက်ထွက်လို့ ရီလို့မောလို့ပဲ။(အားကျ💟)
ဒါနဲ့ပဲသေချာပြန်တွေးမိတယ်။ အင်း ဒီညီငယ် ရဲ့အကျင့်ကိုအတုယူရမယ်။ ဒီညီငယ်ဟာ နောက်ပိုင်း ရှေ့ပိုင်းမေ့ထားပြီး အလယ်ပိုင်း မှာနေလို့ပျော်ရွှင်နေရတာ။
(ထိုညီလေးမှာ အခြားရည်ရွယ်ချက်တော့ ရှိနိုင်ပါတယ်) အဲဒီတော့မှ
ငါဟာအလယ်ပိုင်းမှာမနေဘဲ နောက်ပိုင်း(အတိတ်)သွားလိုက် ရှေ့ပိုင်း(အနာဂတ်)သွားလိုက် ဖြစ်နေလို့ အပြည့်အဝပျော်ရွင်မူနဲ့ဝေးကွာ နေတာပဲဆိုပြီး အလယ်ပိုင်း(ပစ္စုပ္ပန်)မှာနေကြည့်ရ အောင်ဆိုတာနဲ့ ရတဲ့သီချင်းလေးကောက်ဆို မိလိုက်တယ်။ ရပ်ဘာတော့မရွတ်တတ်ဘူး(🎼🎼🎼 အလွမ်းနွေကိုစမ်းရေထဲမှာမျှောလိုက်ပြီ 🎼🎼🎼) အင်းစိတ်လေးတော့နဲနဲပေါ့ပါး လာတယ် စိတ်ဓာတ်တက်ကြွတဲ့သီချင်း နောက်တစ်ပုဒ်စဉ်းစားတော့ (🎻🎸🎺🎤လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက်အသက်ကိုတောင် စတေးကြတာပဲ 🎼🎼) အင်းနေရတာပျော် လာပြီ။ နောက်ပိုင်း ရှေ့ပိုင်းတွေ ကိုမေ့ထား လိုက်တယ်။ ဆက်ဆိုရင်ဘေးအိမ်နီးချင်းက ခဲနဲ့ထုတော့မယ် မဖြစ်ခြေသေးဘူး ဆိုပြီ စာပြန်ကျက်နေလိုက်တယ်။ ပြောချင်တာက အနာဂတ်အတွက်လူတိုင်းရည်မှန်းချက်တော့ထားရမယ် ဒါပေမဲ့ အဲဒီရည်မှန်းချက်ကို အမြဲ ခေါင်းထဲထည့်ထားနေရင် စိတ်ပင်ပန်းပါမယ်။ ရည်မှန်းချက်ထားပြီး ပစ္စုပ္ပန်မှာနေထိုင်ပြီး အကောင်းဆုံးလုပ်နိုင်ရပါမယ်။
အတုယူစရာဖြစ်တဲ့ ကျနော်တို့ရွာက အလယ်တည့်တည့်မှာနေတတ်တဲ့ မိန်းကလေးတစ်ယောင်အကြောင်းမျှဝေချင်ပါတယ်။သူမက အခြားတစ်နေရာမှာ အလုပ်လုပ်ငွေရှာရင်း သူမအိမ်ထောင်ကျပေမဲ့ ကံမကောင်းအကြောင်းမလှတော့ အိမ်ထောင်ပျက်ခဲ့ရတယ်။ ဒါပေမဲ့သူက ဖြစ်ပြီးတဲ့ အတိတ်ကိုမေ့ပြီး သူ့ကိုယ်သူ ဆံပင်တွေကို ဂတုံးတုံးပစ်ပြီး ငါဟာ အခုချိန်မှစလို့အပျိုပြန်ဖြစ်ပြီ။(ဘေးအမြင်တော့လှောင်ရီကြတာပေါ့) လူတော့ပြန်မပျိုပေမဲ့ စိတ်ကတော့အပျိုပြန်ဖြစ်သွားပါတယ်။ စိတ်ပျိုကိုယ်နု ဆိုတဲ့စကားပုံတောင်ရှိသေးတာပဲလေ။ တကယ်လည်းမကောင်းတဲ့အတိတ်ကိုလုံးဝ ပြန်မသွားတော့ အခုဆိုအိမ်ထောင်ထပ်ကျလို့ မိသားစုနဲ့ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းနေရပါပြီ။ အကယ်၍များ သူမဟာ အတိတ်မှာသာနေထိုင်ခဲ့ရင် နောက်ထပ်အိမ်ထောင်မကျသည့်အပြင် ကိုယ်စိတ်နှစ်ပါးချုံးချုံးချကာ ဘဝကိုအရှုံးပေးဖို့သာရှိတော့မည်ဖြစ်သည်။ သူမသည် အနာဂတ်မှာငါမိသားစုစုံလင်စွာနဲ့ပျော်ရွှင်ရမယ် ဆိုတဲ့ရည်မှန်းချက်ထားပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်လို့ ပျော်ရွှင်ခဲ့ရသည်။
ဒါကြောင့် ဖြစ်ပြီးခဲ့တဲ့ အတိတ်မှာ ကောင်းတာကိုယူ မကောင်းတာတွေ ထားခဲ့လိုက်ပါ။ အလယ်တည့်တည့်မှာ နေကြည့် လိုက်ပါ။ အခုပဲ အလယ်တည့်တည့်မှာနေပြီး ပျော်ရွှင်စွာနဲ့ အကောင်းဆုံးလုပ်ဆောင်ကြပါစို့။
🌷🌷🌷
Crd Sai Khant Myo

No comments